နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်လား။ စပါးလား။ လားရာ မသဲကွဲသေးတဲ့ ဘရိုင်ယန် အမ်ဘူမို | ပရီးမီးယားလိဂ်

ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းပြ တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမို ကိုတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အပြိုင်လုနေကြတာ ဖြစ်ပါတယ်။ ဒီကစားသမားကို မန်ချက်စတာယူနိုက်တက်က အရင်ဆုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်သလို ကစားသမား ကိုယ်တိုင် ကလည်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှု ပုံစံကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအခြေအနေကို စပါး ကလည်း အနီးကပ် စောင့်ကြည့်နေပြီး အခွင့်အရေး ရရင် ရသလို ကင်မရွန်း လက်ရွေးစင်ကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အမ်ဘူမိုကို ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းမှာ ကနဦး ကမ်းလှမ်းမှု အဖြစ် ပေါင် ၄၅ သန်း+အပိုဆုကြေး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ရာသီက ဂိုး ၂ဝ အထိ သွင်းယူပြီး သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေလည်း များပြားနေခဲ့တာပါ။

သတင်းတွေအရ ဆိုရင်တော့ အမ်ဘူမိုဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ပိုမို ဆန္ဒရှိနေပေမယ့်လည်း စပါးကို ပြောင်းရွှေ့ဖို့ ကိုလည်း စဉ်းစားနေဆဲလို့ သိရပါတယ်။ နောက်ရာသီ စပါးကို ကိုင်တွယ်မယ့် သောမက်စ် ဖရန့်ခ်ဟာ တပည့်ဟောင်း အမ်ဘူမိုကို ခေါ်ယူချင်နေပြီး စပါးဟာ ဒီအားသာချက်ကို အသုံးချသွားချင်နေပါတယ်။ သောမတ်စ် ဖရန့်ခ်ဟာ ၂၀၁၉ ခုနှစ်မှာ အမ်ဘူမိုကို အင်္ဂလန်မြေဆီ ခေါ်ယူခဲ့သူ ဖြစ်ပြီးတော့ အမ်ဘူမို ကလည်း ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာခဲ့တဲ့ ဘရန်ဖို့ဒ်ရဲ့ ခရီးစဉ် တစ်လျှောက်လုံးမှာ အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ အကယ်၍ စပါးက အမ်ဘူမိုကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင်တော့ ဘုန်းမောက်က အန်တိုနီ ဆီမီညိုကို ခေါ်ယူဖို့ လျာထားစာရင်းမှာ ထည့်ထားပါတယ်။ 

ဒီတောင်းဆိုချက်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် အမ်ဘူမိုကို ခေါ်ယူရေး အဓိက အဟန့်အတား ဖြစ်နေတယ်လို့ သိရပါတယ်။
အမ်ဘူမို အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းဖို့ ရှိနေတဲ့ ယူနိုက်တက်

သတင်းတွေအရ ဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရက်ပိုင်း အတွင်း အမ်ဘူမို အတွက် ကမ်းလှမ်းမှု အသစ် ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ အတွက် ကစားသမား ခေါ်ယူမှုတွေမှာ ပြောင်းရွှေ့ကြေးကို အရစ်ကျခွဲပြီး ပေးချေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဘရန်ဖို့ဒ် ဘက်ကတော့ ပြောင်းရွှေ့ကြေးကို နှစ်ရှည် အရစ်ကျ ပုံစံမျိုးနဲ့ မဟုတ်ပဲ ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်း အများစုကို တစ်ခါထဲ အရင်ဆုံး ပေးချေဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် အမ်ဘူမိုကို ခေါ်ယူရေး အဓိက အဟန့်အတား ဖြစ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဒီနွေရာသီရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဝုဗ်က ဘရာဇီးလ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ အဲဒီ အပြောင်းအရွှေ့ မှာလည်း ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေးကို ၅ နှစ် အရစ်ကျ ခွဲပေးချေချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ ယူနိုက်တက်ဟာ ဝုဗ်ရဲ့ တောင်းဆိုမှု အတိုင်း နှစ်ရာသီ အတွင်း ၃ ကြိမ် အရစ်ကျခွဲပေးဖို့ သဘောတူခဲ့ရပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘရန်ဖို့ဒ် ကလည်း သူတို့ရဲ့ ကစားသမားကို ကူညာရဲ့ ပြောင်းရွှေ့ကြေးနဲ့ အနီးစပ်ဆုံး တန်ဖိုးကို လိုချင်သွားခဲ့တာ ဖြစ်ပါတယ်။

သေချာတာ ကတော့ မန်ချက်စတာယူနိုက်တက်ဟာ အသင်းမှာ ရှိတဲ့ အဓိက ကစားသမား တချို့ကို မကြာခင်မှာ ရောင်းထုတ်သွားဖို့ ရှိပြီးတော့ အမ်ဘူမိုကို အရ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။ ယူနိုက်တက်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တာကြောင့် တောင်ပံ ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ဟွိုက်ဂျ်လန်းနဲ့ ဇီယက်ခ်ဇီးတို့ ထွက်ခွာခဲ့ရင်လည်း တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အား ဖြည့်တင်းရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်