နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နော့တင်ဟမ်ဖောရက်စ် နည်းပြ ရာထူး အတွက် သတင်းတွေ ထွက်လာတဲ့ ဟိုဆေး မော်ရင်ညို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ မျှော်လင့်နေတဲ့ နာမည်ကျော် နည်းပြကြီး ဟိုဆေး မော်ရင်ဟို ကတော့ နော့တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြ ရာထူး အတွက် သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင် စပယ်ရှယ်ဝမ်းကြီးက နော့တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြ ရာထူးကို လက်ခံဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ နော့တင်ဟမ်ဖောရက်စ်ရဲ့ လက်ရှိ နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုဟာ အသင်း ပိုင်ရှင် အီဗန်ဂျီလော့စ် မာရီနာကစ်နဲ့ လုပ်ငန်းခွင် ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြ စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ဒီလို အခြေအနေမှာ မော်ရင်ဟိုရဲ့ နာမည်က ဖောရက်စ်ရဲ့ နည်းပြသစ် လျာထား စာရင်းထဲမှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်တော့ နော့တင်ဟမ်ဖောရက်စ်ဟာ လက်တလော အသင်းရဲ့ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ ကောင်းမွန်နေပြီး နည်းပြနဲ့ အသင်း ပိုင်ရှင်တို့ အကြားမှာ ဆက်ဆံရေး အဆင်မပြေလို့သာ နည်းပြ အပြောင်းအလဲ ဖြစ်ဖို့ ရာခိုင်နှုန်း များနေတာ ဖြစ်ပါတယ်။ 

ပေါ်တူဂီ လူမျိုး နည်းပြကြီး မော်ရင်ဟို ကတော့ ချဲလ်ဆီးကို ၂ ကြိမ် တာဝန်ယူခဲ့ဖူးသလို ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် အထိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက် နဲ့လည်း ခရာဘောင် ဖလားနဲ့ ယူရိုပါလိဂ် ဖလားတွေ ရရှိခဲ့ပေမယ့် မြောက်လန်ဒန် ကလပ် တော့တင်ဟမ်ဟော့စပါး မှာတော့ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်။

ပေါ်တူဂီ လူမျိုး နည်းပြကြီး မော်ရင်ဟို ကတော့ ချဲလ်ဆီးကို ၂ ကြိမ် တာဝန်ယူခဲ့ဖူးသလို ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် အထိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ရဖူးတဲ့ ဟိုဆေး မော်ရင်ဟို

အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မော်ရင်ညို လက်ရှိ မှာတော့ တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီကို ကိုင်တွယ်နေပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟို အနေနဲ့ ဖီနာဘာချီကို ကိုင်တွယ်ရတာ ငြီးငွေ့နေတဲ့ ပုံစံမျိုး ဖြစ်နေပြီး သူ့ အတွက် သင့်လျော်တဲ့ စီမံကိန်း တစ်ခု တွေ့ရှိရင် ချက်ချင်း အသင်း ပြောင်းရွှေ့သွားနိုင်ကြောင်းလည်း ခန့်မှန်း သုံးသပ်မှုတွေ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဆန်းဒါးလန်း တို့ရဲ့ ကင်းထောက်ချုပ်ဟောင်း မစ်ခ် ဘရောင်း ကတော့ ဖောရက်စ် ဘက်ကသာ ကမ်းလှမ်းခဲ့မယ် ဆိုရင် မော်ရင်ဟို တစ်ယောက် နားထောင်သွားဖို့ အသင့်ရှိနေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ မစ်ခ် ဘရောင်းက “ဖောရက်စ်က ဟိုဆေး မော်ရင်ဟိုကို ပစ်မှတ်ထားနိုင်တယ်လို့ ကျွန်တော် ဖတ်လိုက်ရတယ်။ ကျွန်တော် ထင်တာက သူ (မော်ရင်ဟို) က အဲ့ဒီအလုပ်ကို လက်ခံဖို့ အဆင်သင့် ရှိနေပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူက ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အမြဲတမ်း မျှော်လင့်နေတာလေ။ သူက ဘယ်ကလပ်မှာမှ ၂ နှစ်၊ ၃ နှစ်ထက် ပိုပြီး မနေတတ်ဘူး။ ဒါကြောင့် အခွင့်အရေးသာ ပေါ်လာရင် တူရကီ ကနေ ထွက်ခွာဖို့ သူစောင့်ကြည့်နေလောက်ပြီ။ သူက အာရုံစိုက်မှုရဲ့ ဗဟိုချက် ဖြစ်ချင်တဲ့သူ ဆိုတာ လူတိုင်း သိပါတယ်။ လက်ရှိ ဖောရက်စ်ရဲ့ အငြင်းပွားဖွယ်ရာ အခြေအနေတွေနဲ့ ဆိုရင်လည်း ဒါက ကိုက်ညီမှု ရှိနိုင်ပါတယ်။”လို့ Football Insider ကို ပြောကြားခဲ့ပါတယ်။

လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ကလပ်က အသင်းတွင်း ပွတ်တိုက်မှုတွေကို အရင်ဆုံး ဖြေရှင်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အဓိက ကတော့ နည်းပြ နူနို ဆန်တို၊ ပိုင်ရှင် မာရီနာကစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးရေးရာ အကြီးအကဲ အီဒူးတို့ အကြားက ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မော်ရင်ဟို ကိုယ်တိုင် ကလည်း ၂၀၂၆ မှာ ကုန်ဆုံးမယ့် ဖီနာဘာချီနဲ့ စာချုပ်ကို လေးစားလိုက်နာသွားမှာ ဖြစ်ကြောင်း အစောပိုင်းမှာ ပြောဆိုထားခဲ့ဖူးပါတယ်။ ဒါ့အပြင် မော်ရင်ညို သူ့ အနေနဲ့ ဥရောပ ဝင်ခွင့် မရတဲ့ အင်္ဂလန် အသင်းငယ် တစ်သင်း ကိုသာ ကိုင်တွယ်သွားချင်ကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်