နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကို ကို ပေါင် ၇၃.၇ သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူး နေရာ အတွက် ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူနိုင်ခဲ့ပြီး တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကို ပြောင်းရွှေ့ကြေး ယူရို ၇၆.၅ သန်း + အပိုဆုကြေး ယူရို ၈.၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆို မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်ပါ သဘောတူညီချက်အရ ယူနိုက်တက် အနေနဲ့ ၁ နှစ် သက်တမ်း ထပ်တိုးခွင့်လည်း ရှိကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဆက်စ်ကိုကို ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့က အပြိုင်ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေမှာ ဆက်စ်ကို ကတော့ မန်ချက်စတာယူနိုက်တက် ကိုသာ ရွေးချယ်ခဲ့ပြီး အခုဆိုရင် သရဲနီ တစ်ဦး ဖြစ်လာခဲ့ပါပြီ။

မန်ချက်စတာယူနိုက်တက် ကစားသမား တစ်ဦး အဖြစ် ပထမဦးဆုံး အင်တာဗျူးမှာ ဆက်စ်ကိုက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပရောဂျက်ကို ဆွေးနွေးတဲ့အခါ မှာတော့ ဒီအသင်းက ပိုမို တိုးတက်ပြီး မကြာခင်မှာ အကြီးမားဆုံး ဆုဖလားတွေကို ထပ်မံ ယှဉ်ပြိုင်နိုင်ဖို့ အတွက် အရာအားလုံး အသင့် ရှိနေတယ် ဆိုတာ ရှင်းလင်းပါတယ်။”

“ကျွန်တော် ရောက်ပြီးကတည်းက ကလပ်က အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ မိသားစု ပတ်ဝန်းကျင်ကို ဖန်တီးထားနိုင်တယ်လို့ ခံစားရတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ဖို့နဲ့ ရည်မှန်းချက်တွေ အားလုံးကို ဖြည့်ဆည်းဖို့ ပြီးပြည့်စုံတဲ့ နေရာ ဆိုတာ ထင်ရှားပါတယ်။” လို့ ဆက်စ်ကိုက ပြောကြားသွားခဲ့ပါတယ်။

ဆက်စ်ကို ကတော့ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း လိုက်ပ်ဇစ်မှာ ၈၇ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ အလျင်အမြန် အသားကျနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ်မှာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ၈၇ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းယူထားတဲ့ ဘင်ဂျာမင် ဆက်စ်ကို

ဆက်စ်ကို ကိုတော့ နယူးကာဆယ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောင်းရွှေ့ကြေးနဲ့ အပိုဆုကြေးတွေ အပါအဝင် ပေါင် သန်း ၇၀ (ယူရို သန်း ၈၀) အောက်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆက်စ်ကို ယူနိုက်တက်ကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ ရွေးချယ်ခဲ့တာကြောင့် ယူနိုက်တက် အနေနဲ့ ငှက်ကြားတွေနဲ့ အပြိုင်အဆိုင် မကြိုးပမ်းခဲ့ရပါဘူး။ 

ဒီလို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ မန်ချက်စတာယူနိုက်တက် ဘောလုံးဒါရိုက်တာ ဂျေဆန် ဝီလ်ကော့စ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဝီလ်ကော့စ်ရဲ့ အဆိုအရ အသင်းထံ ပြောင်းရွှေ့ချင်ခဲ့တဲ့ တိုက်စစ်မှူးရဲ့ ဆန္ဒပြင်းပြမှုကြောင့် ကလပ် တာဝန်ရှိသူတွေ အနေနဲ့ မခက်ခဲခဲ့ကြောင်း၊ တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် ကစားရသည် ဖြစ်စေ၊ မကစားရသည် ဖြစ်စေ အသင်းနဲ့ အတူ ကြိုးစား တည်ဆောက်လိုတဲ့ ကစားသမားတွေ ကိုသာ လိုချင်ကြောင်း ပြောကြားပါတယ်။

ဆက်လက်ပြီး ဝီလ်ကော့စ်က “ဘင်ဂျာမင်ဟာ ရှားပါးတဲ့ စွမ်းအင် အရှိန်အဟုန်နဲ့ ပြိုင်ဘက် နောက်ခံလူတွေကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည် ပိုင်ဆိုင်ထားပြီး ဒါက သူ့ကို ကမ္ဘာ့ဘောလုံးလောကရဲ့ အထူးခြားဆုံး လူငယ်ပါရမီရှင်တွေ ထဲက တစ်ဦး ဖြစ်လာစေခဲ့ပါတယ်။”

“ကျွန်တော်တို့ ဘင်ဂျာမင်ရဲ့ အသက်မွေးဝမ်းကြောင်း ပုံစံကို အနီးကပ် လေ့လာခဲ့ပြီး၊ ကျွန်တော် တို့ရဲ့ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုနဲ့ သုတေသန ပြုချက် အားလုံးက သူ့မှာ မန်ချက်စတာယူနိုက်တက်မှာ ရှင်သန်ဖို့ အတွက် လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ကိုယ်ရည်ကိုယ်သွေး ရှိကြောင်း ပြသနေခဲ့ပါတယ်။ ရူဘင် အမော်ရင်နဲ့ ကျွန်တော် တို့ရဲ့ အကောင်းဆုံး အစုအဖွဲ့ရဲ့ လမ်းညွှန်မှု အောက်မှာ ဘင်ဂျာမင် အနေနဲ့ ၎င်းရဲ့ ကမ္ဘာ့အဆင့်မှီ အလားအလာများ ရရှိဖို့ ပံ့ပိုးပေးဖို့ အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင် ရှိပါတယ်။” လို့ ဆိုပါတယ်။

ဆက်စ်ကို ကတော့ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း လိုက်ပ်ဇစ်မှာ ၈၇ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ အလျင်အမြန် အသားကျနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်