ယာအို ပက်ဒရို ကတော့ ဒီနွေရာသီ အပြောင်းအရွှေေ့မှာ ဘရိုက်တန် ကနေ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးက ချဲလ်ဆီးကို ရောက်ရှိလာပြီး နှစ်ပတ်တာ ကာလ အတွင်းမှာပဲ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလို အသင်းနဲ့ အတူ ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုလို အခြေအနေကို ဂျာအို ပက်ဒရို တစ်ယောက် ကျေနပ် ပျော်ရွှင်လျက် ရှိကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
DAZN သတင်းဌာနနဲ့ အင်တာဗျူးမှာ ယာအို ပက်ဒရိုက “ဒါက ချဲလ်ဆီးပဲ။ ကျွန်တော် ဘာပြောနိုင်မှာလဲ။ ဘာပြောရမလဲ။ ဒါက ချဲလ်ဆီးပဲလေ။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာတာ ဆုဖလားတွေ ရဖို့ အတွက်ပဲ။ ကျွန်တော် အရင်ကတည်းက ပြောခဲ့သလိုပါပဲ။ ဒီအောင်မြင်မှုကို ကျွန်တော် ပျော်ရွှင်ခံစားရမယ်။ ကျွန်တော် ဒီကို ရောက်လာပြီလေ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးက ဥရောပ ချန်ပီယံ ပီအက်စ်ဂျီကို အနိုင်ယူပြီး ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ကိုးလ် ပါးလ်မားက ချဲလ်ဆီး အတွက် ၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ကာ ပွဲစဉ်ရဲ့ အကောင်းဆုံးနဲ့ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆုတွေ ရရှိခဲ့ပါတယ်။ ယာအို ပက်ဒရို ကတော့ ချဲလ်ဆီးကို မပြောင်းရွှေ့ခင် အားလပ်ရက် အဖြစ် ခရီးထွက်နေခဲ့တာ ဖြစ်ပြီး လန်ဒန် ကလပ်နဲ့ ခပ်မြန်မြန် ပူးပေါင်းခဲ့ရကာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာဖို့ နှစ်ပတ်သာ ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

ယာအို ပက်ဒရိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကမှ ဘရိုက်တန် ကနေ ချဲလ်ဆီးကို ပေါင်သန်း ၆၀ နဲ့ တရားဝင် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် တိုက်စစ် ကစားသမားဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီး ကစားသမားဘဝကို စတင်ခဲ့ပြီး သူ့ရဲ့ ပွဲဦးထွက်မှာပဲ ဖလူမီးနန့်စ် ဘက်ကို ၂ ဂိုး သွင်းကာ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ ပက်ဒရိုက ပီအက်စ်ဂျီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲ မှာလည်း အသင်း အတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ယာအို ပက်ဒရို အနေနဲ့ ချဲလ်ဆီး အတွက် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၃ ဂိုး အထိ ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ချဲလ်ဆီး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ချဲလ်ဆီးဟာ ယခင် ပုံစံဟောင်းနဲ့ ကျင်းပခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး မတူညီတဲ့ ပြိုင်ပွဲ ကျင်းပပုံ နှစ်ခုမှာ ဗိုလ်စွဲတဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲ တစ်လျှောက်လုံး အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကိုးလ် ပါးလ်မားက ရွှေဘောလုံးဆု ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကတော့ ရွှေလက်အိတ်ဆု ဆွတ်ခူးခဲ့ကြပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆု ရရှိဖူးတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ဆုဖလား အားလုံး မြင်ဖူးချင်ရင်တော့ စတန်းဖို့ဒ်ဘရစ်ချ်ဆီ သွားရတော့မှာပါ။
လက်ရှိ မှာတော့ အန်ဇို မာရက်စကာရဲ့ အသင်းက လာမယ့် ရာသီ ပရီးမီးယားလိဂ် ပြန်လည် မစတင်ခင်မှာ လုံလောက်တဲ့ အနားယူခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ နားရက်တွေ ပြီးရင်တော့ ချဲလ်ဆီးက လေဗာကူဆင်၊ အေစီမီလန် တို့နဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်ရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ စတင် ကစားရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.