လိဒ်စ်ယူနိုက်တက် ၂-၁ နော့ဝှစ်ချ်စီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ လိဒ်စ်ယူနိုက်တက်တို့ နော့ဝှစ်ချ်စီးတီးကို အိမ်ကွင်း အဲလ်လန်ရုတ်ဒ်မှာ ဂဲလ်ဟတ်ဒ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ နည်းပြသစ် ဂျက်ဆီ မက်ရှ် လက်ထက်မှာ နိုင်ပွဲ စတင် ရှာတွေ့ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲဆက်နေမှု ကိုလည်း ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ ဂျက်ဆီမက်ရှ်ရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ပက်ထရစ် ဘမ်းဖို့ဒ်ကို အထောင်ထားပြီး တောင်ပံ နှစ်ဖက်မှာ ရာဖင်ညာနဲ့ ဒန်ဂျိမ်းစ်၊ ကွင်းလယ်မှာ ရိုဒရီဂို၊ ကွင်းလယ်မှာ ကလစ်ချ်နဲ့ ဖော်ရှော၊ ခံစစ်နဲ့ ဂိုးမှာတော့ စတျောက်ခ်၊ ယော်ရန်းတေး၊ ဒါးလက်စ်၊ အေးလင်းနဲ့ မက်စ်လေယာ တို့ ပါဝင်လာခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ ဒင်းန်စမစ် စိတ်ကြိက် ၄-၃-၃နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ပွတ်ကီ၊ ဆားဂျန့်တ်၊ ရက်ရှီကာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ ခံစစ်မှာ ရက်ပ်၊ မီလူ၊ မက်ကလင်းန်၊ ဝီလီယမ်စ်၊ ဂစ်ဘ်ဆင်၊ အိုဇန် ကာဘက်ခ်၊ အာရွန်စ်၊ ဂိုးမှာတော့ တင်ကားလ်ပဲ ပွဲထွက်ခဲ့ပါတယ်။
တိုက်စစ် အားသန်ပြီး လျင်မြန်မှု အသားပေး ကစားတတ်တဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အတွဲအဖက်မိမိ ကစားနိုင်ပြီး တိုက်စစ် ရွှေ့လျားပုံ သေသပ်နေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ နော့ဝှစ်ချ်ထက် အခွင့်အရေး ဖန်တီးမှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း မှာတင်ပဲ လိဒ်စ်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၇ ကြိမ်မှာ ဂိုးပေါက်တည့် ကန်ချက် ၃ ကြိမ် ရှိခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ် မှာပဲ လိဒ်စ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး အေးလင်း ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နော့ဝှစ်ချ် နောက်တန်းက ဖျက်ထုတ်ပုံ မသေသပ်ခဲ့လို့ ဒန်ဂျိမ်းစ် ဖြတ်ယူသွားပြီး ရိုဒရီဂိုက အမှတ်မထင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လိဒ်စ် တို့ပဲ ပြိုင်ဘက် နောက်တန်းကို တောက်လျောက် ဖိအားပေးနိုင်ခဲ့ပေမယ့် ဘမ်းဖို့ဒ်၊ စတျောက်ခ်တို့ အဆုံးသတ် အားနည်းမှုကြောင့် ဂိုးထပ်မရပဲ ပထမပိုင်း အပြီး မှာတော့ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲက အပြန်အလှန် ရှိလာခဲ့ပြီး ဧည့်သည် နော့ဝှစ်ချ်စီးတီး တို့လည်း အတိုင်းအတာ တစ်ခု အထိ အခွင့်အရေး ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် အရင် ပွဲတွေနဲ့ မတူတော့တဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ခံစစ် ကစားပုံကြောင့် နော့ဝှစ်ချ်စီတီးတို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ရာဖင်ညာရဲ့ ဖန်တီးပေးမှု ကနေ ဒန်နီရယ် ဂျိမ်းစ် ဂိုးသွင်းခဲ့သေးပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခံခဲ့ရသလို နော့ဝှစ်ချ် လူစားဝင် တိုက်စစ်မှူး ရိုးဝ်ရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် ဘားတန်းထိပြီး ထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ် မှာတော့ ဧည့်သည်တို့ ချေပဂိုး ရသွားခဲ့ပြီး တီမို ပွတ်ကီ ပြန်ချိုးပေးတာကို မက်ကလင်းန်က ပြေးဝင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ အမြန်ဆုံး ပြန်လာနိုင်ခဲ့ပြီး အချိန်ပို နောက်ဆုံး မိနစ်မှာ ဂဲလ်ဟတ်ဒ်၊ ရာဖင်ညာ တွဲလုံးကနေ ရာဖင်ညာ ပြန်ချိုးပေးတာကို ဂဲလ်ဟတ်ဒ်က အမှားအယွင်း မရှိ ပိတ်သွင်းခဲ့လို့ လိဒ်စ်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
နည်းပြသစ် ဂျက်ဆီ မက်ရှ် အနေနဲ့ သူစတင်ကိုယ်တွယ်ပြီး ၃ ပွဲမြောက်မှာ နိုင်ပွဲ စတင် ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ လိဒ်စ်ယူနိုက်တက်တို့ ကစားပုံ ကောင်းခဲ့ပေမယ့် နော့ဝှစ်ချ်ရဲ့ ဒုတိယပိုင်း ရုန်းအားကြောင့် မထင်မှတ်ပဲ ခက်ခဲခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ လိဒ်စ်ယူနိုက်တက်ရဲ့ ခံစစ် ကစားပုံ အရင် ပွဲတွေ ကထက် သိသိသာသာ တိုးတက်လာတယ်လို့ ပြောလို့ ရပေမယ့် ခံစစ်မှူး တချို့ အမှားလုပ်နေပါသေးတယ်။ ဒါပေမယ့် လူစားဝင် လူငယ် တိုက်စစ်မှူးလေး ဂျိုးဂဲလ်ဟတ်ဒ် ကတော့ အနိုင်ဂိုး ဘယ်လိုသွင်းရမယ် ဆိုတာ စီနီယာ ကစားသမားတွေကို ပြန်လည် သင်ပြသွားခဲ့နိုင်ခဲ့လို့ လိဒ်စ်တို့ အဖိုးတန် အနိုင် ၃ မှတ် ရသွားခဲ့တာ ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပေမယ့် တန်းဆင်းဇုန်နဲ့ ၄ မှတ် ပြန်ဟသွားခဲ့လို့ အနည်းငယ် စိတ်အေးခဲ့ရပါတယ်။ ဒါပေမယ့် တန်းပြန် မဆင်းရဖို့ အတွက် ဆိုရင်တော့ လာမယ့် ပွဲစဉ်တွေမှာ တတ်နိုင်သမျှ ရမှတ်တွေ ဆက်လက် ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် အရှုံးနဲ့ အတူ ဇယား အောက်ဆုံးမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး တန်းဆင်းရဖို့ တဖြည်းဖြည်း သေချာသထက် သေချာလာခဲ့ပြီ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.