အခုတစ်ခါမှာလည်း ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် လစ်ဗာပူးလ် ကတော့ တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ထံ ရောင်းချဖို့ ရည်ရွယ်ချက် မရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ပေါင် ၇၅ သန်း (ဒေါ်လာ ၁၀၁ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ရရှိရင်တော့ ဂက်ခ်ပို အပေါ် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားဖွယ် ရှိနေပါတယ်။
လေဗာကူဆင် နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ်ဟာ ဘရန့်ဖို့ဒ် ဂိုးသမား မာ့ခ် ဖလက်ကန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Sky Germany ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နယ်သာလန်သား ဂိုးသမားဟာ အရင်က ဖရိုင်းဘတ်နဲ့ အတူ ဘွန်ဒက်စ်လီဂါမှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဘောလုံးရာသီ မှာ ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဖလက်ကန်ဟာ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ် အတွက် Clean Sheet ၈ ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖလက်ကန်သာ အသင်း ပြောင်းရွှေ့ခဲ့ရင် ဘရန့်ဖို့ဒ်က လစ်ဗာပူးလ် အရန် ဂိုးသမား ကာအိုမင် ခယ်လာဟာနဲ့ အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။

ဘွန်ဒက်စ်လီဂါ ဘေယန်မြူးနစ် ကနေ အငှားနဲ့ ထွက်ကစားခဲ့တဲ့ မက်သီ တဲလ် ကတော့ ဒီနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးထံ အပြီးသတ် ပြောင်းရွှေ့နေလိုကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ စပါး ကတော့ တဲလ်ကို ပေါင် သန်း ၅၀နဲ့ ခေါ်ယူဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။
အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ရဲ့ ရေဒါမှာ ပါ၀င်နေတဲ့ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်က ပစ်မှတ်ထားနေဆဲ ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။ ဘေယန်မြူးနစ်ဟာ လေဗာကူဆင်က ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း လက်ခံခဲ့ပြီးနောက် အေစီမီလန်က ရာဖေးလ် လီယောင်နဲ့ နီကို ဝီလီယမ်စ်ကို တခြား ရွေးချယ်စရာတွေ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန် ကိုတော့ ဘွန်ဒက်စ်လီဂါနဲ့ တခြား ဥရောပ ထိပ်တန်း ကလပ်ကို ပြောင်းရွှေ့နိုင်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ တာစတီဂျန် ကတော့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် လက်စွမ်း ကျဆင်းနေတာကြောင့် ဘာစီလိုနာက တခြား ဂိုးသမား တစ်ဦးနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ် နောက်ခံလူ ကတ်စတယ်လို လု့ခ်ကီဘာ ကတော့ လစ်ဗာပူးလ်ရဲ့ ပစ်မှတ် အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ ဒီကစားသမားကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေပြီး ပြင်သစ်သား ကို ဘယ်လို ပုံစံနဲ့ ခေါ်ယူနိုင်မလဲ ဆိုတာ အဖြေရှာနေကြကြောင်း သိရပါတယ်။ ရီးရဲလ်ဆိုစီဒက် ကတော့ တာကာဖူဆာ ကူဘိုရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၆၀ (ပေါင် ၅၀.၄ သန်း) အပြည့် တောင်းဆိုသွားမယ်လို့ သိရပါတယ်။ El Diario Vasco ရဲ့ ဖော်ပြချက် အရ အကယ်၍ ကူဘိုကို ရောင်းချရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ထံ ပေးဆောင်ရဖို့ ရှိတာကြောင့် ဈေးလျှော့ပေးလိုခြင်း မရှိတာ ဖြစ်ပါတယ်။ ကူဘို ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.