ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာ ကိုတော့ ပရီးမီးယားလိဂ် မြို့ခံပြိုင်ဘက် နှစ်သင်းက အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းရဖွယ် ရှိနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဂိုးသမားကို မန်ချက်စတာယူနိုက်တက်က အရင်ဦးဆုံး စိတ်ဝင်စားခဲ့ပေမယ့် မြိုခံ ပြိုင်ဘက် မန်ချက်စတာစီးတီး ကလည်း ယူနိုက်တက်ထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် ဒီအပြောင်းအရွှေ့က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာဖို့ ရှိနေပါတယ်။
မန်ချက်စတာစီးတီး အနေနဲ့ လက်ရှိအသင်းမှာ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိနေတော့တဲ့ ဂိုးသမား အီဒါဆန်ရဲ့ အနာဂတ်က မသေမချာ ဖြစ်နေသလို ဒုတိယ ဂိုးသမား စတီဖန် အော်တီဂါ ကလည်း အသင်း ကနေ ထွက်ခွာနိုင်ခြေ ရှိနေတာကြောင့် လာမယ့် အပြောင်းအရွှေ့မှာ ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူ အားဖြည့်ရဖို့ ရှိနေတာပါ။ မန်စီးတီးက ဒီယိုဂို ကော်စတာကို အသင်းရဲ့ နံပါတ် ၁ ဂိုးသမား အဖြစ် အသုံးပြုသွားဖို့ ပစ်မှတ်ထားနေပြီး အကယ်၍ ဂိုးသမား နှစ်ဦးစလုံးကို လက်လွှတ်လိုက် ရမယ် ဆိုရင်တော့ ကော်စတာ အပြင် နောက်ထပ် ဂိုးသမားသစ် တစ်ဦး ကိုပါ ထပ်မံ ရှာဖွေရဦးမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာ ယူနိုက်တက် ကလည်း အဓိက ဂိုးသမား အန်ဒရေ အိုနာနာရဲ့ ဟာသဆန်ဆန် ကာကွယ်မှုတွေနဲ့ စိတ်ပျက်စရာ လက်စွမ်းတွေကြောင့် ထိပ်တန်း ဂိုးသမား တစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယ ဂိုးသမား ဘာယင်ဒါက အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေသလို တွမ်ဟီတန် ကတော့ ရာသီအကုန်မှာ ကစားသမားဘဝ ကနေ အနားယူဖွယ် ရှိနေပါသေးတယ်။ ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက် ကလည်း ဒီနွေရာသီ ဈေးကွက်မှာ အနည်းဆုံး ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူရမှာ ဖြစ်ပါတယ်။

ဒီယိုဂို ကော်စတာ ကိုတော့ ပရီးမီးယားလိဂ် မြိုခံ နှစ်သင်းစလုံး လိုချင်နေကြပေမယ့် ယူနိုက်တက် ကတော့ ဒီဂိုးသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး အတိုင်း ပေးချေ ခေါ်ယူဖို့ ဆန္ဒမရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒီအချက်ကြောင့်ပဲ ကော်စတာကို ခေါ်ယူဖို့ မန်စီးတီးက နှာတစ်ဖျားသာနေပြီး ကစားသမား ဘက်က ကြည့်မယ် ဆိုရင်လည်း အသင်း နှစ်သင်းရဲ့ လက်ရှိ အခြေအနေ ကွာခြားချက်က အရေးပါနေပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ကော်စတာရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၄ သန်း လက်တွန့်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းမှာ အမှားအယွင်း များလွန်းနေတဲ့ ဂိုးသမား အန်ဒရေ အိုနာနာရဲ့ နေရာမှာ ကော်စတာကို အစားထိုးချင်ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရတော့ ဒီဂိုးသမားကို ခေါ်ယူဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဆာ ဂျင်မ် ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ဝန်ထမ်းတွေ လျှော့ချတာ အပြင် ဝန်ထမ်းတွေရဲ့ နေ့လည်စာနဲ့ ခံစားခွင့်တွေ ကိုပါ ဖြတ်တောက်နေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက်က အသင်းရဲ့ ကုန်ကျစရိတ်တွေကို သိသိသာသာ လျှော့ချဖို့ ရှိနေပြီး တစ်ဖက်မှာ ကုန်ကျစရိတ် မြင့်မားတဲ့ ကွင်းသစ် စီမံကိန်း ကလည်း ရှိနေသေးတာကြောင့် ပြောင်းရွှေ့ကြေး မြင့်မားတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လက်တွန့်နေတာ ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး ကတော့ ငွေကြေး အင်အားတောင့်တင်းတာကြောင့် လာမယ့် ရာသီသစ် အတွက် အသင်းကို အဓိက ပြင်ဆင်မှုတွေ ပြလုပ်ဖို့ အဆင်သင့် ဖြစ်နေတာပါ။ မန်စီးတီးရဲ့ အစီအစဉ်သစ်မှာ ကော်စတာက တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ရှိနေပြီး ဒီဂိုးသမားကို ပရီးမီးယားလိဂ် ကလပ်က အရင်ကတည်းက စိတ်ဝင်စားခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.