ဇူလိုင်လ ၃၀ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ပေါင် ၁၅ သန်း အထိ လျှော့ချပေးဖို့ အဆင်သင့် ဖြစ်နေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကတော့ ဆန်ချိုကို ဒေါ့မန်နဲ့ အပြိုင်အဆိုင် ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ဂျူဗင်တပ်စ် ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ အာရုံစိုက်နေပြီ ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေ ကတော့ ဥရုဂွေး တိုက်စစ်မှူး အတွက် ယူရို ၆၅ သန်း (ပေါင် ၅၆.၄ သန်း) လိုချင်နေပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ ကတော့ အငှား+အပြီးသတ် ခေါ်ယူခွင့်နဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ် တိုက်စစ် ကစားသမား အီဘာရီချီ အီးဇီးနဲ့ အဆက်အသွယ် ရှိနေဆဲ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ အီးဇီးကို ပေါင်သန်း ၆၀ ကို အပြည့်အဝ ပေးချေဖို့တော့ တုန့်ဆိုင်းနေကြောင်း သိရပါတယ်။

Chelsea Chronicle ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးက ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေချိန်မှာ လိုက်ပ်ဇစ် ကလည်း ခရစ္စတိုဖာ အန်ကွန်ကူကို ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဘေယန်မြူးနစ် ကတော့ လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် အန်ကွန်ကူကို ဆက်လက် ကြိုးပမ်းခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ယူနိုက်တက်က အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို အငှားနဲ့ ကမ်းလှမ်းဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အက်စတွန်ဗီလာက အမ်မီ မာတီနက်ဇ်ကို အပြီးသတ် ရောင်းချချင်နေပြီး ယူနိုက်တက် ကတော့ ဗီလာ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ငြင်းဆန်ထားပါတယ်။
ဘေယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် တော့တင်ဟမ်ဟော့စပါး ကတော့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ယာအို ပါလ်ဟင်ဟာကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ စပါးဟာ မကြာခင်မှာ ပါလ်ဟင်ဟာကို ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
လစ်ဗာပူးလ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကတော့ ပါမား နောက်ခံလူ လီယိုနီကို စိတ်ဝင်စားနေကြောင်း Corriere dello Sport က ဖော်ပြပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားရဲ့ တန်ကြေးက လက်ရှိမှာ ယူရို ၃၅ သန်း ရှိနေကြောင်း သိရပါတယ်။ Fotospor ရဲ့ ဖော်ပြချက်အရ အက်စတွန်ဗီလာ ကတော့ ဂါလာတာဆာရေး တိုက်စစ်မှူး ဘာရစ် အဲလ်ပါ ယီလ်မက်ဇ်ကို ခေါ်ယူဖို့ ဆက်လက် တိုးမြှင့် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဗီလာရဲ့ ကမ်းလှမ်းချက်ဟာ ဂါလာတာဆာရေး လိုချင်တဲ့ ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) နဲ့ ကွာဟမှုတွေ ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.