ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ထပ်ပြီး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နည်းပြ ထိုင်ခုံ လှုပ်လာတဲ့ ဖရန့်ခ်လမ်းပတ်
အဲဗာတန် နည်းပြ ဖရန့်ခ် လမ်းပတ် ကတော့ ၀ုဗ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ရာထူး အတွက် စိုးရိမ်လာရပြန်ပြီ ဖြစ်ပါတယ်။ ဘောက်ဆင်ဒေး ပွဲစဉ် အဖြစ်နဲ့ ကစားခဲ့ရာမှာ အဖွင့်ဂိုး ရယူနိုင်ခဲ့ပေမယ့် ၀ုဗ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ကာ နည်းပြသစ် လိုပက်တက်ဂီ တစ်ယောက် ပရီးမီးယားလိဂ်မှာ ပထမဆုံး နိုင်ပွဲနဲ့ အဖွင့်လှပသွားခဲ့ပါတယ်။
ယယ်ရီ မီနာက အဖွင့်ဂိုး သွင်းပေးခဲ့ပေမယ့် ၀ုဗ် အတွက် ပိုဒန့်စ်နဲ့ အန့်နူရီ တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဗာတန်ဟာ အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန်က အသင်းတွေနဲ့ ၂ မှတ်သာ ကွာဟတော့တာကြောင့် တန်းဆင်းဇုန် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ လမ်းပတ်ကို အသင်းပရိသတ် တချို့က လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး အသင်း အရေးနိမ့်ပြီးချိန် မှာလည်း ဒေါသတကြီးနဲ့ အော်ဟစ် ပြောဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
ဘောက်ဆင်ဒေး ဂိုးသွင်း ဘုရင် ဖြစ်လာတဲ့ ဟယ်ရီကိန်း
တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘရန်ဖို့ဒ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘောက်ဆင်ဒေး ပွဲတွေမှာ ၁၀ ဂိုး အထိ သွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဘရန်ဖို့ဒ်က စပါးကို အိမ်ကွင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း စပါးက ဒုတိယပိုင်းမှာ ချေပဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ကိန်းဟာ ဒီသွင်းဂိုး ၁၀ ဂိုးကို ၈ နှစ်အတွင်း သွင်းယူခဲ့တာ ဖြစ်ပြီး ဘောက်ဆင်ဒေးပွဲတွေမှာ သူ့ထက်ပိုပြီး ဂိုးသွင်းယူနိုင်တဲ့သူ မရှိသေးပါဘူး။ စုစုပေါင်း ၁၀ နှစ်တာ ကာလအတွင်း ကိန်းက ၂ ပွဲသာ ဂိုးမရခဲ့ဘဲ ကျန် ၈ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ပွဲတွေ မှာတော့ ဂိုးသွင်းဘုရင် အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကွန်တီရဲ့ အသင်းဟာ ရမှတ်တွေ ဆက်လက် လျော့နည်းနေဆဲ ဖြစ်ပြီး ဒီပွဲမှာလည်း သရေတမှတ် ပြန်ရယူနိုင်ခဲ့လို့ ကျေနပ်စရာ ဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ စိုးရိမ်စရာ ဖြစ်နေဆဲပါ။ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ၄ နေရာကို အသင်းပေါင်း ၈ သင်းလောက်က အပြိုင်အဆိုင် ဖြစ်နေပြီး တော်တော်လေး ကြိုးစားအားထုတ်နိုင်မှသာ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။
၂၀၁၈ နောက်ပိုင်း ပထမဆုံး အဖြစ် အမ်းမရိတ်စ်မှာ ပွဲလာကြည့်တဲ့ အာစင်ဝင်းဂါး
အာဆင်နယ်ရဲ့ နာမည်ကျော် နည်းပြဟောင်း အာစင်ဝင်းဂါးဟာ အာဆင်နယ်တို့ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့ပါတယ်။ ဖီဖာမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝင်းဂါးဟာ အာဆင်နယ် ကနေ ၂၀၁၈ မှာ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံး အကြိမ် အသင်းဟောင်းဆီကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ပွဲကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။




အာဆင်နယ် နည်းပြ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီး အသင်းကို အောင်မြင်မှုတွေလည်း ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဝင်းဂါးဟာ နောက်ပိုင်း နှစ်တွေမှာ ရလဒ်တွေ ဆက်တိုက်ကျဆင်းလာခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။ ဝင်းဂါးက သူ့လက်ထက်မှာ အာဆင်နယ်ကို ထိပ်တန်း အသင်း တသင်း ဖြစ်လာအောင် တည်ဆောက်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး အဖြစ်ပါ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
မနေ့ကပွဲကို ဝင်းဂါး လာရောက် ကြည့်ရှုခဲ့တာက ပရိသတ်တွေ အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရတဲ့ အပြင် ဂန္တဝင် နည်းပြရော၊ ဂန္တဝင် ကစားသမား သီဟာရီ အွန်နရီပါ လာရောက် အားပေးသွားခဲ့လို့ ကျေနပ်လျက် ရှိကြပါတယ်။ ဒါ့အပြင် မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်းကို အကောင်းဆုံး ခြေစွမ်းနဲ့ ကစားပြီး ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဂန်းနား ပရိသတ်တွေ အတွက် အချိုပေါ် သကာလောင်းသလို ပျော်ရွှင်ခဲ့ကြရမှာ သေချာပါတယ်။ အာဆင်နယ် ကတော့ ဒီရာသီမှာ ထူးရှယ် ခြေစွမ်းနဲ့ ဇယားထိပ်ကနေ ၇ မှတ်ဖြတ် ဦးဆောင်ထားပြီး အမှတ်ပေးဖလားနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေမှုကို အဆုံးသတ်နိုင်တော့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.