မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင် အသင်းရဲ့ ကစားသမား အားလုံး နီးပါးကို ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အမှောင်ဖုံးတဲ့ ဘောလုံး ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပြီးနောက် ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ ခက်ခဲသွားသလို အသင်းရဲ့ အဓိက ကစားသမားတွေ ကိုလည်း လက်လွှတ်ရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOS အုပ်စုဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို ပြန်လည် တည်ငြိမ်လာစေဖို့ အတွက် ကုန်ကျစရိတ်တွေ အကြီးအကျယ် လျော့ချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ INEOS ဟာ အစောပိုင်း ကတည်းက အသင်းရဲ့ ဘက်ဂျက်တွေကို နေရာစုံမှာ လျှော့ချနေခဲ့တာ ဖြစ်ပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည်း အဲဒီ အချိန်တုန်းက ကိစ္စ အရမ်းမကြီးပေမယ့် ဒီစီမံချက်ဟာ လက်ရှိမှာတော့ ပထမအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ ကိုပါ ရိုက်ခတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ပြည်တွင်း ပြိုင်ဘက် စပါးကို ရှုံးနိမ့်ခဲ့ပြီး အခွင့်အလမ်း များစွာ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်သာ ဗိုလ်စွဲခဲ့မယ် ဆိုရင် အဓိက ဆုဖလား တစ်လုံးနဲ့ အတူ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ပါ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ လက်မဲ့ ရာသီ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာပါ ဆိုးဆိုးရွားရွား ရပ်တည်နေခဲ့ပါတယ်။

ယူနိုက်တက် အနေနဲ့ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တာကြောင့် အပိုဝင်ငွေ ပေါင် သန်း ၁၀၀ အထိ ဆုံးရှုံးခဲ့ရသလို အသင်း ကလည်း ပေါင် ၁ ဘီလီယံ အကြွေးတင်နေကြောင်း သိရပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ ကစားသမား အများအပြားကို ထုတ်ရောင်းရမယ့် အခြေအနေ ဖြစ်နေကြောင်း သုံးသပ်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားပြီး အသင်း အနေနဲ့ ပြန်လည် တည်ဆောက်ဖို့ အတွက် ရန်ပုံငွေတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အကြီးအကဲတွေဟာ လာမယ့် နွေရာသီမှာ နည်းပြ ရူဘင် အမော်ရင် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အတွက် ဘက်ဂျက်တွေ ချပေးရဦးမှာ ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမားတိုင်းကို အပြောင်းအရွှေ့ စာရင်းတင်ထားတယ်ကြောင်း သိရပါတယ်။ ဒီအခြေအနေမှာ ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်၊ ကိုဘီ မိန်းနူး၊ ဟယ်ရီ မက်ဂွိုင်းယား၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ အန်ဒရေ အိုနာနာတိုလို ကစားသမားတွေကို ရောင်းထုတ်ဖွယ် ရှိနေပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဂျေဒန် ဆန်ချို တို့လို အငှားချထားတဲ့ ကစားသမားတွေ ကိုလည်း အပြီးသတ် ရောင်းချဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမား တချို့ ကိုလည်း ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
သတင်းတွေအရ ဆိုရင် ယူနိုက်တက်ရဲ့ ရှယ်ယာတန်ဖိုးဟာ ဒီရာသီမှာ ၆၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကွင်းတွင်း အောင်မြင်မှုတွေ လျော့ကျလာခြင်းကြောင့် ဖြစ်ပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ကစားခွင့်မရတဲ့ အခြေအနေ ကလည်း အသင်းရဲ့ ဝင်ငွေကို သိသိသာသာ ထိခိုက်စေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ INEOS အုပ်စုက အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို ထိန်းညှိနိုင်ဖို့ အတွက် အငြင်းပွားဖွယ် ကုန်ကျစရိတ် လျှော့ချမှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပြီး အနာဂတ်မှာ လည်း ဒီလို လုပ်ဆောင်မှုတွေ ပိုများလာနိုင်ခြေ ရှိနေတယ်လို့လည်း ဗြိတိန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.