နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ကူညာကို ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ မှာကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီးတော့ လာမယ့် နွေမှာတော့ အရ ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းနိုင်တော့မှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ကူညာ ကတော့ ဝုဗ်မှာ ခြေစွမ်းပြနေတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ပေါင်း များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ဝုဗ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ရာသီကုန်ချိန်မှာ အသင်း ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားပါတယ်။ ကူညာဟာ ဒီရာသီမှာ ဝုဗ် အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားပြီးတော့ ၁၇ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။

ကူညာဟာ ဝုဗ်နဲ့ ၂၀၂၉ ခုနှစ် နွေရာသီ အထိ စာချုပ်သစ်ချုပ်ဆိုထားပေမယ့်လည်် စိတ်ကူးပြောင်းပြီး ထိပ်တန်း အဆင့် အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝုဗ် အနေနဲ့ ဒီကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် လျော်ကြေး ပေါင် ၆၂.၅ သန်း ပေးချေမယ် ဆိုရင် ရောင်းထုတ်သွားမှာ ဖြစ်ပြီးတော့ လက်တလော မှာတော့ မန်ချက်စတာယူနိုက်တက်က အဆိုပါ စာချုပ်လျော်ကြေး အတိုင်း ပေးချေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နားကို ရောက်ရှိနေပေမယ့်လည်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ကူညာ အပြင် တခြားသော တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူချင်နေသေးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ မားသီးယက်စ် ကူညာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ချဉ်းကပ်နေခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ရဲ့ လာမယ့် နွေရာသီ အတွက် ပထမဦးဆုံး ခေါ်ယူမှုက မားသီးယက်စ် ကူညာ ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ် ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း မားသီးယက်စ် ကူညာ အနေနဲ့ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ အသင်းဆီ ကိုသာ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ စပါး တို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရလဒ်ကို စောင့်ကြည့်ပြီးမှသာ အဖြေ ပြန်ပေးသွားဖွယ် ရှိကြောင်းလည်း ကောလာဟလတွေ ထွက်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကူညာကို ခေါ်ယူနိုင်ခဲ့ရင်တောင် စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုပါ ထပ်မံ ခေါ်ယူချင်နေသေးကြောင်း သိရပါတယ်။ နည်းပြ ရူဘင် အမော်ရင်က သူ စပို့တင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဖြစ်သူ ဆွီဒင် တိုက်စစ်မှူး အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နားကို ရောက်ရှိနေပေမယ့်လည်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်သာ မရရှိခဲ့ရင်တော့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ခက်ခဲသွားဖို့တော့ ရှိနေပါတယ်။

ယိုကီးရက်စ်ဟာ အစောပိုင်းမှာ ကတည်းက ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပြီး တစ်ခု ရှိတာက ဒီကစားသမား ကလည်း ကူညာလိုပဲ ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်းကို ပြောင်းရွှေ့ချင်တာကြောင့် စောင့်ကြည့်နေတဲ့ သဘောမှာ ရှိပါတယ်။ ယိုကီးရက်စ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ အာဆင်နယ် ကလည်း ခေါ်ယူနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်