နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟယ်ရီ ဝီလ်ဆင်ရဲ့ တောက်ပမှုနဲ့ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၂-၁ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ပွဲချိန် တော်တော်များများ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး ယာယီ နည်းပြ မက်ဖာလိန်း လက်ထက် မှာလည်း နိုင်ပွဲ ရယူထားနိုင်ခြင်း မရှိသေးပါဘူး။

ဒီနေ့ပွဲမှာ မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က လစ်ဗာပူးလ်နဲ့ သရေကျခဲ့တဲ့ ပွဲက လူစာရင်းက တစ်နေရာသာ အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာခဲ့တာပါ။ ကွင်းလယ်က လူကစ် နေရာမှာ ဘာ့ဂျ် ပွဲထွက်လာပြီး ကျန်နေရာ အားလုံး အပြောင်းအလဲ မရှိခဲ့ပါဘူး။ မက်ဖာလိန်းရဲ့ ချဲလ်ဆီး ကတော့ မန်စီးတီးနဲ့ ပွဲက လူစာရင်းနဲ့ အခင်းအကျင်းကို အပြောင်းအလဲ တော်တော်များများ ပြုလုပ်လာခဲ့ပါတယ်။ ကွင်းလယ်မှာ ကိုင်စီဒိုနဲ့ ဆန်းတို့စ်ကို တွဲပေးခဲ့ပြီး အက်စ်တီဗာအို နေရာမှာ ပါးလ်မား၊ ပါးလ်မား နေရာမှာ အန်ဇို ဖာနန်ဒက်ဇ် ကစားပြီး တိုက်စစ်မှာ လီယမ် ဒီလက်ပ် ပွဲထွက်လာသလို ဂိုးမှာလည်း ဂျော်ဂျန်ဆန် အစား ဆန်းချက်ဇ် ပွဲထွက်လာခဲ့ပါတယ်။ ခံစစ် မှာလည်း ဘာဒီယာရှီးလ် နေရာမှာ တိုဆင် ပွဲထွက်လာသလို ဘယ်အစွန်ခံစစ်မှာ ကူကာရယ်လာ၊ ညာအစွန်ခံစစ် မှာတော့ ဂူစတိုတို့ ကစားခဲ့ကြပါတယ်။

ချဲလ်ဆီးဟာ အစောပိုင်းမှာ အိမ်ရှင် ဘက်ကို တစ်ဖက်သတ် လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂိုးရဖို့လည်း နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ကူကူရယ်လာ အနီကတ်နဲ့ ထွက်သွားရချိန် မှာတော့ ပွဲက အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။ စပိန်သားဟာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဟယ်ရီ ဝီလ်ဆင်ကို လိုက်လံ တားဆီးရင်း ဆွဲလှဲမိခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာပါ။ ခပ်စောစော တစ်ယောက် လျော့သွားသည့် တိုင်အောင် ချဲလ်ဆီးက ဖူလ်ဟမ်ထက် ထိရောက်တဲ့ ဂိုးပေါက် ကန်ချက်တွေ ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဟယ်ရီ ဝီလ်ဆင်ရဲ့ သွင်းဂိုး လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရတာကြောင့် ၀-၀ ဖြစ်နေပေမယ့် ၅၅ မိနစ် မှာတော့ ဖူလ်ဟမ်တို့ ဦးဆောင်ဂိုး စရခဲ့ပါတယ်။ ဘာ့ဂျ်ရဲ့ ကန်တင်ပေးပို့မှုကို ဟင်မီနက်ဇ်က ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို လှလှပပပဲ ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားခဲ့ပါတယ် (၅ ပွဲ သရေ၊ ၃ ပွဲရှုံး)။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေတဲ့ ချဲလ်ဆီး

အဲဒီနောက် ၇၂ မိနစ် အရောက် မှာတော့ ဒီလက်ပ်က ချဲလ်ဆီး အတွက် ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၈၂ မိနစ် အရောက်မှာတော့ နောက်ပိုင်း ပွဲတွေမှာ ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဟယ်ရီ ဝီလ်ဆင်က အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ၂-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် ဖူလ်ဟမ်က အခုဆိုရင် ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိတာ ၆ ပွဲ အထိ ရှိလာခဲ့ပြီး ဒီနိုင်ပွဲ အတွက် ဝီလ်ဆင်ကို ထပ်မံ ကျေးဇူးတင်ရဦးမှာ ဖြစ်ပါတယ်။ ဝေလသားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု ၁၁ ကြိမ် (၇ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) ရှိလာခဲ့ပြီး ဒါဟာ သူ့ရဲ့ တစ်ရာသီ အတွင်း အများဆုံး စွမ်းဆောင်မှုလည်း ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူဟာ ဂိုးပေါက် ကန်ချက် ၈ ကြိမ်၊ ဂိုးပေါက်တည့်မှု ၃ ကြိမ် ရှိခဲ့ပြီး တစ်ဦးချင်း မျှော်လင့်ဂိုး (xG) ၀.၇၈ ရှိခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားခဲ့ပါတယ် (၅ ပွဲ သရေ၊ ၃ ပွဲရှုံး)။ ချဲလ်ဆီးဟာ ဒီရှုံးပွဲကြောင့် ဖူလ်ဟမ်နဲ့ ရမှတ်တူ အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပြီး ဖူလ်ဟမ် ကတော့ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ အဆင့် ၉ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် တစ်ပတ် မှာတော့ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ဖူလ်ဟမ် ကတော့ လိဒ်စ်ယူနိုက်တက်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်