ဘရိုက်တန် – နယူးကာဆယ်
ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘရိုက်တန်က နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ တောက်လျောက် အသာရခဲ့တဲ့ ဘရိုက်တန်တို့ ဒီတစ်ကြိမ် မှာရော ထပ်မံ အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရိုက်တန်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပေမယ့် ကွန့်ဖရင့်လိဂ် မျှော်လင့်ချက်တော့ ရှိနေပါသေးတယ်။ ဘရိုက်တန်က အဆင့် ၇ နေရာက ဗီလာနဲ့ ၆ မှတ်တော့ ကွာဟနေပြီး ခပ်ရေးရေး ဥရောပ မျှော်လင့်ချက် အတွက် လက်ကျန် ပွဲစဉ်တွေမှာ ရသလောက် အမှတ်ယူဖို့ ကြိုးစားရမှာပါ။ ဘရိုက်တန်က ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ပွဲမှာတော့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ကစားပြီး ၃ မှတ် ပြန်ရထားပါတယ်။
နယူးကာဆယ် ကတော့ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရမှတ် ၆၂ မှတ် ရရှိထားပြီး အဆင့် ၃ နေရာက မန်စီးတီးနဲ့ ၂ မှတ်သာ ကွာဟနေသလို သူ့အောက် အဆင့် ၆ နေရာက ဖောရက်စ်နဲ့လည်း ၂ မှတ်သာ ကွာဟနေလို့ နယူးကာဆယ် အတွက် လက်ကျန် ပွဲစဉ် အားလုံးက အရေးကြီးပါတယ်။ ညက ပွဲမှာ မန်စီးတီး နိုင်ပွဲ ရသွားတာကြောင့်လည်း ငှက်ကြားတွေ ပိုပြီး အားထည့်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဒီတစ်ပတ်မှာ ချဲလ်ဆီးက လစ်ဗာပူးလ်နဲ့ တွေ့ဆုံနေပြီး ဖောရက်စ် ကလည်း ခြေပြန်မှန်လာတဲ့ ပဲလေ့စ်နဲ့ တွေ့ဆုံနေလို့ ဒီအခွင့်အရေးကို အက်ဒီဟောင်းဝ် တို့ အုပ်စု အကောင်းဆုံး အသုံးချနိုင်ရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ ဘရိုက်တန် ဘက်က ယာအို ပီဒရို ပွဲပယ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး ဝက်ဘ်စတား၊ ကာဒီယိုဂလူ၊ ရက်တာ၊ အီဂေါ၊ မီလ်နာ တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
နယူးကာဆယ် ဘက်မှာတော့ လက်ဆဲလက်စ်၊ ဂျိုးလင်တန်၊ ဟောလ်နဲ့ တားဂတ်တို့ လွဲချော်ကြပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ အက်စတူပီနန်၊ ဘာလီဘ၊ ဟင်ရှဲလ်ဝုဒ်၊ မင်တာ့ရ်၊ အိုရွိုင်လီ၊ မီတိုမာ၊ ဝဲလ်ဘက်ခ်
နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘန်း၊ လစ်ဗရာမန်တို၊ ဂီမာရေးစ်၊ တိုနာလီ၊ ဝေးလော့ခ်၊ မာဖီ၊ အိဆက်ခ်၊ ဘန်းစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၉ ကြိမ်နိုင်၊ နယူးကာဆယ်က ၅ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဘရိုက်တန်က ၂ ကြိမ်နိုင်၊ နယူးကာဆယ်က ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်း နောက်ဆုံး ကစားခဲ့တဲ့ ၅ ကြိမ် မှာတော့ ဘရိုက်တန်က ကာဆယ်ကို ၂ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ ဘရိုက်တန်က ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးပြီး နယူးကာဆယ်က ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၂.၇၀ ဆ၊ နယူးကာဆယ် နိုင်ရင် ၂.၂၄ ဆ၊ သရေ ဆိုရင်တော့ ၃.၅၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ နည်းနည်း မြင့်ပါတယ်။ ဘွတ်ကီတွေ အနေနဲ့ ဒီပွဲကို သရေလောက်ပဲ မှန်းထားပုံရပြီး ဂိုးပေါ်မယ်လို့လည်း တွက်ဆထားတယ် ထင်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် နယူးကာဆယ်က သာနေပြီး ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာတော့ ဘရိုက်တန်က အသာရခဲ့တာ တွေ့ရပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက်ရုန်းနေတဲ့ နယူးကာဆယ်တို့ ကပ်နိုင်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဂိုးလည်း ပေါ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၂ နယူးကာဆယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.