ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၆၃.၅ သန်း + အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ယိုကီးရက်စ်ဟာ အာဆင်နယ်မှာ ဂန္တဝင် တိုက်စစ်မှူးကြီး သီဟာရီ အွန်နရီရဲ့ ကျောနံပါတ် ဖြစ်တဲ့ နံပါတ် ၁၄ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆို မှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အထောင်တိုက်စစ်မှူး နေရာ အတွက် ထိပ်တန်း ကစားသမား တစ်ဦးကို ကာလရှည်ကြာ ရှာဖွေနေခဲ့ရတာ ဖြစ်ပြီး နောက်ဆုံး မှာတော့ ပရိသတ်တွေ မျှော်လင့်နေခဲ့တဲ့ ယိုကီးရက်စ်ကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်း အတွက် ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားကာ ၉၇ ဂိုး သွင်းယူခဲ့တဲ့ ဆွီဒင်သားက အပြောင်းအရွှေ့ တစ်လျှောက်လုံးမှာ တခြားသော ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် အာဆင်နယ် ကိုပဲ ရွေးချယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီလို အာဆင်နယ် ကစားသမား ဖြစ်လာခဲ့တဲ့ ယိုကီးရက်စ်က သူ့ရဲ့ ကလပ် အသစ်နဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ယိုကီးရက်စ်က “ကျွန်တော်က ဂိုးတွေ အမြဲတမ်း သွင်းယူချင်နေတဲ့သူမျိုးပါ။ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာပြီး အာဆင်နယ် ဝတ်စုံ၊ အသင်း တံဆိပ်နဲ့ အတူ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ဂိုးသွင်းယူပြဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အဲ့ခံစားချက်ကြီးက သိပ်ကို ကောင်းမှာပါ။”
“ကျွန်တော် ကစားသမားဘဝကို အင်္ဂလန်မှာ စတင်ခဲ့ပါတယ်။ တော်တော်တောင် ကြာခဲ့ပြီလို့ ခံစားရပါတယ်။ အဲ့နောက်ပိုင်းမှာ ကျွန်တော် အများကြီး တိုးတက်လာခဲ့တယ်။ အခု ကျွန်တော်က ဘာလဲဆိုတာကို ဒီကလပ်နဲ့ အတူ သက်သေပြသွားချင်ပါတယ်။ အာဆင်နယ်လို ကလပ် အဆင့်အတန်းမှာ အံ့ဖွယ်ကစားသမားတွေနဲ့ တွဲဖက် ကစားရမှာ ဖြစ်တဲ့ အတွက် ကျွန်တော်ဟာ အရင်ကထက်တောင် ပိုပြီး ကောင်းမွန်စွာ စွမ်းဆောင်ပြနိုင်မယ် ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ယိုကီးရက်စ်က “ဒီအသင်းက ကျွန်တော့် အတွက် မှန်ကန်တဲ့ ကလပ် အသင်းလို ခံစားမိခဲ့ပါတယ်။ မီခဲလ်နဲ့ အန်ဒရီယာ ဆီက ကြားခဲ့တဲ့ စကားတွေ၊ ပြီးခဲ့တဲ့နှစ် အပိုင်းအခြားတွေ အတွင်း ကျွန်တော် မြင်ခဲ့တဲ့အရာတွေ၊ အာဆင်နယ်ရဲ့ ဘောလုံးကစားဟန် စတာတွေကြောင့်ပါ။ မနှစ်က အာဆင်နယ်နဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင်ခဲ့ရစဉ် ကလည်း သူတို့က အရမ်းတောင့်တင်းပြီး ကစားရတာ အရမ်းခက်ခဲမှန်း သိခဲ့ရပါတယ်။ ဒါတွေကြောင့်ပဲ အာဆင်နယ်ကို ကျွန်တော် ရွေးခဲ့တာပါ။ ပြီးတော့ ကလပ် အသင်းရဲ့ ခမ်းနားလှပတဲ့ သမိုင်းကြောင်းနဲ့ အံ့ဖွယ် ပရိသတ်တွေပေါ့။ ကျွန်တော် မရောက်လာခင်ကတည်းက ကျွန်တော့် အပေါ်မှာ သူတိုရဲ့ အားပေးမှုတွေက မယုံနိုင်စရာပါ။ အခု သူတို့နဲ့ ကွင်းထဲမှာ ဆုံရတော့မှာမို့လို့ အရမ်း မိုက်ပါတယ်။” လို့ ဆိုခဲ့ပါသေးတယ်။
နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကလည်း တိုက်စစ်မှူးသစ် ဗစ်တာ ယိုကီးရက်စ် အပေါ်မှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဗစ်တာ ယိုကီးရက်စ်ကို အာဆင်နယ် ကလပ် အသင်း ကနေ ပြီးတော့ ဝမ်းမြောက် ဝမ်းသာစွာနဲ့ ကြိုဆိုလိုက်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ အဆင်သင့် အမြဲတမ်း အသုံးပြုနိုင်ခြင်းတွေမှာ တသမတ်ထဲ တည်ငြိမ်လွန်းမှုတွေက ထူးကဲလှပါတယ်။ ဒီအတွက် သူ့ရဲ့ သွင်းဂိုးတွေမှာ ပါဝင် ပတ်သတ်နိုင်စွမ်း မြင့်မားမှုက သက်သေပါပဲ။ ဗစ်တာမှာ အရည်အသွေးကောင်းတွေ အများကြီး ရှိပါတယ်။ လျင်မြန်ပြီး စွမ်းအား ပြည့်ဝလွန်းတဲ့ တိုက်စစ် ကစားသမားပါ။” လို့ အာတေးတားက ဆိုပါတယ်။
“နိုင်ငံနဲ့ ကလပ် အသင်း မှာလည်း အံ့ဖွယ် ဂိုးသွင်းနှုန်း ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားပါတယ်။ အဆုံးသတ်ပိုင်း တိကျပြတ်သားလွန်းပြီး သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်စွမ်း မြင့်မားလှပါတယ်။ သူ့ရဲ့ ၁၈ ကိုက် အတွင်း ဉာဏ်ရည် မြင့်မားတဲ့ ရွှေ့လျားမှုတွေကို ပြိုင်ဘက်ကို တရစပ် ခြိမ်းခြောက်နိုင်ပါတယ်။ ဗစ်တာ အသင်းဆီ ယူဆောင်လာပေမယ့် အရာတွေ အတွက် အရမ်းပဲ ရင်ခုန် စိတ်လှုပ်ရှားနေပြီး သူနဲ့ အလုပ်တွဲလုပ်ရဖို့ မစောင့်နိုင်တော့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဗစ်တာ ယိုကီးရက်စ် ကတော့ မနေ့ကပဲ အာဆင်နယ်ရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာကာ ဆေးစစ်မှုတွေ ပြုလုပ်ပြီး ခပ်မြန်မြန်ပဲ ကြေညာသွားခဲ့တာ ဖြစ်ပြီး အာရှ ခရီးစဉ်ကို သွားရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယိုကီးရက်စ်က ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်နဲ့ ကစားရမယ့် ခြေစမ်းပွဲမှာတော့ ပါဝင်လာဦးမှာ မဟုတ်ပဲ တော့တင်ဟမ်နဲ့ ပွဲမှသာ ပါဝင်လာဖွယ် ရှိနေပါတယ်။ ထူးခြားချက် ကတော့ ဗစ်တာ ယိုကီးရက်စ်ဟာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ပြီး အွန်နရီရဲ့ ၄၈ နှစ်ပြည့် မွေးနေ့မှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာ တွေ့ဆုံရမယ့် အသင်းက ဆရာဟောင်း ရူဘင် အမော်ရင် ကိုင်တွယ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.