နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးဝစ္စ ဒီးယက်ဇ် အတွက် ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချလိုက်တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား လူးဝစ္စ ဒီးယက်ဇ် အတွက် ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ ကိုလံဘီယာ လက်ရွေးစင်ကို ပေါင် ၅၈.၆ သန်းနဲ့ လစ်ဗာပူးလ်ဆီ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ချက်ချင်းပဲ ငြင်းဆန် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဘေဘန်မြူးနစ်ဟာ လူးဝစ္စ ဒီးယက်ဇ်ကို အခုလအစောပိုင်း ကတည်းက စတင် ချဉ်းကပ်နေခဲ့တာ ဖြစ်ပြီးတော့ အဲဒီချိန်ကလည်း ပရီးမီးယားလိဂ် ကလပ်ဟာ ဒီးယက်ဇ်ကို ရောင်းထုတ်မှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒီးယက်ဇ် ကတော့ ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့လိုကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးတော့ လစ်ဗာပူးလ် တာဝန်ရှိသူတွေကိုလည်း ကိုယ်တိုင် တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ဒီးယက်ဇ်ကို မဖြစ်မနေ ရောင်းချရမယ် ဆိုရင် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် ၈၇ သန်း အထိ အလိုရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကိုလံဘီယာ တိုက်စစ် ကစားသမား ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် အတွက် အဓိက ကစားသမား အဖြစ် ခြေစွမ်းပြခဲ့ပြီးတော့ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ကစားရာမှာ ၁၇ ဂိုး အထိ သွင်းယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ပေါ်တူဂီ ကလပ် ပေါ်တို ကနေ လစ်ဗာပူးလ်ကို ကနဦး ပေါင် ၃၇.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အပိုဆုကြေးတွေနဲ့ ဆိုရင်တော့ မာဆေးလ်ဆိုက်ဒ် ကလပ်ဟာ ပေါင် သန်း ၅၀ အထိ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ ဒီးယက်ဇ်ဟာ လစ်ဗာပူးလ်မှာ ၃ ရာသီခွဲကြာ ကာလ အတွင်း စုစုပေါင်း ၁၄၈ ပွဲ ကစားခဲ့ပြီး ၄၁ ဂိုး သွင်းယူထားနိုင်ပါတယ်။

ဘေဘန်မြူးနစ်ဟာ လူးဝစ္စ ဒီးယက်ဇ်ကို အခုလအစောပိုင်း ကတည်းက စတင် ချဉ်းကပ်နေခဲ့တာ ဖြစ်ပြီးတော့ အဲဒီချိန်ကလည်း ပရီးမီးယားလိဂ် ကလပ်ဟာ ဒီးယက်ဇ်ကို ရောင်းထုတ်မှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့ဖူးပါတယ်။
ဒီးယက်ဇ်က ရောင်းချရန် မဟုတ်ကြောင်း ပြောကြားထားတဲ့ လစ်ဗာပူးလ်

လက်ရှိမှာ လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ ဘေယန်မြူးနစ် အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဒီးယက်ဇ်ကို ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာက တော်တော်လေး စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကတော့ ဥရောပမှာသာ ဆက်လက် ကျင်လည်လိုတာကြောင့် ချဉ်းကပ်မှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားကို လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကလည်း ခေါ်ယူချင်ခဲ့သေးပြီး ကစားသမားရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာကြောင့်သာ နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ လက်တလော နယူးကာဆယ်ရဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ပေါင် သန်း ၁၃၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ချိတ်ဆက်ထားပြီး ဖရန့်ဖတ်က ဟူဂို အစ်ကီတီကီ ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်ထားပါသေးတယ်။ အကယ်၍ ဒါဝင် နူညက်ဇ် အပြင် လူးဝစ္စ ဒီးယက်ဇ်သာ အန်ဖီးလ်ကို စွန့်ခွာဖြစ်မယ် ဆိုရင်တော့ လစ်ဗာပူးလ် အနေနဲ့ သူတို့ လိုချင်တဲ့ တိုက်စစ်မှူး တစ်ဦးဦးကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ 

လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၂၀ နီးပါး သုံးစွဲထားပြီး ဖြစ်ပေမယ့် ကစားသမားသစ်တွေ ထပ်မံ‌ ခေါ်ယူဖို့ စီစဉ်နေသလို အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကိုလည်း ရောင်းထုတ်သွားဦးမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ အသင်းကို အားရစရာ ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ အဆင်သင့် ရှိနေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်