နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟွိုက်ဂျ်လန်း ကတော့ ခက်ခဲတဲ့ ရာသီ အပြီးမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ သူ့ကိုတော့ ယူနိုက်တက် ဘက်ကလည်း ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေတာကြောင့် ဒိန်းမတ်သား အနေနဲ့ စီးရီးအေကို ပြန်သွားဖို့ များနေကြောင်းလည်း သတင်းတွေက ဖော်ပြလျက် ရှိနေပါတယ်။
အာဆင်နယ် ကတော့ အသင်းရဲ့ လူငယ် ကြယ်ပွင့် အီသန် နွမ်နရီရဲ့ ရေရှည် အနာဂတ် အတွက် စိုးရိမ်မှုတွေ ရှိနေကြောင်း TBR Football က ဖော်ပြပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အာဆင်နယ်နဲ့ ကစားသမားနဲ့ စာချုပ် ကိစ္စ ညှိနှိုင်းမှုမှာ ပြဿနာ ရှိနေကြောင်း သိရပါတယ်။ ဒီကစားသမားလေး ကိုတော့ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က အနီးကပ် စောင့်ကြည့်နေကြောင်း သိရပါတယ်။
GIVEMESPORT ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ဟာ ဒီနွေရာသီမှာ ကစားသမား ၄ ဦးကို ရောင်းချလိုနေကြောင်း သိရပါတယ်။ ယူနိုက်တက်ရဲ့ အရောင်းစာရင်း မှာတော့ ကက်စ်မဲရိုး၊ အန်ဒရေ အိုနာနာ၊ လုခ် ရှောနဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းတို့ ပါဝင်နေပါတယ်။ ဒါ့အပြင် သတင်းတွေအရ ယူနိုက်တက်ဟာ ဘဏ္ဍာရေး အခြေအနေတွေကြောင့် အသင်းရဲ့ ကစားသမား အားလုံး နီးပါးကို အရောင်းစာရင်းတင်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘရူနို ဖာနန်ဒက်စ် ကတော့ ဒီနွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားကြောင်း Sacha Tavolieri က ဖော်ပြခဲ့ပါတယ်။ ကနဦး စာချုပ် ကမ်းလှမ်းမှုဟာ ပေါ်တူဂီ ကွင်းလယ် ကစားသမားရဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီဖို့ နီးစပ်နေပြီး ပိုပြီး ကောင်းမွန်တဲ့ အဆိုပြုချက် တစ်ခု ကတော့ သဘောတူညီမှု ရရှိနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ် အနေနဲ့ ဘယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလဲ ဆိုတာတော့ မသိရသေးပါဘူး။
အာဆင်နယ် ကတော့ နောက်ခံလူ ယာကုဗ် ခီဗီယော ကိုတော့ ဆုံးရှုံးလိုခြင်း မရှိကြောင်း သိရပါတယ်။ FootballTransfers ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ ဖြစ်နိုင်ချေ ရှိတဲ့ ကမ်းလှမ်းမှုတွေကို တားဆီးဖို့ အတွက် ပေါင် သန်း ၆၀ တောင်းဆိုဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
ငွေကြေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ အတွက် နယူးကာဆယ် ကတော့ တောင်ပံ ကစားသမား အန်သိုနီ ဂေါ်ဒွန် အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဒီကစားသမား ကိုတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး နှစ်သင်း စလုံးက စိတ်ဝင်စားနေပေမယ့် ငှက်ကြားတွေ ဘက်က ပေါင် ၇၅ သန်း (ဒေါ်လာ ၁၀၁.၁ သန်း) ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဂိုးသမားသစ် တစ်ဦး ရှာဖွေနေပြီး ပစ်မှတ် အသစ် နှစ်ခုကို တွေ့ရှိထားကြောင်း သိရပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ လန်ဒန် ကလပ်ဟာ နွေရာသီအပြောင်းအရွှေ့ ဈေးကွက် အတွက် ရွေးချယ်စရာတွေ အဖြစ် ပါးမားက ဇီယွန် ဆူဇူကီးနဲ့ ဘန်လေက ဂျိမ်းစ် ထရက်ဖို့ဒ် တို့ကို သတ်မှတ်ထားကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အေစီမီလန် ကွင်းလယ်လူ တီဂျန်နီ ရီအင်ဒါကို ခေါ်ယူလိုနေကြောင်း Tuttomercatoweb က ဖော်ပြခဲ့ပါတယ်။ အေစီမီလန်က နယ်သာလန် ကစားသမားကို ဆက်ထိန်းထားချင်ပေမယ့်လည်း တိုရီနိုက ဆမ်မြူရယ် ရစ်ဆီကို အစားထိုးဖို့ ဖြစ်နိုင်ချေ ရှိတဲ့သူ အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
La Repubblica ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါး ကတော့ ဂျီနိုအာ နောက်ခံလူ ကိုနီ ဒီ ဝင်းတားကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ကလည်း အပြိုင်အဆိုင် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ ဒီနွေရာသီမှာ အသင်းဟောင်း ချဲလ်ဆီး ကနေ အနည်းဆုံး ကစားသမား တစ်ဦးကို ခေါ်ယူဖို့ မျှော်လင့်ထားကြောင်း TBR Football က ဖော်ပြခဲ့သည်။ ဝက်စ်ဟမ်းဟာ နောက်ခံလူ ထရီဗို့ ချာလိုဘာ၊ တိုဆင် အဒါရာဘိုင်အိုယိုနဲ့ အက်ဆဲလ် ဒီယာဆီ တို့ကို စိတ်ဝင်စားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.