နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယူးကာဆယ်ကို တစ်ပတ် လုပ်ခ ပေါင် ၃ သိန်း တောင်းဆိုလိုက်တဲ့ အိဆက်ခ် | ပရီးမီးယားလိဂ်

နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ တစ်ပတ် လုပ်ခလစာ ပေါင် ၃၀၀၀၀၀ ပေးချေဖို့ အသင်းထံ တောင်းဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အိဆက်ခ်ဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာချင်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။

အိဆက်ခ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ တစ်ပတ် လုပ်ခ လစာ ပေါင် ၁၃၀၀၀၀ ရရှိနေတာပါ။ လက်တလော နယူးကာဆယ်မှာ လုပ်ခလစာ အများဆုံး ရရှိနေသူက ဘရာဇီးလ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ဖြစ်ပြီးတော့ ပေါင် ၁၆၀၀၀၀ ရရှိနေပါတယ်။

အသက် ၂၅ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီက နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၂၇ ဂိုး အထိ သွင်းယူခဲ့သလို ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်နဲ့ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာက ဒီနွေရာသီမှာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ် ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အီဆက်ခ်ကို လုံးဝ မရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အိဆက်ခ်ကို နယူးကာဆယ် အသင်းပိုင်ရှင်နဲ့ အသင်းရဲ့ ထိပ်တန်း အကြီးအကဲတွေကပါ လုံးဝ ရောင်းထုတ်လိုခြင်း မရှိတာ ဖြစ်ပြီး စာချုပ်သက်တမ်း တိုးဖို့ ကိုသာ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ အိဆက်ခ်ကို ကလပ် စံချိန်တင် လုပ်ခလစာ အဖြစ် တစ်ပတ်ကို ပေါင် ၂၀၀၀၀၀ အထိ ပေးချေဖို့ အသင့် ရှိနေပေမယ့် လက်ရှိ မှာတော့ အိဆက်ခ်က တစ်ပတ် လုပ်ခလစာ ပေါင် ၃၀၀၀၀၀ အထိ ပေးချေဖို့ တောင်းဆိုထားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ နယူးကာဆယ် အနေနဲ့ အိဆက်ခ်ရဲ့ တောင်းဆိုချက် အတိုင်း စာချုပ်သစ်ချုပ်ဆိုမယ် ဆိုရင်တော့ အသင်းရဲ့ လစာ စည်းမျဉ်းကို ချိုးဖောက်ရမှာလည်း ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း နယူးကာဆယ်က သူတို့ ခေါ်ယူချင်ခဲ့တဲ့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို လစ်ဗာပူးလ်က ခေါ်ယူသွားခဲ့တာကြောင့် အိဆက်ခ်ကို စာချုပ်သက်တမ်းတိုးမလား၊ ဒါမှမဟုတ် နောက်ထပ် တိုက်စစ် ပစ်မှတ် တစ်ခုကို ချဉ်းကပ်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ နယူးကာဆယ် အနေနဲ့ အိဆက်ခ်ရဲ့ ဆန္ဒ အပေါ် အသေအချာ ပြန်လည် စဉ်းစားဖို့ လိုအပ်လာခဲ့ပြီး လက်ရှိ အခြေအနေကြောင့်တော့ ဆွီဒင်သားရဲ့ အနာဂတ် ပိုပြီး မသေမချာ ဖြစ်လာခဲ့ပါပြီ။ အိဆက်ခ်ဟာ သူ့ရဲ့ ကစားသမား ဘဝကို တစ်ဆင့်မြှင့်ချင်တာကြောင့် ထိပ်တန်း ကလပ် တစ်ခုကို ပြောင်းရွှေ့ချင်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါသေးတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်နဲ့ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာက ဒီနွေရာသီမှာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။
ဝစ်ဆာကို အရ ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေတဲ့ နယူးကာဆယ်

နယူးကာဆယ် ကတော့ ကော်လမ် ဝီလ်ဆင်နဲ့ လမ်းခွဲအပြီးမှာ တိုက်စစ်ပိုင်း အတွက် ကစားသမား တစ်ဦး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတာပါ။ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ဒီနွေရာသီ အပြောင်းအရွှေ့မှာ အန်တိုနီယို ကော်ဒီရိုကို အလွတ်၊ အန်တိုနီ အီလန်ဂါ ကိုတော့ ပေါင် ၃၇ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဗြိတိန် မီဒီယာတွေ ကတော့ နယူးကာဆယ်က ဘရန့်ဖို့ဒ် တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။ နယူးကာဆယ် အနေနဲ့ ဝစ်ဆာ အတွက် နောက်ထပ် တစ်ကြိမ် ထပ်တိုး ကမ်းလှမ်းသွားဖို့ ရှိနေပြီး ငှက်ကြားတွေ အနေနဲ့ ကွန်ဂို တိုက်စစ်မှူးကို အရ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်