နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမား ရောင်းချရမှု ကနေ ပေါင် သန်း ၂၀၀ ကျော် ပြန်လည် ရရှိထားတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ သူတို့ အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဘန် ဒိုအက်ခ်ကို ဘုန်းမောက်ထံ ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အသက် ၁၉ နှစ် အရွယ် စကော့တလန် ကစားသမားကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ + အပိုဆုကြေး ပေါင် ၅ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိုအက်ခ်ဟာ ဘုန်းမောက်နဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဘန် ဒိုအက်ခ်ဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာခဲ့တဲ့ ၁၂ ဦးမြောက် ကစားသမား ဖြစ်ပြီး ကြိုးကြာနီ တို့ဟာ ကစားသမား ရောင်းချရမှု ကနေ ပေါင် သန်း ၂၀၀ ကျော် ပြန်လည် ရရှိထားပြီလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ အဓိက ကစားသမား ရောင်းချရမှုတွေ အဖြစ် လူးဝစ္စ ဒီးယက်ဇ်ကို ဘေယန်မြူးနစ်ထံ ပေါင် ၆၅.၅ သန်း၊ ဒါဝင် နူညက်ဇ်ကို အဲလ်ဟီလာထံ ပေါင် ၄၆.၃ သန်း၊ ကွမ်ဆာကို လေဗာကူဆင်ထံ ပေါင် ၃၅ သန်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ထံ အလွတ်နဲ့ ထွက်ခွာနိုင်ခဲ့တဲ့ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ အပြောင်းအရွှေ့ ကနေလည်း ပေါင် ၈ သန်းနဲ့  ရရှိခဲ့ပါတယ်။ ဒါ့အပြင် ခယ်လာဟာ၊ မော်တန်၊ နတ် ဖီးလစ် တိုကို ရောင်းချရမှု ကနေလည်း လစ်ဗာပူးလ်က ပေါင် ၂၈ သန်းကျော် ရရှိခဲ့ပါတယ်။

တစ်ဖက် မှာတော့ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှု အတွက် ပေါင် သန်း ၂၇၀ ဝန်းကျင် အသုံးပြုထားပါတယ်။ လစ်ဗာပူးလ်ဟာ ဖရင်ပေါင် အတွက် ပေါင် ၄၃ သန်း၊ ဖလော်ရီယန် ဝစ်ဇ် အတွက် ပေါင် ၁၀၄ သန်း၊ မီလော့စ် ကာကက်ဇ် အတွက် ပေါင် ၂၅ သန်း၊ ဟူဂို အစ်ကီတီကီ အတွက် ပေါင် ၇၉ သန်းနဲ့ ဂျီယိုဗန်နီ လီယွန်နီ အတွက် ပေါင် ၂၉ သန်း သုံးစွဲထားခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လာမယ့် တစ်ပတ် အင်္ဂါနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် လစ်ဗာပူးလ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
ဒီနွေရာသီမှာ ကစားသမား ၁၂ ဦး ရောင်းထုတ်ထားတဲ့ လစ်ဗာပူးလ်

တချို့က လစ်ဗာပူးလ် အနေနဲ့ ဒီနွေရာသီမှာ ငွေသုံးကြမ်းတယ်လို့ ဆိုနေကြပေမယ့် သူတို့ ကစားသမား ရောင်းချရမှု ကနေ ပြန်လည် ရရှိတဲ့ ဝင်ငွေနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ တော်တော်လေး အားရစရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုလိုမျိုး ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေ လုပ်ဆောင်ထားနိုင်တဲ့ လစ်ဗာပူးလ်က အပြောင်းအရွှေ့ မပိတ်ခင် နောက်ထပ် ထိပ်တန်း ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ သူကတော့ အားလုံး သိတဲ့ အတိုင်း နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ဖြစ်ပါတယ်။ အိဆက်ခ် အတွက် ကိုတော့ နယူးကာဆယ် ဘက်က ပေါင် သန်း ၁၅၀ ဝန်းကျင် အလို ရှိနေပြီး ကနဦး ပေါင် သန်း ၁၃၀ + အပိုဆုကြေး ပေါင် သန်း ၂၀ ဒါမှမဟုတ် ကနဦး ပေါင်သန်း ၁၂၀ + အပိုဆုကြေး ပေါင် သန်း ၃၀ ပုံစံမျိုး လိုချင်နေတာ ဖြစ်ပါတယ်။

အိဆက်ခ် အတွက် ကိုတော့ လစ်ဗာပူးလ်က ပေါင်သန်း ၁၀၀ နဲ့ ပထမ တစ်ကြိမ် ကမ်းလှမ်းထားခဲ့ပေမယ့် နယူးကာဆယ် ဘက်က ပယ်ချထားပါတယ်။ လက်ရှိမှာ ကစားသမား ကိုယ်တိုင် ကလည်း လစ်ဗာပူးလ် ဆီကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး လစ်ဗာပူးလ် ဘက်ကတော့ ဒီအပြောင်းအရွှေ့ အတွက် အချိန် တစ်ပတ်သာ စောင့်ဆိုင်းသွားတော့မယ်လို့လည်း ကြားသိနေရပါတယ်။ အိဆက်ခ် ကတော့ အခုချိန်ထိ နယူးကာဆယ်ရဲ့ ခြေစမ်းပွဲတွေ မှာရော၊ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာပါ လူစာရင်းထဲ မပါသေးတာ တွေ့ရပါတယ်။ နယူးကာဆယ်ဟာ လာမယ့် တစ်ပတ် အင်္ဂါနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် လစ်ဗာပူးလ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ အိဆက်ခ်ရဲ့ အနာဂတ်ဟာ ဒီပွဲမတိုင်ခင် အဖြေထွက်မယ်လို့ မျှော်လင့်ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်