ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အေစီမီလန် တောင်ပံ ကစားသမား ရာဖေးလ် လီယောင် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြလာပြန်ပါတယ်။ လစ်ဗာပူးလ်ဟာ လူးဝစ္စ ဒီးယက်ဇ်နဲ့ ကိုဒီ ဂက်ခ်ပို တို့ နှစ်ဦးစလုံး အနာဂတ် မသေချာ ဖြစ်နေတာကြောင့် ပေါ်တူဂီ လက်ရွေးစင် လီယောင်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ လီယောင် ကတော့ အစောပိုင်းမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်ကြောင်း သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။
Defensa Central ရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုက နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဟွိုက်ဂျ်လန်း ကိုတော့ စီးရီးအေ ထိပ်သီး အင်တာမီလန် ကလည်း အငှား+ အပြီးသတ်နဲ့ ခေါ်ယူချင်နေပါတယ်။
ဆိုင်မွန် ဖီးလစ်ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး ကတော့ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၅၀ နဲ့ ခေါ်ယူဖို့ ကစားသမားရဲ့ အေးဂျင့်တွေထံ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ စပိန် လက်ရွေးစင် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာ အတွက် သဘောတူညီမှု ရရှိဖို့တော့ ခက်ခဲဖွယ် ရှိနေပါတယ်။ GIVEMESPORT ကတော့ စပိန် လက်ရွေးစင်ကို အာဆင်နယ် ကလည်း အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ချဲလ်ဆီးနဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း ဖော်ပြပါတယ်။
ဂါလာတာဆာရေး ကတော့ လစ်ဗာပူးလ် ဂိုးသမား အလီဆွန် ဘက်ကာကို ဖြစ်နိုင်ချေ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ကတော့ သူ့ရဲ့ လုပ်ခလစာ တောင်းဆိုမှုတွေကို သိသိသာသာ လျှော့ချလိုက်ပေမယ့်လည်း ဂါလာတာဆာရေး ကတော့ လစ်ဗာပူးလ် တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး အတိုင်း ပေးချေဖို့တော့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ အင်တာမီလန် နောက်ခံလူ ယန်း ဘစ်ဆက်ခ်ကို ယူရို သန်း ၄၀ (ပေါင် ၃၃.၈ သန်း) နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း InterLive က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေပဲ ဖြစ်တဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ကလည်း အသက် ၂၄ နှစ် အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အဲလ်ဟီလာနဲ့ အေစီမီလန်တို့ အကြား သဘောတူညီမှုရခဲ့ပေမယ့်လည်း ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။ Calciomercatoရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်မှာ ပြင်သစ် လက်ရွေးစင်ကို အက်တလက်တီကို မက်ဒရစ်နဲ့ နယူးကာဆယ် တို့က ချဉ်းကပ်မှုတွေ ရှိနေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ရဲ့ ပစ်မှတ်တွေထဲမှာ ရှိနေတဲ့ နောက်ထပ် ကစားသမား ကတော့ ဘေယန်မြူးနစ်က ကင်စလေ ကိုးမန်း ဖြစ်ကြောင်း ခရစ္စရှန် ဖော့ခ်က ဖော်ပြပါတယ်။ ပြင်သစ်သားကို ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာ ကတော့ စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ဂီနီ ကာတာမို အတွက် ဆက်လက် ညှိနှိုင်းနေကြောင်း O Jogo က ဖော်ပြပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမား ကိုတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၅.၃ သန်း) ပေးချေပြီး ခေါ်ယူရဖို့ ရှိနေပါတယ်။
ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာပြီးနောက် ဒတ်ပူးလ် မင်းသား ရွိုင်ယန် ရေးနိုးလ် ပူးတွဲ ပိုင်ဆိုင်တဲ့ ရက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရက်စ်ဟမ်း ကတော့ ချန်ပီယံရှစ်မှာ သူတို့ရဲ့ ပထမဆုံးရာသီ အတွက် အသင်းကို အားကောင်းလာစေဖို့ ဒိန်းမတ် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.