ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လိုင်ယွန် ကွင်းလယ်လူ ကိုရန်တင် တိုလစ်ဆိုကို ဒီနွေရာသီမှာ မထင်မှတ်ပဲ ခေါ်ယူသွားနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် ကစားသမားဟောင်း တိုလစ်ဆိုဟာ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းမှာ ခြေစွမ်းပြခဲ့တာကြောင့် ယူနိုက်တက်က မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့ တစ်ခု ဖော်ဆောင်ဖို့ ရှိနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ပြင်သစ် လက်ရွေးစင်ဟောင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ယူနိုက်တက်နဲ့ အရင်ကလည်း သတင်းတွေ ထွက်ခဲ့ဖူးသူပါ။ သူကိုယ်တိုင် ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး တစ်ဖက် မှာလည်း ယူနိုက်တက်က အက်တလက်တီကိုမက်ဒရစ်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ ပြင်သစ် နာမည်ကျော် သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ တိုလစ်ဆိုရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ အတွက် တရားဝင် ဆက်သွယ်ထားပြီးပြီလို့တောင် သိရပါတယ်။
တိုလစ်ဆိုဟာ လိုင်ယွန်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လီဂူးဝမ်း ကလပ် အနေနဲ့ ငွေကြေး ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် အသင်းရဲ့ အဓိက ကစားသမားတွေကို ရောင်းထုတ် ရဖို့ ရှိနေတာပါ။ ဒီအခြေအနေကို အက်တလက်တီကိုမက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်က အခွင့်ကောင်းယူပြီးတော့ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လိုင်ယွန် အနေနဲ့ အသင်းရဲ့ လုပ်ခလစာကို ပေးချေရမှုကို လျှော့ချနိုင်ဖို့ လိုအပ်နေပြီး ဒီအပြောင်းအရွှေသာ အထမြောက်ခဲ့ရင်တော့ နှစ်ဦးနှစ်ဖက် အတွက် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ လိုင်ယွန်ဟာ တိုလစ်ဆိုကို အသင်းမှာ ဆက်ထားချင်ပေမယ့် မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင်တော့ ရောင်းချဖို့ စဉ်းစားနိုင်ပါတယ်။

တိုလစ်ဆို ကတော့ အစောပိုင်းမှာ လိုင်ယွန်မှာပဲ ဆက်နေဖို့ စီစဉ်ထားပေမယ့် အိုးထရက်ဖို့ဒ်ရဲ့ စိတ်ဝင်စားမှုကို လစ်လျူရှုဖို့ ခက်ခဲနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ သူဟာ ဆော်ဒီပရိုလိဂ်နဲ့ တူရကီ ထိပ်သီး ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ကိုလည်း ငြင်းဆန်ပယ်ချထားခဲ့ပြီး ဥရောပ ထိပ်တန်း ကလပ် ကိုသာ ပြောင်းရွှေ့နိုင်ခြေ ပိုများနေပါတယ်။
တိုလစ်ဆိုဟာ ပြီးခဲ့တဲ့ ရာသီက လိုင်ယွန်မှာ ၄၆ ပွဲ ကစားပြီး ၁၀ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးကာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ရာသီတွေထဲက တစ်ခု အဖြစ် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အခက်အခဲများစွာ ရှိခဲ့တဲ့ လိုင်ယွန် အတွက်လည်း သိသိသာသာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုလစ်ဆိုဟာ အသင်းကို ယူရိုပါလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ အင်တာမိုင်ယာမီထံ ပြောင်းရွှေ့ဖို့ များနေတဲ့ ရိုဒရီဂို ဒီပေါလ် နေရာမှာ အစားထိုးဖို့ အတွေ့အကြုံရှိ ကွင်းလယ်လူ တစ်ဦး ရှာဖွေနေတာ ဖြစ်ပြီး တိုလစ်ဆိုကို မျက်စိကျနေတာပါ။ ယူနိုက်တက် ကတော့ ခရစ္စတီယန် အဲရစ်ခ်ဆင် ထွက်ခွာသွားခဲ့ အပြီးမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အတွေ့အကြုံနဲ့ ခေါင်းဆောင်မှု အရည်အသွေး ပြည့်ဝတဲ့ ကစားသမား တစ်ဦးနဲ့ ပြန်လည် အစားထိုးချင်နေတာ ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကလည်း ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ကြောင်း လက်ခံထားပြီး အင်အား ဖြည့်တင်းပေးဖို့ တောင်းဆိုထားပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မားသီးယက်စ် ကူညာ တစ်ဦးတည်း ကိုသာ ခေါ်ယူထားရသေးပြီးတော့ တခြားသော ကစားသမားတွေ ကိုတော့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်နိုင်ခြင်း မရှိသေးသလို ကစားသမားသစ် ခေါ်ယူမှုတွေ အတွက် လုပ်ဆောင်ရာမှာလည်း ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.