နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နီကိုးလက်စ် ဂျက်ဆန်နဲ့ အက်စတူပီနန်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒီနွေရာသီမှာ မားသီးယက်စ် ကူညာ တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးတာကြောင့် ပရိသတ်တွေ ကတော့ စိတ်ပျက်စရာ အပြောင်းအရွှေ့ ကာလ တစ်ခုကို ဖြတ်သန်းနေရကြောင်း ဝေဖန်လျက် ရှိပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ လက်ရှိမှာ ကစားသမား တချို့နဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ဒီအချိန်မှာ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်း ကတော့ သရဲနီ ပရိသတ်တွေ အတွက် ကျိန်းသေပေါက် စိတ်ပျက်စရာ သတင်း ဖြစ်လာဖို့ ရှိနေပါတယ်။ တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားတဲ့ မန်ချက်စတာယူနိုက်တက်က ချဲလ်ဆီးက နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း The Times က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးဟာ လီယမ် ဒီလက်ပ်နဲ့ ယာအို ပက်ဒရိုတို့ ရောက်ရှိလာတာကြောင့် ချဲလ်ဆီးမှာ အနာဂတ် မတည်မငြိမ် ဖြစ်သွားခဲ့တာပါ။ 

ချဲလ်ဆီးဟာ အစောပိုင်းမှာ နီကိုးလက်စ် ဂျက်ဆန်ရဲ့ တန်ကြေးကို ပေါင် သန်း ၁၀၀ သတ်မှတ်ထားကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ အသင်း အတွက် ထိုက်သင့်သလောက် ခြေစွမ်းမပြနိုင်တဲ့ ဂျက်ဆန်ကို ဒီနွေရာသီမှာပဲ ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်ဟာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး အပါအဝင် ဂါနာချို၊ ရက်ရှ်ဖို့ဒ် တို့ကို ရှင်းထုတ်ချင်နေဆဲ ဖြစ်ပါတယ်။
နီကိုးလက်စ် ဂျက်ဆန်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

ဂျက်ဆန်ဟာ ၂၀၂၃ ဇူလိုင်မှာ ဗီလာရီးရဲလ် ကနေ ချဲလ်ဆီးကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျက်ဆန်ဟာ ပရီးမီးယားလိဂ် ကလပ်မှာ နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၈၁ ပွဲ ကစားကာ ဂိုး ၃၀ သွင်းပြီး ၁၂ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါပေမယ့်လည်း အသင်း ပရိသတ်တွေ ကတော့ နီကိုးလက်စ် ဂျက်ဆန်ရဲ့ အားရစရာ မရှိတဲ့ ဂိုးသွင်း အဆုံးသတ်မှု ပုံစံကို စိတ်ပျက်လျက် ရှိပြီး အသင်း ကနေ ရောင်းထုတ်ဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် မတိုင်ခင်မှာ ဂျက်ဆန်ကို ခေါ်ယူဖို့ အေစီမီလန်နဲ့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရူဘင် အမော်ရင်ရဲ့ အသင်းက ပရိသတ် သဘောမကျတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး သူတို့ လိုချင်တဲ့ ကစားသမားတွေကို မရရင်တော့ ဂျက်ဆန်ကို ကြိုးပမ်းလာဖွယ် ရှိပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ ဂျက်ဆန် အတွက် ချဲလ်ဆီး လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးချင်မှာ မဟုတ်တာကြောင့် ဒါက တော်တော်လေး ဖြစ်နိုင်ချေ နည်းတဲ့ အပြောင်းအရွှေ့လို့ သတ်မှတ်နိုင်ပါတယ်။

တစ်ဖက် မှာတော့ ယူနိုက်တက်က နီကိုးလက်စ် ဂျက်ဆန်ရဲ့ ဗီလာရီးရဲလ် အသင်းဖော်ဟောင်း ဖြစ်တဲ့ လက်ရှိ ဘရိုက်တန် ဘယ်နောက်ခံလူ ပါဗစ် အက်စတူပီနန် ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမား ကတော့ လက်ရှိ ဈေးကွက် တန်ကြေး ပေါင် သန်း ၃၀ ဝန်းကျင် ရှိနေပြီး ယူနိုက်တက် ဘက်က အမှန်တကယ် ကြိုးစားရင်တော့ ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မားသီးယက်စ် ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ဘရန့်ဖို့ဒ်က အမ်ဘူမို ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာတော့ ယူနိုက်တက်ဟာ အမ်ဘူမို အတွက် သဘောတူညီမှု ရရှိပြီလို့ ဖော်ပြေနေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ ပြီးခဲ့တဲ့ ရာသီက သွင်းဂိုးတွေ ရရှိဖို့ ခက်ခဲခဲ့တဲ့ ယူနိုက်တက် အနေနဲ့ ဂိုးရှေ့မှာ ပိုမို ထိရောက်စွာ ကစားနိုင်တဲ့ တိုက်စစ်မှူး လိုအပ်နေကြောင်းလည်း သုံးသပ်မှုတွေ ရှိထားပါတယ်။ တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်ဟာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး အပါအဝင် ဂါနာချို၊ ရက်ရှ်ဖို့ဒ် တို့ကို ရှင်းထုတ်ချင်နေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီကစားသမားတွေ ကိုသာ ရောင်းထုတ်နိုင်ရင်တော့ နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့ အဆင်ပြေသွားနိုင်မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်