နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် သို့မဟုတ် လစ်ဗာပူးလ် ချန်ပီယံ ဖြစ်ရင် နွေရာသီ ပြင်ဆင်မှုကြောင့်လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ဒီရာသီမှာ အာဆင်နယ် ဒါမှမဟုတ် လစ်ဗာပူးလ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရင် နွေရာသီ ပြင်ဆင်မှုကြောင့်လို့ ဟာသနှော ပြောကြားသွားခဲ့ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးက ၄ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး ဒီတစ်ပတ်မှာ အဓိက ပြိုင်ဘက် အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် မှာ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်နဲ့ ၆ မှတ်၊ အာဆင်နယ်နဲ့ ၃ မှတ် အကွာ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် မနက်ဖြန်ညမှာ ကစားမယ့် အာဆင်နယ်နဲ့ အဝေးကွင်း ပွဲစဉ်က မန်စီးတီးတို့ အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ရေး အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်နေပါတယ်။

ဒီအချိန်မှာ ဂွါဒီယိုလာက “ကျွန်တော့် မိတ်ဆွေ မီခေးလ် အာတေးတား ပရီးမီးယားလိဂ် ဖလား ရရင် သူ ငွေသုံးစွဲခဲ့လို့ပါပဲ။ သူ့အလုပ်ကြောင့် မဟုတ်ပါဘူး။ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ဖလားရခဲ့ရင်လည်း အတူတူပါပဲ။ မန်စီးတီးသာ ဖြစ်ခဲ့ရင်ရော မှန်ရဲ့လား။”လို့ ဂွါဒီယိုလာ က အရွှန်းဖောက် မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာက ဒီလို လုပ်ဆောင်တယ် ဆိုတာ ကလပ် အသင်း အားလုံးဟာ သူတို့နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရခြင်းမျိုး ဖြစ်ပြီး ထိပ်တန်းလိဂ် ပြိုင်ပွဲရဲ့ ပုံမှန် အစိတ်အပိုင်းပဲလို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက ပြီးခဲ့တဲ့ ရာသီက အမ်းမရိတ်စ်မှာ ၁-၅ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကို မမေ့နိုင်သေးကြောင်းလည်း ဝန်ခံခဲ့သလို မန်စီးတီးကို ပြီးခဲ့တဲ့ ရာသီ ကထက် ပိုကောင်းတဲ့ အနေအထား လိုချင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက အာဆင်နယ်ကို နောက်ဆုံး ၅ ပွဲဆက် အနိုင်မရထားပဲ အမ်းမရိတ်စ် မှာတော့ နောက်ဆုံး ၂ ကြိမ်ဆက် ရှုံးထားပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်မှာ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်နဲ့ ၆ မှတ်၊ အာဆင်နယ်နဲ့ ၃ မှတ် အကွာ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဖလားလက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတဲ့ မန်စီးတီး

အကယ်၍ မန်စီးတီးသာ ဒီပွဲမှာ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ အမှတ် ပိုပြတ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာ ကတော့ ဒီပွဲ ရလဒ်က အဆုံးအဖြတ် ဖြစ်နိုင်မယ်လို့ မယုံကြည်ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက “ဒါက ပဉ္စမမြောက်ပွဲပါ။ ထပ်လာပါဦးမယ်။ ကျွန်တော် ရောက်တုန်း ဘရိုင်ယန် ကစ်က ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပြောစကားကို ပြန်ပြောဖူးပါတယ်။ ‘ပရီးမီးယားလိဂ်မှာ Boxing Day အထိ ထိပ်ဆုံး ၄ သင်းနဲ့ နီးကပ်အောင်နေဖို့ လိုတယ်’ တဲ့။ အဲဒီနောက် စဉ်းစားကြည့်နိုင်ပါတယ်။”

“ပြီးခဲ့တဲ့ ရာသီက Boxing Day အပြီးမှာ ကျွန်တော်တို့ တခြားနိုင်ငံကို ရောက်နေခဲ့ပါတယ်။ အဲဒါကြောင့် ဘာတွေဖြစ်မလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ၆ ကြိမ် ဖြစ်ခဲ့ချိန်မှာ ၄ ကြိမ်၊ ၅ ကြိမ်လောက်က ဒီဇင်ဘာ ဒါမှမဟုတ် ဇန်န၀ါရီလမှာ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ရဲ့ အနောက်မှာ ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော်တို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ မဟုတ်သလို တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆုံးရှုံးလိုက်ရမှာလည်း မဟုတ်ပါဘူး။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်