ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားပြီးပေမယ့်လည်း ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့မှာ ဆက်လက် လှုပ်ရှားရင်း အခုလည်း ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
Mirror Sport ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် နှစ်ခုဟာ လာမယ့် ရက်ပိုင်း အတွင်း အင်္ဂလန် နောက်ခံလူရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။ ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီဟာ ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် လစ်ဗာပူးလ် ကတော့ သူ့ကို လက်မှတ်ထိုးခွင့် ရဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဂူဟီဟာ လက်ရှိမှာ လန်ဒန် ကလပ်နဲ့ စာချုပ် သက်တမ်း ၁၂ လသာ ကျန်ရှိနေတာကြောင့် ပဲလေ့စ် အနေနဲ့ အမြတ်အစွန်း များများ ရဖို့တော့ အခက်အခဲတွေ ရှိနေပါတယ်။
ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတုန်းက ဆိုရင် ဂူဟီ အတွက် ပေါင်သန်း ၇၀ အထိ တန်ဖိုး သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ အခု လက်ရှိ မှာတော့ ပဲလေ့စ်ဟာ ပေါင် သန်း ၄ဝ ရရှိရုံနဲ့ ဂူဟီကို လက်လွှတ်သွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဂူဟီရဲ့ အပြောင်းအရွှေ့က ထင်ထားသလောက်တော့ မရိုးရှင်းနေတာ တွေ့ရပါတယ်။ ဂူဟီဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီး ကနေ ပေါင် ၁၈ သန်းနဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့စဉ်က သဘောတူညီချက်အရ ချဲလ်ဆီးက ပဲလေ့စ်တို့ ပြန်လည် ရောင်းချရာမှာ ရရှိတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ခံစားခွင့် အချက် ပါရှိနေပါတယ်။ ဒါကြောင့် ပဲလေ့စ်က ဂူဟီရဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်သမျှ ခပ်များများ လိုချင်နေတာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်ရဲ့ အသင်း ကတော့ လာမယ့် ရာသီ မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းလိုနေပြီး အသင်းရဲ့ လူစာရင်း ကိုလည်း အားကောင်းလာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်က ဒီနွေရာသီမှာ ငွေသုံးကြမ်းနေကာ ထိပ်တန်း ကစားသမားတွေကို ခပ်သွက်သွက် ခေါ်ယူနေတာပါ။ လက်ရှိအချိန်ထိတော့ လစ်ဗာပူးလ်က ဖလော်ရီယန် ဝစ်ဇ်၊ ဂျရယ်မီ ဖရင်ပေါင်နဲ့ မီလော့စ် ကာကက်ဇ် ခေါ်ယူထားသလို ဂျော်ဂျီယာ လက်ရွေးစင် ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီနဲ့ ဂိုးသမား တစ်ဦး ကိုလည်း ခေါ်ယူထားပါသေးတယ်။
ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ် အတွက် အဓိကကျတဲ့ ကစားသမား ဖြစ်နေပေမယ့် ဒီအပြောင်းအရွှေ့ဟာ သူ့အတွက် အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေး ဖြစ်နေတာကြောင့် အသေအချာ စဉ်းစားသွားဖို့တော့ ရှိနေပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ် ကလည်း လာမယ့် ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်နဲ့ ပတ်သက်ပြီး မရေရာ မသေချာ ဖြစ်နေတာကြောင့် ဂူဟီ တစ်ယောက် လစ်ဗာပူးလ်ကို ပြောင်းရွှေ့သွားဖွယ်တော့ ရှိနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.