နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလီဆွန် ဘက်ကာနဲ့ ယှဉ်ပြိုင်ဖို့ အဆင့်သင့် ဖြစ်နေပြီ ဆိုတဲ့ မာမာဒက်ရှ်ဗီလီ | ပရီးမီးယားလိဂ်

လစ်ဗာပူး ဂိုးသမားသစ် ဂျော်ဂျီ မာမာဒက်ရှ်ဗီလီ ကတော နံပါတ် ၁ ဂိုးသမား နေရာ အတွက် အလီဆွန် ဘက်ကာနဲ့ ယှဉ်ပြိုင်ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ မာမာဒက်ရှ်ဗီလီ ကတော့ ပြီးခဲ့တဲ့ ရာသီ ကတည်းက ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ လစ်ဗာပူးလ်နဲ့ တရားဝင် လာရောက် ပူးပေါင်းခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဂျော်ဂျီယာ လက်ရွေးစင်ဟာ လစ်ဗာပူးလ်ရဲ့ ပထမဦးဆုံးသော နွေရာသီ ခြေစမ်းပွဲ ဖြစ်တဲ့ ပရက်စ်တန်နော့သ်အန်းနဲ့ ပွဲမှာလည်း ၄၅ မိနစ်ကြာ ပွဲထွက် ကစားခွင့်ရရှိထားခဲ့ပါတယ်။ ဗလင်စီယာမှာ နှစ်နှစ်ခွဲကြာ ကာလအတွင်း ပွဲပေါင်း ၁၂၈ ပွဲ ကစားကာ လက်စွမ်းပြခဲ့တဲ့ မာမာဒက်ရှ်ဗီလီ အနေနဲ့ လစ်ဗာပူးလ် မှာတော့ လုံးဝ ကွဲပြားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဓိက ကတော့ ဂျော်ဂျီယာသားဟာ လက်ရှိ ဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး ဖြစ်တဲ့ အလီဆွန် ဘက်ကာနဲ့ ပွဲထွက်ခွင့် အတွက် ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာမာဒက်ရှ်ဗီလီ ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ နေရာ တစ်နေရာ ရရှိဖို့ ကြိုးပမ်းသွားမှာ ဖြစ်တဲ့ အပြင် အလီဆွန် ဆီကနေ သင်ယူခွင့်ရမှာကို အခွင့်အရေးတစ်ခု အဖြစ် ရှုမြင်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ “အလီဆွန် အကြောင်း ကျွန်တော် ပြောနိုင်တာ ကတော့ သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက် ဖြစ်ပြီး သူနဲ့ အတူ ရှိရတာ အရမ်းပဲ ပျော်ပါတယ်။ သူနဲ့ အလုပ်စလုပ်ပြီး သူ့ဆီကနေ သင်ယူဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မာမာဒက်ရှ်ဗီလီ ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ နေရာ တစ်နေရာ ရရှိဖို့ ကြိုးပမ်းသွားမှာ ဖြစ်တဲ့ အပြင် အလီဆွန် ဆီကနေ သင်ယူခွင့်ရမှာကို အခွင့်အရေးတစ်ခု အဖြစ် ရှုမြင်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
အလီဆွန်ရဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် ပွဲထွက်ခွင့် အခွင့်အရေး ပိုရဖို့ ရှိနေတဲ့ မာမာဒက်ရှ်ဗီလီ

ဆက်လက်ပြီးတော့လည်း “ဒါက စိန်ခေါ်မှု တစ်ခုပါ။ ကျွန်တော် ကတော့ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး အသင်းကို အကောင်းဆုံး ကူညီပေးဖို့ ဒီကို ရောက်လာတာပါ။ လစ်ဗာပူးလ်မှာ ကြီးမားတဲ့ ဂိုးသမား အမွေအနှစ် တစ်ခု ရှိပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အခန်း ကဏ္ဉကို ပုံဖော်ချင်ပါတယ်။” လို့လည်း မာမာဒက်ရှ်ဗီလီက ပြောကြားသွားခဲ့ပါသေးတယ်။

အလီဆွန် ကတော့ အငြင်းပွားဖွယ် မရှိတဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီတွေက သူရရှိခဲ့တဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် မာမာဒက်ရှ်ဗီလီ အနေနဲ့ အခွင့်အရေး များစွာ ရှိလိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ လက်ရှိ လစ်ဗာပူးလ်ရဲ့ ဂိုးသမား စာရင်း ကနေ ကာအိုမင် ခယ်လာဟာ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် မာမာဒက်ရှ်ဗီလီ အနေနဲ့ အလီဆွန်နဲ့ တန်းတူနီးပါး ပွဲထွက်ခွင့် ရရှိနိုင်ခြေ ရှိနေပါတယ်။ အလီဆွန်ဟာ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃၅ ပွဲ ပွဲထွက်ခွင့် ရခဲ့ပြီးတော့ ဒုတိယ ဂိုးသမား ဖြစ်တဲ့ ခယ်လာဟာ ကတော့ ၂၅ ပွဲ ကစားခွင့် ရခဲ့ပါတယ်။

ဗလင်စီယာနဲ့ အတူ ထွန်းတောက်လာတဲ့ မာမာဒက်ရှ်ဗီလီဟာ ယူရို ၂၀၂၄ မှာ ဂျော်ဂျီယာ အတွက် ပါဝင် ကစားခွင့်ရခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်းကို ရှုံးထွက်အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မာမာဒက်ရှ်ဗီလီက ၂၀၂၄ ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ယာရှင်ဆု အတွက်လည်း ဆန်ကာတင် စာရင်းဝင်ခဲ့ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်