ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ဒီရာသီအတွက်၁၇ပွဲမြောက်ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်နည်းပြရူဘင်အမော်ရင်အနေနဲ့ရာထူးကနေထုတ်ပယ်ခံရနိုင်ဖွယ်ရှိလာကြောင်းသိရပါတယ်။အကယ်၍ယူနိုက်တက်အနေနဲ့ဥရောပဆုဖလားရရှိခဲ့ရင်တောင်ပေါ်တူဂီသားနည်းပြအနေနဲ့ရာထုးကနေထုတ်ပယ်ခံရနိုင်ကြောင်းသတင်းတွေမှာဖောပ်ပြလျက်ရှိပါတယ်။
ဗင်နီးစီးယပ်စ်ဂျူနီယာကတော့၂၀၃၀ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုပြီးရင်တော့ရီးရဲလ်မက်ဒရစ်ရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာဖို့ရှိနေပါတယ်။ဘရာဇီးလ်သားအနေနဲ့အခွန်ဆောင်ပြီးတစ်နှစ်ကိုယူရိုသန်း၂၀ရရှိနိုင်ပြီးတစ်ပတ်လုပ်ခပေါင်၃၂၅၀၀၀နဲ့ညီမျှကြောင်းစပိန်သတင်းစာ AS ကဖော်ပြပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံလစ်ဗာပူးလ်ကတော့ဗဟိုခံစစ်နေရာအတွက်ကစားသမားတစ်ဦးရှာဖွေနေပြီးတော့ဘုန်းမောက်ကဒင်းန်ဟိုင်ဆန်ကိုတရားဝင်ကမ်းလှမ်းမှုသွားဖို့ရှိနေပါတယ်။လစ်ဗာပူးလ်ဟာအသင်းခေါင်းဆောင်ဗဟိုခံစစ်မှူးဗာဂျယ်ဗန်ဒိုက်ခ်ကိုမကြာသေးခင်ကမှသက်တမ်းတိုးကာကွမ်ဆာကိုရောင်းထုတ်ပြီးဟိုင်ဆန်ကိုပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာစီးတီးကတော့နယူးကာဆယ်ကွင်းလယ်လူဘရူနိုဂီမာရေးစ်ကိုခေါ်ယူဖို့အတွက်အဲလ်ဟီလာနဲ့အပြိုင်ကြိုးပမ်းရမှာဖြစ်ပါတယ်။ရီယာ့ဒ်အခြေစိုက်ကလပ်ဟာဘရာဇီးလ်သားကိုစံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း၁၄၀ (ပေါင်၁၁၈.၆သန်း) နဲ့ကမ်းလှမ်းဖို့ဆန္ဒရှိနေပါတယ်။

မန်စီးတီးကတော့စီးရီးအေရဲ့ခံစစ်ကြယ်ပွင့်နီကိုလိုဆာဗားနားကိုခေါ်ယူဖို့နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့တင်ဟမ်ဟော့စပါးကိုရှုံးနိမ့်ပြီးချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရင်ဘရူနိုဖာနန်ဒက်စ်ကိုပါဆုံးရှုံးရဖွယ်ရှိနေပါတယ်။ဆော်ဒီပရိုလိဂ်ကလပ်အဲလ်ဟီလာကအသက်၃၀အရွယ်ပေါ်တူဂီလက်ရွေးစင်ကစားသမားကိုတစ်နှစ်လုပ်ခယူရိုသန်း၇၀ (ပေါင်၅၉.၃သန်း) ပေးချေဖို့ဆန္ဒရှိနေပါတယ်။
ဖာနန်ဒက်စ်ဟာယူနိုက်တက်နဲ့စာချုပ်မှာယူရို၆၅သန်း (ပေါင်၅၅.၁သန်း) တန်ကြေးရှိတဲ့စာချုပ်ဖျက်သိမ်းကြေးရှိနေပြီးအဲလ်အာလီကလည်းဒီပမာဏကိုပေးချေပြီးခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။
တစ်ဖက်မှာလည်းယူနိုက်တက်ကဖာနန်ဒက်စ်ရဲ့နေရာကိုအစားထိုးဖို့ခြေလှမ်းစနေပြီးရူဘင်အမော်ရင်ရဲ့အသင်းဟာဒီနွေရာသီမှာနယူးကာဆယ်ကွင်းလယ်လူဆန်ဒရိုတိုနာလီကိုခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားကိုတော့စီးရီးအေထိပ်သီးဂျူဗင်တပ်စ်ကလည်းယူနိုက်တက်နဲ့အပြိုင်အဆိုင်ခေါ်ယူချင်နေပါတယ်။
အက်စတွန်ဗီလာကတော့သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်ယူရီတေးလီမန့်စ်ကိုဒီနွေရာသီမှာဆော်ဒီပရိုလိဂ်ဆီလက်လွှတ်ရဖွယ်ရှိနေပါတယ်။ဘယ်လ်ဂျီယံလက်ရွေးစင်ကိုတော့အဲလ်ဟီလာကယူရို၄၅သန်း (ပေါင်၃၈.၁သန်း) နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.