ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ ရာသီကုန်မှာ ထွက်ခွာတော့မယ့် ထရန့် အလက်ဇန်းဒါး အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ရှိနေပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်ဟာ လေဗာကူဆင်က နယ်သာလန် ညာနောက်ခံလူ ဂျရမီ ဖရင်ပေါင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် လစ်ဗာပူးလ်က အသက်အရွယ် ရလာတာကြောင့် ခြေစွမ်း ကျဆင်းလာတဲ့ အန်ဒီ ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်း ခံစစ် အတွက်ပါ အင်အား ဖြည့်တင်းဖို့ အဆင်သင့် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဘယ်ခြမ်း ခံစစ် အတွက် ဘုန်းမောက် အတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ မီလော့စ် ကာကက်ဇ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။
ယုံကြည်လို့ရတဲ့ အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ လစ်ဗာပူးလ်ဟာ ကာကက်ဇ်ကို ခေါ်ယူဖို့ ဘုန်းမောက်နဲ့ ဆွေးနွေးမှုတွေတောင် စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ပြောင်းရွှေ့ကြေး ကိစ္စ အတွက်ပါ ဆွေးနွေးနေကြပြီ ဖြစ်ကြောင်း သိရပါတယ်။ ကစားသမားနဲ့ လစ်ဗာပူးလ် တို့အကြားမှာ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှုပါ ရရှိထားပြီး ဖြစ်ကြောင်းလည်း သိရပြီး ဖရင်ပေါင် ပြီးရင် ကာကက်ဇ်ကို ဆက်လက် ခေါ်ယူသွားဖို့ပါ ရှိနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ညာနောက်ခံလူ နေရာ အတွက် လေဗာကူဆင်ရဲ့ နယ်သာလန် လက်ရွေးစင် ဂျရမီ ဖရင်ပေါင်နဲ့ ဆေးစစ်မှုလည်း ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဖရင်ပေါင် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ကလပ်မှာ ကျောနံပါတ် ၃၀ ကို ဝတ်ဆင် ကစားသွားမှာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ငယ်မွေးခြံပေါက် ကစားသမား အာနိုးလ်ကို လက်လွှတ်လိုက်ရပြီးနောက်မှာ ချက်ခြင်းပဲ ဂျရမီ ဖရင်ပေါင်နဲ့ အလျင်အမြန် အစားထိုးနိုင်ခဲ့တာ ဖြစ်ပြီးတော့ ညာနောက်ခံလူ နေရာ အတွက်လည်း ခပ်သွက်သွက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ အန်ဒီ ရော်ဘတ်ဆန်နဲ့ ဆီမီကတ်စ်ရဲ့ နေရာမှာ ဘုန်းမောက်ရဲ့ ဟန်ဂေရီ ဘယ်နောက်ခံလူ ကာကက်ဇ်နဲ့ အစားထိုးနိုင်ဖို့ အခြေအနေ တော်တော်လေး ကောင်းမွန်နေပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် နောက်ရာသီ မှာလည်း ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတွက် အသင်းကို လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင် လစ်ဗာပူးလ်ဟာ ဘယ်/ညာ ခံစစ်ကို အင်အားဖြည့်တင်း ပြီးရင်တော့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်း အတွက် ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူသွားဦးမှာ ဖြ်ပါတယ်။ လောလောဆယ် မှာတော့ မနှစ်က ခေါ်ယူထားခဲ့တဲ့ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီ ကတော့ အသင်းနဲ့ စတင် ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ အသင်း ကနေ ထွက်ခွာတော့မယ့် ထရန့် အလက်ဇန္တား အာနိုးလ် အတွက် လေ့ကျင့်ရေးကွင်းမှာ နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလို ပြုလုပ်တာကို အသင်းရဲ့ ပရိသတ် တော်တော်များများက သဘောမကျ ဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ နောက်ဆုံး ပွဲစဉ် မေလ ၂၅ ရက်နေ့မှာ ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.