နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပုံမှန် ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားဆဲ ဟယ်ရီကိန်း၊ ကမ္ဘာ့ဖလား အပြီး ဂိုးအများဆုံး သွင်းထားသူ ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပုံမှန် ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားဆဲ ဟယ်ရီကိန်း၊ကမ္ဘာ့ဖလား အပြီး ဂိုးအများဆုံး သွင်းထားသူ ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ် စတဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ပုံမှန် ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားဆဲ ဟယ်ရီကိန်း

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဒီရာသီမှာလည်း သူ့ရဲ့ ပုံမှန် ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကိန်းက ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ ဂိုး အထိ ရရှိသွားခဲ့ပြီ ဖြစ်ကာ ပြီးခဲ့တဲ့ ရာသီက သွင်းဂိုးထက် ၁ ဂိုးတည်းသာ လျော့နည်းနေပြီး ရွှေဖိနပ်ဆု အတွက် ဟာလန်း နောက်မှာ ၉ ဂိုးအကွာနဲ့ ရှိနေပါတယ်။

ဖူလ်ဟမ်နဲ့ ပွဲမှာ အဖိုးတန် အနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီးနောက် ဟယ်ရီကိန်းက စပါးရဲ့ ကယ်တင်ရှင် ဖြစ်လာခဲ့ပါတယ်။ စပါးနဲ့ အတူ စတင် ခြေစွမ်းပြခဲ့တဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီက စလို့ ဟယ်ရီကိန်းက တစ်ရာသီကို အနည်းဆုံး လိဂ်ဂိုး ၁၇ ဂိုးနှုန်း သွင်းယူခဲ့တာ ဖြစ်ပြီး အခု ရာသီ မှာလည်း အဆိုပါ စံချိန်ကို လိုက်မီတော့မှာ ဖြစ်ပါတယ်။

ကိန်းဟာ ပြိုင်ပွဲစုံ သွင်းဂိုး အားဖြင့်တော့ ၁၈ ဂိုးသာ ရရှိထားသေးတာ ဖြစ်ပါတယ်။ ရာသီအစမှာ ဟယ်ရီကိန်းက အနည်းငယ် ခြေစွမ်းကျနေခဲ့ပြီး တွဲဖက် ကစားသမား ဆွန်ဟောင်မင် ကလည်း ခြေစွမ်း မပြနိုင်လို့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိ မှာတော့ သူက ဟာလန်း ပြီးရင် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရှိနေကာ စပါး အတွက် ပုံမှန် ခြေစွမ်း ပြနေတာ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလား အပြီး ဂိုးအများဆုံး သွင်းထားသူ ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလား အပြီး ပြန်လည် ကစားနေခဲ့တဲ့ ပွဲတွေမှာ စုစုပေါင်း ၉ ဂိုး အထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ အဆိုပါ ဂိုးတွေကို သူက ပွဲတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အတွက် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနေခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ အမှတ်ပေးပွဲမှာ အာဆင်နယ်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်း အတွင်း ဆက်လက် ရှိနေပေမယ့် ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက် ကတော့ နည်းပါးနေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၁၁ မှတ် ကွာဟနေတဲ့ မန်ချက်စတာယူနိုက်တက်

ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူကာ ဖန်တီးမှု ၆ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာတွေ့ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ ခြေစွမ်းက အခြားသော ဘယ်ကစားသမားတွေနဲ့ မဆို ယှဉ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကမ္ဘာ့ဖလား အပြီး ကလပ်ပွဲတွေ ပြန်လည် စတင်ခဲ့တဲ့နောက် ရက်ရှ်ဖို့ဒ်က ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတာပါ။ ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ အမှတ်ပေးပွဲမှာ အာဆင်နယ်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်း အတွင်း ဆက်လက် ရှိနေပေမယ့် ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက် ကတော့ နည်းပါးနေပြီ ဖြစ်ပါတယ်။

 

အဝေးကွင်းမှာ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တဲ့ စပါး

တော့တင်ဟမ်ဟော့စပါး ကတော့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တာ ဖြစ်ပြီး စပါး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်းက ပထမပိုင်း နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပြီး အဖိုးတန် ပရီးမီးယားလိဂ် နိုင်ပွဲကို ရရှိစေခဲ့တာပါ။

အာဆင်နယ်နဲ့ မန်စီးတီးကို ဆက်တိုက် အရေးနိမ့်ခဲ့တဲ့ စပါးဟာ ဒီပွဲကို မဖြစ်မနေ အနိုင်ရရှိအောင် ကစားရမှာ ဖြစ်ပေမယ့် ဖူလ်ဟမ် ကလည်း ခြေစွမ်းကောင်းနေတဲ့ အသင်း ဖြစ်လို့ ခက်ခက်ခဲခဲ ကစားနေခဲ့ရပါတယ်။ ဟယ်ရီကိန်းက ထုံးစံအတိုင်း အသင်းကို ကယ်တင်ပေးခဲ့ပြီး စပါးဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ က ယူနိုက်တက်နဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။

ရာသီကုန်မှာ စပါး နည်းပြ အန်တိုနီယို ကွန်တီက အသင်းနဲ့ လမ်းခွဲမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ စပါး အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိချင်တယ် ဆိုရင်တော့ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းကို တည်ငြိမ်အောင် အားထုတ်ရမှာ ဖြစ်ပြီး ကွန်တီ ကတော့ အသင်း လူစာရင်းနဲ့ ကစားသမားတွေရဲ့ အားထုတ်မှု အပေါ်မှာ စိတ်တိုင်းမကျ ဖြစ်နေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်