ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီဂိုးသမားဟာ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ဖလား ရရှိခဲ့သည့် တိုင်အောင် ပါရီ ကလပ်မှာ အနာဂတ် မသေချာသေးသူ ဖြစ်ပါတယ်။ ဒီအခြေအနေကို မန်စီးတီးက စောင့်ကြည့်နေပြီး ပီအက်စ်ဂျီ ဘက်ကတော့ စာချုပ် သက်တမ်းတိုးချင်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း ဒွန်နာရမ်းမားကို အန်ဒရေ အိုနာနာရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။
ဆက်လက်ပြီး CaughtOffside ရဲ့ ဖော်ပြချက် အရ မန်ချက်စတာယူနိုက်တက်ဟာ မားသီးယက်စ် ကူညာကို ခေါ်ယူပြီးနောက် တခြားသော တိုက်စစ်မှူး ၄ ဦးကို ထပ်မံ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဗစ်တာ အိုဆင်မ်ဟန်၊ ဂျွန်နသန် ဒေးဗစ်၊ ရန်ဒဲလ် ကိုလို မူအာနီနဲ့ ဂျင်းန် ဖီးလစ် မက်တေးတား တို့ကို အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
နာပိုလီ ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ ဦးဆောင်နေကြောင်း The Guardian က ဖော်ပြပါတယ်။ The Sun ကတော့ ဂါနာချိုက ပရီးမီးယားလိဂ်မှာ ဆက်နေချင်ကြောင်း ပြောကြားထားခဲ့ပြီး စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်နေဆဲ ဖြစ်ပါတယ်။
ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ် အသင်း နှစ်သင်းသာ ကျန်ရှိတော့တယ်လို့ CaughtOffside က ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာ ပြင်သစ် တိုက်စစ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီး ကတော့ အေစီမီလန်က တီဂျန်နီ ရီအင်ဒါနဲ့ လိုင်ယွန်က ရေယန် ချာကီ တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို ၂၀၂၄ ဘယ်လွန်ဒေါဆုရှင် ရိုဒရီကို စာချုပ်သစ် ကမ်းလှမ်းဖို့ စဉ်းစားနေကြောင်း The Express က ရေးသား ဖော်ပြခဲ့ပါတယ်။ ရိုဒရီ အနေနဲ့ ACL ဒဏ်ရာဆိုး မရရှိခင်က လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပစ်မှတ် ဖြစ်ခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ယူရိုပါလိဂ် ဖလားနဲ့ အတူ ၁၇ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား လက်မဲ့ ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် နည်းပြ အန်ဂျီ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ ပိုစတီကိုဂလူးဟာ စပါးကို ဥရောပ အောင်မြင်မှု ရယူပေးခဲ့ပေမယ့် ပြည်တွင်း ပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ် မှာတော့ အဆင့် ၁၇ နဲ့သာ ရာသီသိမ်းစေခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဘရိုက်တန်ရဲ့ ဘယ်နောက်ခံလူ ပါဗစ် အက်စတူပီနန်ကို စိတ်ဝင်စားနေကြောင်း ဘန်ဂျက်ကော့ဘ်က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ ဆိုရင်တော့ ယူနိုက်တက်ဟာ ဗီလာရီးရဲလ် ကြယ်ပွင့်ဟောင်း အတွက် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ကြောင်းလည်း သိရပါတယ်။
အန်သိုနီ ဂေါ်ဒွန် အနေနဲ့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့မယ် ဆိုရင် နယူးကာဆယ်က မန်စီးတီးရဲ့ အပယ်ခံ ဂျက် ဂရီးလစ်ရှ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိကြောင်း Football Insider က ဖော်ပြပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ ပပ် ဂွါဒီယိုလာရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့ပဲ အသင်း ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေသူပါ။ အက်စတွန်ဗီလာ ကတော့ ဒီနွေရာသီမှာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ် နေရာမှာ အစားထိုးဖို့ ကြိုးပမ်းမှုတွေ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဗီလာရဲ့ ပစ်မှတ် ဂိုးသမား စာရင်း ကိုတော့ ပေါင် သန်း ၄၀ တန် လိုင်လီ ဂိုးသမား လူးကပ်စ် ချီဗာလီယာက ဦးဆောင်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.