နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမှားအယွင်းမရှိလက်စတာကိုအနိုင်ယူပြီးအဆင့်၄နေရာကိုပြန်သိမ်းခဲ့တဲ့ဂန်းနားများ (ပရီးမီးယားလိဂ်ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ်၂-၀လက်စတာစီးတီး

တနင်္ဂနွေနေ့ညရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာတော့ အာဆင်နယ်တို့ လက်စတာစီးတီးကိုအမှားအယွင်းမရှိ ၂-၀ ရလဒ်နဲ့ အနိုင်ယူပြီးအဆင့် ၄ နေရာကိုပြန်လည် ရယူနိုင်ခဲ့ပါတယ်။ တိုက်ပွဲဝင်စိတ်အပြည့်နဲ့ ကစားခဲ့ကြပြီးအချိတ်အဆက်မိမိနားလည်မှုရှိရှိနဲ့ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ထပ် ခြေတစ်လှမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

နည်းပြအာတေးတားအနေနဲ့ပုံမှန်ပွဲထွက်လူစာရင်းကိုအခင်းအကျင်းနဲ့လက်စတာကိုရင်ဆိုင်ခဲ့ပြီးတိုက်စစ်မှာလာကာဇက်၊ ဆာကာ၊ မာတင်နယ်လီ၊ ကွင်းလယ်မှာအိုဒီဂတ်၊ သောမက်စ် ပါတေး၊ ချာကာ၊ ခံစစ်နဲ့ ဂိုးမှာတီယာနီ၊ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ စီဒရစ်၊ ရမ်းစ်ဒေးလ် တို့ပဲပါဝင်ခဲ့ပါတယ်။ လက်စတာစီးတီးကတော့ ဗာဒီဒဏ်ရာရနေလို့ တိုက်စစ်မှာအီရန်နာချိုကိုအထောင်ထားပြီးမက်ဒီဆင်၊ ဟာဗေးဘန်းစ်၊ အောလ်ဘရိုက်တန်တို့နဲ့ ပံ့ပိုးစေခဲ့ပါတယ်။ ကွင်းလယ်မှာဒရူးဘယ်ရီဟောလ်နဲ့ မန်ဒီကိုတွဲဖက်ပေးခဲ့ပြီးခံစစ်နဲ့ ဂိုးမှာတော့ လုခ်သောမက်စ်၊ ပရဲရား၊ အမာတေး၊ ဆွိုင်ယွန်ချူ၊ ကတ်စပါ ရှမိုက်ကယ်တို့ ပွဲထွက်လာခဲ့ပါတယ်။

လာလီဂါ
အလာဗတ်ဇ်
ဂရာနာဒါ
1X2 သရေ @ 3.25
အလာဗတ်ဇ် အာရှ ဟန်းဒီးကပ် -0.50 @ 2.14
ဂိုးအောက် 2.00 ဂို@ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဆင်နယ်တို့ ပွဲစကတည်းကပွဲကိုလိုသလိုထိန်းချုပ်နိုင်ခဲ့ပြီးပွဲချိန် ၁၁မိနစ်မှာတင်ပဲဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ မာတင်နယ်လီရဲ့ ထောင့်ကန်ဘောကနေသောမက်စ် ပါတေးကခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပြီးသိပ်မကြာခင်မှာလည်းဧရိယာထိပ်ကပါတေးရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့်တိုင်ထိထွက်သွားခဲ့တာကြောင့်အာဆင်နယ်တို့ ဒုတိယဂိုးနဲ့ ဝေးခဲ့ရပါတယ်။ အဲ့နောက် အာဆင်နယ် တို့ပဲပွဲကိုဆက်လက် စိုးမိုးထားနိုင်ခဲ့ပြီးအခွင့်အရေးတွေထပ်ရပေမယ့်မာတင်နယ်လီနဲ့ဆာကာတို့အလောတကြီးကန်ခဲ့လို့နောက်ထပ် ၂ဂိုးလောက်ရသင့်ပေမယ့်ပထမပိုင်းအပြီးမှာတော့ ၁-၀ ရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ဒါ့ပအပြင်ဂိုးဧရိယာထဲမှာဆာကာပြစ်ဒဏ်ကျူးလွန်ခံရပေမယ့်ပယ်နယ်တီမရခဲ့တာ၊ဂါဘရီယဲလ်ကိုတံတောင်နဲ့တွတ်တဲ့နာချိုအဝါပဲထိခဲ့တာတွေကထုံးစံအတိုင်းပရီးမီးယားလိဂ် ဒိုင်တွေကိုမေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လက်စတာတို့ အပြန်အလှန် ကစားလာနိုင်ခဲ့လို့ အာဆင်နယ်တို့ ခံစစ်ကိုပြန်လည် အာရုံစိုက်ခဲ့ရပါတယ်။ ထုံးစံအတိုင်းညာနောက်ခံလူစီဒရစ်ရဲ့ အားနည်းချက်တွေကိုလက်စတာတို့ အသုံးချနိုင်ခဲ့လို့ အခွင့်အရေးတချို့ ပြန်ရခဲ့ပေမယ့် ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် လက်စတာတို့ ချေပဂိုးရဖို့ တော်တော်လေးခက်ခဲခဲ့ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ လက်စတာတို့ သံပတ် အားလျော့လာခဲ့လို့ အာဆင်နယ်တို့ပဲပွဲကိုပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၉မိနစ်အရောက် မှာတော့အာဆင်နယ်ရဲ့တိုက်စစ်ဆင်မှုတွေကိုလက်စတာတို့ အသည်းအသန်တားဆီးနေရင်းပါတေးရဲ့ခေါင်းတိုက်ချက်ကိုဆွိုင်ယန်ချူလက်နဲ့တားဆီးမိခဲ့တာကြောင့်ပယ်နယ်တီပေးခဲ့ရပါတယ်။ပင်နယ်တီကိုတော့ လာကာဇက်ကအမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့ပြီးအဲ့နောက် မိနစ် ၉၀ ပြည့်တဲ့ အချိန် အထိအာတေးတားရဲ့ အသင်းကပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ ၂-၀ ရလဒ် နဲ့ပဲပွဲပြီးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

လက်စတာကတော့ပရီးမီးယားလိဂ်အပါအဝင်နောက်ဆုံး၄ပွဲနိုင်ပွဲဆက်မှုရပ်တန့်ခဲ့ရပြီးရမှတ်၃၃မှတ်နဲ့အတူအဆင့်၁၂နေရာမှာဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၂နေရာမှာဆက်လက်ရပ်တည်နေခဲ့တဲ့လက်စတာစီးတီး

အာဆင်နယ်ဟာတစ်ပွဲထက် တစ်ပွဲကစားပုံတည်ငြိမ်လာခဲ့သလိုကစားသမားတစ်ဦးချင်းစီတိုင်းကိုချီူးကျူးစရာခြေစွမ်းတွေနဲ့ မြင်တွေ့နေရပါတယ်။ ဆာကာ၊ မာတင်နယ်လီတို့ကတော့ ပြောစရာမလိုအောင် ခြေစွမ်းကောင်းတွေကိုဆက်ထိန်းထားနိုင်ခဲ့ပြီးအထောင် တိုက်စစ်မှူးလာကာဇက် ကလည်းဂိုးသွင်းဖို့ သက်သက် မဟုတ်တော့ပဲတိုက်စစ် အတွက် အကောင်းဆုံးချိတ်ဆက်ပေးသူဖြစ်လာပါတယ်။ နေရာစုံကကစားသမားတွေဂိုးသွင်းလာနိုင်တာကြောင့် အထောင်တိုက်စစ်မှူးတစ်ဦးမဖြစ်မနေဝယ်ယူဖို့ လိုအပ်နေတယ် ဆိုတဲ့ သုံးသပ်ချက်တွေကိုတောင် ပြန်ပြင်ရမလိုပါပဲ။ ချာကာနောက် သိပ်ဆင်းစရာမလိုတော့ပဲခံစစ်ကိုပါတေးနဲ့ လွှဲထားနိုင်သလိုဒီနေ့ပွဲမှာရေဘဝဲကြီးအနေနဲ့ ဂိုးပါသွင်းနိုင်ခဲ့တော့ အာတေးတားအတွက် တကယ့်ကိုကျေနပ်စရာဖြစ်ခဲ့မှာအသေအချာပါပဲ။အိုဒီဂတ်ရဲ့ ဘောလုံးထိချက်တိုင်းဟာအသင်းပရိသတ်တွေကိုရင်သပ် ရှုမောစရာဖြစ်နေစေပြီးနော်ဝေသားတစ်ယောက် ဒီနေ့ပွဲမှာလည်းဘောလုံးပေးပို့မှု ၅၆ ကြိမ်မှာ ၄၅ ကြိမ် တိကျခဲ့သလိုအခွင့်အရေးဖန်တီးမှု ၆ ကြိမ် အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းပြမှုတွေကတော့ လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဒ်ဂျားစ်ကိုအံ့ဩမင်သက် ချီးကျူးစေရတဲ့ အထိပြောင်မြောက်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာအာဆင်နယ် တစ်သင်းလုံးနီးပါးအပြစ်ပြောစရာမရှိခဲ့ပေမယ့် ညာနောက်ခံလူစီဒရစ်ရဲ့ ခြေစွမ်းအားနည်းချက် ကတော့ ပေါ်လွင်ခဲ့ပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ်အာဆင်နယ်တို့နောက်ဆုံး၁၁ပွဲမှာ၉ပွဲအထိအနိုင်ရခဲ့ပြီးပရီးမီးယားလိဂ်၅ပွဲဆက်အနိုင်နဲ့ အတူအဆင့်၄အတွက်ခြေလှမ်းမှန်မှန်နဲ့ရှေ့ဆက်နေဆဲလို့ပဲဆိုရပါမယ်။ လက်စတာကတော့ ပရီးမီးယားလိဂ်အပါအဝင် နောက်ဆုံး ၄ ပွဲနိုင်ပွဲဆက်မှုရပ်တန့်ခဲ့ရပြီးရမှတ် ၃၃ မှတ်နဲ့ အတူအဆင့် ၁၂ နေရာမှာဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် မတ်လ ၁၇ ရက်နေ့မှာကလော့ပ်ရဲ့ လစ်ဗာပူးလ်ကိုအန်းမရိတ်စ်မှာဧည့်ခံကစားရဖို့ ရှိပြီးလက်စတာစီးတီးကတော့ မတ်လ ၁၈ ရက်နေ့မှာရန်းနက်စ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဒုတိယအကျော့ ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်