ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အလက်ဟန်ဒရို ဂါနာချို အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ကလပ် ၃ သင်းရဲ့ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ အာဂျင်တီးနား တောင်ပံ ကစားသမား အတွက် ယူနိုက်တက်က သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ စျေးလျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဂါနာချို ကတော့ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲဖို့ သေချာနေတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၅၈ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်းပြီး ၁၀ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် နည်းပြ ရူဘင် အမော်ရင်ရဲ့ မျက်နှာသာပေးခြင်းတော့ မခံခဲ့ရပါဘူး။ ဂါနာချိုက ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာ သူ့ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ဟခဲ့ရာ မှာတော့ နည်းပြ အမော်ရင်နဲ့ ကြားက ဆက်ဆံရေးတွေ ပိုမို တင်းမားခဲ့ရပါတယ်။ အဲဒီနောက် အမော်ရင်က ဂါနာချိုကို အသင်းမှာ အနာဂတ် မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး အသင်းသစ် ရှာဖွေဖို့ပါ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အစောပိုင်းက ဂါနာချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ နဲ့ ပေါင်သန်း ၇၀ ကြား လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို ဆိုးရွားတဲ့ အခြေအနေတွေနဲ့ သိမ်းခဲ့ရပြီးနောက် ဂါနာချိုရဲ့ တန်ဖိုး ကလည်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ The Telegraph ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ အာဂျင်တီးနား လက်ရွေးစင် အတွက် ပေါင် သန်း ၄၀ ရရှိရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ ဂါနာချိုကို ပရီးမီးယားလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနှင့် တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂါနာချိုကို စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဂျေမီ ဂစ်တန်စ်၊ ယာအို ပက်ဒရို၊ အီစတီဗာအို ဝီလျံနဲ့ ကန်ဒရီ ပေ့ဇ် တို့ကို ခေါ်ယူလိုက်တာကြောင့် ဂါနာချို အတွက် အနည်းငယ် နောက်ဆုတ်သွားတဲ့ သဘောမျိုး မြင်တွေ့နေရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ ဂါနာချိုရဲ့ အပြောင်းအရွှေ့ထဲကနေ ထွက်ခွာသွားခြင်း မရှိသေးပဲ အက်စတွန်ဗီလာ သို့မဟုတ် စပါး တို့နဲ့ အပြိုင် ကြိုးပမ်းဖွယ်လည်း ရှိနေပါသေးတယ်။ လောလောဆယ်တော့ ချဲလ်ဆီးက လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပါတယ်။
ဒါ့အပြင် ဂါနာချိုကို စီးရီးအေ ချန်ပီယံ နာပိုလီ အပါအဝင် တခြားသော ပြည်ပ ကလပ် အများစုက ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ် မှာပဲ ဆက်လက် ကစားလိုတာကြောင့် ဖြစ်နိုင်ခြေ နည်းတဲ့ အပြောင်းအရွှေ့ လမ်းကြောင်းတွေ အဖြစ် သတ်မှတ်လို့ ရပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ဂါနာချို အတွက် ကမ်းလှမ်းမှုတွေကို ချိန်ဆနေပြီး ကစားသမားဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပထမဆုံး ရာသီကြို ခြေစမ်းပွဲမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဂါနာချိုနဲ့ အတူ ဘာစီလိုနာနဲ့ Here We Go ထားတဲ့ ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ အန်တိုနီနဲ့ တိုရဲလ် မလာစီယာ တို့လည်း ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လွဲချော်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.