နယူးကာဆယ် – မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ စနေနေ့ညရဲ့ နောက်အကျဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ မန်ချက်စတာစီးတီးတို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ နယူးကာဆယ်တို့ ပုံစံကောင်းရနေတဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဘယ်လို ပုံစံနဲ့ ရင်ဆိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးခဲ့ပြီး ဘရိုက်တန်၊ ဝက်စ်ဟမ်းနဲ့ ဘရန့်ဖို့ဒ် တို့လို အသင်းတွေကို အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ အက်ဒီဟောင်းဝ်ရဲ့ အသင်း ဒီရာသီ ခြေစွမ်းက မှန်းဆရခက်နေပြီး အားနည်းချက် များစွာလည်း ရှိနေပါတယ်။ နယူးကာဆယ်က ပွဲစဉ် ၁၁ ပြီးဆုံးချိန်အထိ ၃ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၅ ပွဲ ရှုံးပြီး ရမှတ် ၁၂ နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။ ငှက်ကြားတွေရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်လည်း ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။
ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ တဖြည်းဖြည်း ခြေစွမ်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းလာနိုင်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ အက်စတွန်ဗီလာ တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲအားလုံး မှာတော့ အနိုင်ရထားပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်သာ ကွာဟနေတဲ့ မန်စီးတီးတို့ တတ်နိုင်သမျှ ရမှတ် လျှော့ချနိုင်ဖို့ အမှားမခံစတမ်း ကစားလာပါလိမ့်မယ်။ တနည်းအားဖြင့် တစ်ဖက်မှာ အာဆင်နယ်တို့ စပါးနဲ့ တွေ့ဆုံနေမှုကို အခွင့်ကောင်းယူနိုင်ဖို့ မန်စီးတီးတို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ လစ်ဗရာမန်တို၊ ဒန်ဘန်း (ပွဲပယ်)၊ အိုဆူလာ၊ ယိုအာနေး ဝစ်ဆာ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
မန်စီးတီး ဘက်မှာတော့ ကိုဗာချစ်၊ ရိုဒရီတို့ ဒဏ်ရာ ကိုယ်စီနဲ့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ သီယော၊ ဘော့တ်မန်း၊ ဟောလ်၊ တိုနာလီ၊ ဂီမာရေးစ်၊ ဂျိုးလင်တန်၊ မာဖီ၊ ဝေါလ်တီမာဒီ၊ ဂေါ်ဒွန်
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဘာနာဒို၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၃၃ ကြိမ် တွေ့ဆုံမှုမှာတော့ နယူးကာဆယ်က ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး မန်စီးတီးက ၂၆ နိုင်ကာ ၄ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာလည်း မန်စီးတီးက ၄ ကြိမ်နိုင်ပြီး နယူးကာဆယ်က ၁ ကြိမ်သာ အနိုင်ရထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း မန်စီးတီးက ၃ ကြိမ်နိုင်ကာ၊ ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၃.၃၁ ဆ နီးပါး ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး နိုင်ရင်တော့ ၁.၉၉ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်က ခပ်ပါးပါး ကြေးဖွင့်ထားပြီး ဂိုးပေါင်းကြေး ကတော့ ၂.၅၀က စဖွင့်ပေးထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ် ပရိသတ်ရှေ့မှောက်မှာ ဆိုရင် နယူးကာဆယ်က ကွဲပြားတဲ့ သတ္တဝါ တစ်ကောင် ဖြစ်သွားပြီး မကြာသေးမီ ရက်သတ္တပတ်တွေ အတွင်း အိမ်ကွင်းမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ကောင်းတွေ ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေ အနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတဲ့ ဟာလန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်ဖို့ စိတ်အားထက်သန်နေပါတယ်။ မန်စီးတီး အနိုင်သေချာပြီးတော့ ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမှာပါ။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၁-၂ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


