ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် ပရော်ဖက်ရှင်နယ် သွင်းဂိုး ၃၀ဝ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဟာလန်းဟာ ဂျူဗင်တပ်စ်ကို ၂-၅ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုး ရရှိခဲ့ပြီးနောက် သွင်းဂိုး ၃၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း သွင်းဂိုး ၃၀၀ ပြည့်ဖို့ ပွဲပေါင်း ပွဲပေါင်း ၃၇၀ သာ ကစားခဲ့ရပါတယ်။ ဒါဟာ မော်ဒန် ဘောလုံး ကမ္ဘာရဲ့ ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကီလီယန် အမ်ဘာပေးထက် ပိုမြန်တဲ့ စံချိန်လည်း ဖြစ်ပါတယ်။ ESPN Research ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဂိုးပေါင်း ၃၀၀ ပြည့်ဖို့ ပွဲပေါင်း ၅၅၄ ပွဲ၊ မက်ဆီက ၄၁၈ ပွဲ၊ အမ်ဘာပေးက ၄၀၉ ပွဲ ကစားခဲ့ရပါတယ်။
ဟာလန်းဟာ မိုလ်ဒီမှာ ပွဲ ၂၀ ကစားပြီး ဂိုး ၂၀၊ ဆဲလ်ဘာ့ဂ်မှာ ၂၇ ပွဲ ကစားပြီး ၂၉ ဂိုး၊ နော်ဝေမှာ ၄၂ ပွဲ ကစားပြီး ၄၃ ဂိုး၊ ဒေါ့မန်မှာ ၈၉ ပွဲ ကစားပြီး ၈၆ ဂိုး၊ မန်စီးတီး မှာတော့ ၁၄၅ ပွဲ ကစားပြီး ၁၂၃ ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ ပပ် ဂွါဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၂ ကြိမ် သိမ်းပိုက်ထားနိုင်တဲ့ ဟာလန်း ဆီက အခုထက် ပိုတဲ့ စွမ်းဆောင်ရည်တွေ လိုချင်နေဆဲ ဖြစ်ပါတယ်။ ဂွါဒီယိုလာ ကတော့ သူ့ရဲ့ ကစားသမားတွေ ဆီကနေ အမြဲတမ်းလိုလို အကောင်းဆုံးတွေ ကိုသာ တောင်းဆိုတတ်တဲ့ အပြင် အခုလည်း ဟာလန်း ဆီကနေ ဘာတွေ လိုချင်တယ် ဆိုတာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော် အာလင်း (ဟာလန်း) ဆီကနေ တောင်းဆိုတာက ပထမဦးဆုံး လှုပ်ရှားမှုတွေ အမြန်ဆုံး ပြုလုပ်ဖို့ပါပဲ။ အဲ့ဒီထက် ပိုတဲ့ ပြင်းထန်မှုတွေတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် သူက စက်ရုပ် တစ်ရုပ်လို ဖြစ်နေရပါမယ်။ ပြီးတော့ ကျွန်တော် တို့က သူ့ကို ပံ့ပိုးကူညီပေးရမယ်။ တစ်ခါတစ်လေ သူက ရှေ့ကို ပြေးထွက်သွားပေမယ့် ကျွန်တော် တို့ရဲ့ ကစားသမားတွေက လိုက်မသွားနိုင်တဲ့ အခါတွေ ရှိတယ်။ ဒီနေ့ပွဲ မှာတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲ့ဒီနေရာကို ရောက်အောင်သွားနိုင်ခဲ့ကြတယ်။
ကျွန်တော် ပြောနိုင်တာ တစ်ခု ကတော့ ဂုဏ်ယူပါတယ်ပေါ့။ သူက အသက် ၂၄ နှစ် အရွယ်နဲ့ ဂိုးပေါင်း ၃၀ဝ ပြည့်ခဲ့ပါပြီ။ ကျွန်တော် တိုက်စစ်မှူးတွေကို အရမ်းပဲ လေးစားပါတယ်။ အာလင်း အတွက် သူဂိုးသွင်းနိုင်ခဲ့တဲ့ အတွက်နဲ့ နေရာကျဉ်းကျဉ်းလေးတွေ ထဲမှာ ပါဝင်ကစားနိုင်ခဲ့တဲ့ အတွက် အရမ်း အရမ်းပဲ ဝမ်းသာမိပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားနိုင်တဲ့ အပေါ် မှာလည်း ကျေနပ်နေပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဂွါဒီယိုလာက “ကျွန်တော့် အမြင်အရတော့ မနှစ်က ရာသီမှာ ကျွန်တော် တို့မှာ မယုံနိုင်လောက်အောင် ကောင်းတဲ့ လူစာရင်းနဲ့ အသင်း တစ်သင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား ၅၀ ရာခိုင်နှုန်းလောက်က ဒဏ်ရာတွေနဲ့ လုံးပန်းနေခဲ့ရတော့ အသင်းရဲ့ အဆင့် ကျဆင်းသွားပြီး ကောင်းကောင်း မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ ဒီရာသီမှာတော့ ကျွန်တော်တို့ ဒီအရှိန်အဟုန်ကို တတ်နိုင်သမျှ အကြာဆုံး ထိန်းသိမ်းသွားဖို့ ကြိုးစားရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပြီး လာမယ့် ရာသီ မှာတော့ အောင်မြှင်မှုတွေ ပြန်လည် ရရှိဖို ပစ်မှတ်ထားလျက် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.