နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ရာသီ အတွက် လုံးဝ အဆင်သင့် ဖြစ်နေပါပြီ ဆိုတဲ့ လီဝစ် စကယ်လီ | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ အသင်းရဲ့ အကယ်ဒမီထွက် ကြယ်ပွင့် မိုင်းလစ် လီဝစ် စကယ်လီကို ၅ နှစ် သက်တမ်း ရှိတဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက မီခဲလ် အာတေးတားရဲ့ လက်အောက်မှာ ထွန်းတောက်လာသူလည်း ဖြစ်ပါတယ်။ သူ့ကို ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ်နဲ့ပဲ စာချုပ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စကယ်လီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ပြီးနောက် ဂန်းနားတွေ အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၃၉ ပွဲ ကစားပေးခဲ့ပါတယ်။ အဲဒီ ၃၉ ပွဲမှာ ၂၆ ပွဲက ပထမလူစာရင်းမှာ ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဘယ်နောက်ခံမှာရော ကွင်းလယ် မှာပါ ကစားနိုင်တဲ့ လီဝစ် စကယ်လီဟာ ပြီးခဲ့တဲ့ မတ်လ မှာလည်း အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း အရွေးချယ်ခံခဲ့ရပါတယ်။

စကယ်လီဟာ သီယို ဝဲလ်ကော့တ် ပြီးရင် အင်္ဂလန်ရဲ့ စီနီယာ အသင်းကြီး အတွက် ကစားပေးခွင့်ရခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး အာဆင်နယ် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စကယ်လီဟာ အဲလ်ဘေးနီးယားနဲ့ ပွဲဦးထွက်မှာ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး သူ့အပေါ် စိတ်ဝင်စားနေတဲ့ အသင်းတွေ ကိုလည်း ပိုမို စွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စကယ်လီက အသက် ၁၈ နှစ်၊ ၁၇၆ ရက်နဲ့ အင်္ဂလန် အသင်း အတွက် ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်ခဲ့ပါသေးတယ်။ ဒါဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အသက် ၁၈ နှစ်၊ ၂၀၉ ရက်နဲ့ စံချိန်တင်ထားမှုကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စကယ်လီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ပြီးနောက် ဂန်းနားတွေ အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၃၉ ပွဲ ကစားပေးခဲ့ပါတယ်။
အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပေးထားတဲ့ လီဝစ် စကယ်လီ

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့တော့ စကယ်လီက ဂန်းနားတွေရဲ့ တရားဝင် ၀က်ဘ်ဆိုဒ် ကနေ တဆင့် အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အရမ်းပဲ ဂုဏ်ယူပြီး ပျော်ရွှင်ရပါတယ်။ ဒီလို စကားလုံးလေးတွေက အရမ်းကို ရိုးရှင်းလွန်းတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒါကပဲ ကျွန်တော် အာဆင်နယ် နဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ခံစားချက်ကို ဖော်ပြနေပါတယ်။ ကျွန်တော်က အာဆင်နယ် ပရိသတ်တစ်ဦးလည်း ဖြစ်တဲ့ အတွက် အိပ်မက်တွေ လက်တွေ့ ဖြစ်လာခြင်းမျိုးပါ။ ကစားခဲ့တဲ့ ပွဲစဉ်တွေ အတွင်းက အပေါင်းလက္ခဏာဆောင်တဲ့ အခိုက်အတန့်တွေ၊ အမှားတွေ ကနေ ကျနော်ဟာ အတွေ့အကြုံ များစွာ ရခဲ့ပါတယ်။ အခုဆို ကျွန်တော် နောက်ရာသီ အတွက် လုံးဝ အဆင်သင့် ဖြစ်နေပါပြီ။”

“ဆက်လက် သင်ယူရင်းနဲ့ တိုးတက်ချင်ပါတယ်။ ကျနော် အသင်းနဲ့ အတူ သမိုင်းအမွေအနှစ် တစ်ခု ချန်ထားခဲ့ချင်ပါတယ်။ ပွဲတွေ ကစားရင်း အရာရာတိုင်းကို အနိုင်ရချင်ပါတယ်။ သင်ယူရင်း ကြိုးစားရင်း အောက်ခြေ ခိုင်မာအောင် ပြုလုပ်ရင်းနဲ့ အသင်းနဲ့ အတူ ဆုဖလားတွေကို သိမ်းပိုက်ချင်ပါတယ်။ ဒါက အရမ်းကို အရေးပါလှပါတယ်။” လို့ စကယ်လီက ပြောကြားသွားခဲ့ပါတယ်။

လီဝစ် စကယ်လီဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ခြင်း အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် တုန်းက ဂျူ့ဒ် ဘယ်လင်ဟမ် (၁၇ နှစ် ၂၈၁ ရက်) ပြီးရင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားရတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး (၁၈ နှစ်၊ ၁၉၄ ရက်) အင်္ဂလန် ကစးသမားလည်း ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်