နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လ်ဂျီယံ နည်းပြ ရာထူး အတွက် အွန်နရီကို ထောက်ခံလိုက်တဲ့ လူကာကူ၊ ကလော့ပ်ရဲ့ အသင်း မဟုတ်ဘူး ဆိုတဲ့ ကာရေဂါ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဘယ်လ်ဂျီယံ နည်းပြ ရာထူး အတွက် အွန်နရီကို ထောက်ခံလိုက်တဲ့ လူကာကူ၊ ကလော့ပ်ရဲ့ အသင်း မဟုတ်ဘူး ဆိုတဲ့ ကာရေဂါ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အယ်လ်နာဆာကို ပြောင်းခဲ့ပေမယ့် ငှက်ကြား ဖြစ်နိုင်သေးတဲ့ ရော်နယ်ဒို

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အတွက် ဆော်ဒီနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာ အသင်း တို့ဟာ ၂၀၂၅ အထိ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဒီစာချူပ်ထဲမှာ အံသြဖွယ် ကောင်းတဲ့ အချက် တစ်ချက် ပါဝင်နေတာပါ။ ဒါကတော့ နယူးကာဆယ် အသင်းသာ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ် ဆိုရင် အငှားသွားရောက် ကစားနိုင်တဲ့ အချက် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ နယူးကာဆယ်ဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဆော်ဒီ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစုက ပိုင်ဆိုင်တာကြောင့် ဒီသတင်းဟာ ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။ နယူးကာဆယ်သာ ချန်ပီယံလိဂ် ဝင်ခွင့် ရပြီး ရော်နယ်ဒိုလည်း အမှန်တကယ် ပြောင်းခွင့် ရမယ် ဆိုရင် ကစားသမားရဲ့ ချန်ပီယံလိဂ် အိပ်မက်က ဆက်ပြီး ရှင်သန်နေမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားချင်လို့ နွေရာသီ ကတည်းက ယူနိုက်တက် ကနေ ထွက်ခွာခွင့် တောင်းခဲ့ပေမယ့် အသင်းဘက်က ခွင့်မပြုခဲ့တာကြောင့် ဆက်ရှိခဲ့တာပါ။ ဒါပေမယ့် ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူး အပြီး မှာတော့ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အသင်းကြီး တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဆော်ဒီ ကလပ် ကိုသာ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

 

အွန်နရီကို ဘယ်လ်ဂျီယံ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လူကာကူ ထောက်ခံ

လူကာကူက အာဆင်နယ် အသင်း ဂန္တဝင် ကစားသမား သီဟာရီ အွန်နရီကို ဘယ်လ်ဂျီယံ နည်းပြသစ် ဖြစ်စေချင်တယ်လို့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံ အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးပြီး အုပ်စုကနေ ထွက်ခဲ့ရကာ စိတ်ပျက်စရာ အခြေအနေကြောင့် နည်းပြဖြစ်သူ မာတီးနတ်ဇ် ကလည်း ရာထူးကနေ ထွက်ခွာခဲ့တာပါ။ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ဟာ လက်တလောမှာ နည်းပြသစ် ရှာဖွေနေပြီး လူကာကူ ကတော့ လက်ထောက် နည်းပြ လုပ်ခဲ့တဲ့ အွန်နရီကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

လူကာကူက “ကျွန်တော့် အတွက်တော့ အွန်နရီက လာမယ့် ဘယ်လ်ဂျီယံ အသင်း နည်းပြပါ။ ဒါကို လုံးဝ သံသယမရှိပါဘူး။ ကျွန်တော် ဒါကို ပွင့်ပွင့်လင်းလင်း ပြောတာပါ။ သူဟာ ကစားသမားတိုင်းရဲ့ လေးစားမှုကို ရခဲ့ပြီး အရာအားလုံးကို အနိုင်ယူခဲ့ပါတယ်။ သူဟာ အသင်းရော၊ လိဂ်ရော၊ ဝန်ထမ်းတွေ အားလုံးကို သိပါတယ်။ ကျွန်တော့် အတွက် ကတော့ သူဟာ ကျွန်တော် တို့ရဲ့ နည်းပြပါပဲ”လို့ ဆိုခဲ့ပါတယ်။

အွန်နရီဟာ ဘယ်လ်ဂျီယံ အသင်းရဲ့ လက်ထောက် နည်းပြ အဖြစ် ၂၀၁၆ ကနေ ၂၀၁၈ ထိ တစ်ကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် မိုနာကို၊ မွန်ထရီအင်ပတ် အသင်း တို့ကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့တာပါ။ အဲ့ဒီနောက် ၂၀၂၁ မှာ ဘယ်လ်ဂျီယံကို ပြန်ရောက်လာပြီး လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အွန်နရီဟာ ကစားသမား ဘဝမှာ အောင်မြင်မှု အများအပြား ရရှိခဲ့ပြီး ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

 

ဘရန်ဖိုဒ့်ကို အရေးနိမ့်ခဲ့တာက ကလော့ပ်ရဲ့ အသင်း မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ

လစ်ဗာပူးလ် ကစားသမားဟောင်း ကာရေဂါက ဘရန်ဖိုဒ့် အသင်းကို ၃-၁နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ကစားသွားတဲ့ အသင်းက ယာဂင် ကလောပ့် ကိုင်တွယ်နေတဲ့ အသင်း မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

လစ်ဗာပူးလ် ကစားသမားဟောင်း ကာရေဂါက ဘရန်ဖိုဒ့် အသင်းကို ၃-၁နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ကစားသွားတဲ့ အသင်းက ယာဂင် ကလောပ့် ကိုင်တွယ်နေတဲ့ အသင်း မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
အခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၅ ပွဲ အထိ ရှိလာခဲ့တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်ဟာ ဒီရှုံးပွဲကြောင့် အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ အမှတ်ကွာဟမှုကို မလျှော့ချနိုင်ခဲ့ဘဲ ၄ မှတ် အကွာနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။ ကာရေဂါက “ကလောပ့်ရဲ့ ခေတ်မှာ ဆိုရင် ကစားသမားတွေက သူတို့ရဲ့ အရည်အသွေးတွေကို မေ့ထားပြီး နေရာ အနှံကို ပြေးလွှားနေကြပါတယ်”

“အခု ဒါကို မမြင်တွေ့ရတော့ပါဘူး။ ဒါက ကလောပ့်ရဲ့ အသင်း မဟုတ်ပါဘူး။ ဘာကြောင့် အဆင်မပြေဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော် သိချင်ပါတယ်။ သူတို့မှာ နည်းစနစ်ပိုင်း ထူးချွန်တဲ့ ကစားသမားတွေ ရှိပေမယ့် သူတို့ဟာ ကလော့ပ်ရဲ့ ကစားသမားတွေနဲ့ကို မတူပါဘူး”

“သူတို့ဟာ ကွင်းလယ်ပိုင်းကို ပြန်လည် ပြင်ဆင်ဖို့ လိုပါပြီ။ သူတို့တွေဟာ ကလောပ့်ရဲ့ ကစားသမားတွေ မပါဘဲ ကလောပ့်ရဲ့ ပုံစံအတိုင်း ကစားဖို့ ကြိုးစားနေပုံရပါတယ်။ သူတို့တွေဟာ သာမန် အသင်း တစ်သင်း လိုပဲ ရှိနေကြတာပါ”

“ကျွန်တော်တို့ဟာ ဗန်ဒိုက်အကြောင်းကို ပြောကြပါတယ်။ သူဟာ အကောင်းဆုံး ဖြစ်မလာပါဘူး။ ဒါပေမယ့် သူဘယ်လောက်ပဲ ကောင်းကောင်း ကွင်းလယ် ဆီကနေတော့ ကာကွယ်မှုတွေ လိုပါတယ်။ အကာအကွယ် မရရင် သူလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်