နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်နဲ့ ကောလာဟလတွေ အပေါ် တုန့်ပြန်သွားတဲ့ မက် အယ်လစ္စတာ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာ ကိုတော့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ တောက်လျောက် ထွက်ပေါ်နေတာပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ရဲ့ ကစားသမား ကတော့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သတ်ပြီး သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။

သတင်းထောက် ဂတ်စတွန် အက်ဒူးလ်နဲ့ အင်တာဗျူးမှာ မက် အယ်လစ္စတာက သူ့ ပတ်ဝန်းကျင်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို သိရှိပေမယ့် လစ်ဗာပူးလ်နဲ့ အတူ သူ့ရဲ့ ကတိကဝတ်တွေ အပေါ်မှာသာ အာရုံစိုက်ထားကြောင်း ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ မက် အယ်လစ္စတာက “ကောလာဟလတွေကို ကျွန်တော် ဖတ်မိပါတယ်။ သတင်းတွေလည်း ကျွန်တော့်ဆီ ဆက်တိုက် ရောက်လာပါတယ်။ ဒါပေမယ့် အရေးကြီးတာက လက်ရှိ ပဉ္စုပ္ပန်ပါပဲ။ ဒီကလပ်က ကျွန်တော့်ကို ဘယ်လောက်ပဲ စိတ်ဝင်စားနေပါစေ။ လာမယ့် ပိတ်ရက်မှာ ကျွန်တော် ခြေစွမ်းမပြနိုင်ဘူး ဆိုရင် သူတိုရဲ့ စိတ်ဝင်စားမှု လျော့ကျသွားပါလိမ့်မယ်။” လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ ဘရိုက်တန် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင် ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် အဖြစ် အမြဲတမ်းလိုလို သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း မက် အယ်လစ္စတာဟာ ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား စာရင်းမှာ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ကျော်ဖြတ်ပြီး အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရကြောင်း သတင်းတွေက ဖော်ပြနေပြန်တာပါ။ ဒါပေမယ့် အခုလို ကောလာဟလတွေ အပေါ် မက် အယ်လစ္စတာကကို မေးမြန်းရာမှာတော့ တည်တည်ငြိမ်ငြိမ်ပဲ တုံပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မက် အယ်လစ္စတာဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အတွက် ၉၂ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူထားပြီးတော့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လိုခြင်း မရှိတဲ့ မက် အယ်လစ္စတာ

မက် အယ်လစ္စတာ ဘက်ကနေ အပြောင်းအရွှေ့ ကောလာဟလတွေနဲ့ ပတ်သတ်ပြီး တုံပြန် ပြောဆိုတာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာတုန်း ကလည်း ကစားသမားရဲ့ ဖခင်ဖြစ်သူ ကားလို့စ် မက် အယ်လစ္စတာက သူ့သားဟာ လစ်ဗာပူးလ် ကနေ စောစောစီးစီး ထွက်ခွာဖို့ အစီအစဉ် မရှိဘဲ ၂ဝ၂၈ ခု နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ် ပြည့်တဲ့ အချိန်ထိ အန်ဖီးလ်မှာ နေသွားဖို့ ရည်ရွယ်ထားကြောင်း ရှင်းလင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် မက် အယ်လစ္စတာက ဖခင် ဖြစ်သူရဲ့ စကားကို အပြည့်အဝ ထောက်ခံခဲ့ပြီး သူ ပရီးမီးယားလိဂ် ကလပ်မှာ အဆင်ပြေနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ အနေနဲ့ ဘာမှထပ်ပြီး မလိုအပ်ကြောင်း ကလပ် အပေါ်မှာ လေးစားမှု အများကြီး ထားပြီး တခြား ကလပ်တွေ အကြောင်း ပြောဖို့လည်း မလိုအပ်ကြောင်း ဆိုခဲ့ဖူးပါတယ်။

မက် အယ်လစ္စတာဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အတွက် ၉၂ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူထားပြီးတော့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားပါတယ်။ အာဂျင်တီးနားသားဟာ ဒီရာသီမှာလည်း လစ်ဗာပူးလ် အတွက် ပွဲပေါင်း ၄၆ ပွဲ ပါဝင်ကစားထားပါတယ်။နောက်ဆုံး မှာတော့ မက် အလစ္စတာက အင်္ဂလန်မှာ အသားကျအောင် ကြိုးစားခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံနဲ့ ပရိသတ်တွေ၊ အသင်းဖော်တွေ ဆီက ရရှိတဲ့ အားပေးမှုတွေ အကြောင်း ကိုလည်း အခုလိုပဲ ရှင်းပြခဲ့ပါသေးတယ်။ “ကျွန်တော် အိမ်နဲ့ နည်းနည်း အလှမ်းဝေးနေတော့ ပရိသတ် တချို့က လေးလေးစားစားနဲ့ နှုတ်ဆက်ကြပါတယ်။ ဒါပေမယ့် မြိုထဲမှာတော့ သူတို့က ပိုပြီးတော့ အားတက်သရော ရှိကြတယ်။ ကလပ်က မိသားစုလိုပါပဲ။ စကားတစ်ခွန်းတည်းနဲ့ အားလုံးကို အနှစ်ချုပ်ပြနိုင်ပါ တယ်။ ‘You Will Never Walk Alone’ ဆိုတာပါပဲ”လို့ မက် အယ်လစ္စတာက ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်