နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘောလုံးသမိုင်းမှာ အပြောင်းအရွှေ့ အသုံးစရိတ် ယူရို ၂ ဘီလီယံကျော် သုံးစွဲတဲ့ ပထမဦးဆုံး နည်းပြ ဖြစ်လာတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူပြီးနောက် ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၂ ဘီလီယံကျော် သုံးစွဲတဲ့ ပထမဦးဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ၂၀၀၈ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီးတော့ ဆုဖလား အောင်မြင်မှု များစွာ ရယူပေးထားသူ ဖြစ်ပါတယ်။ 

စပိန် လူမျိုး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာကို စတင် ကိုင်တွယ်ခဲ့ပြီး နည်းပြလောကကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် အထိ ဘာစီလိုနာကို ကိုင်တွယ်ခဲ့ပြီးတော့ နိုင်ပွဲ ၇၃ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အဲဒီနောက် ဘေယန်မြူးနစ်မှာ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် အထိ ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ ရာခိုင်နှုန်း ၇၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဂွါဒီယိုလာက ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကိုတော့ ၅၃၃ ပွဲ ကိုင်တွယ်ထားပြီး နိုင်ပွဲ ၃၈၃ ပွဲ၊ သရေ ၆၇ ပွဲနဲ့ ရှုံးပွဲ ၈၃ ပွဲ ရှိပြီး နိုင်ပွဲ ရာခိုင်နှုန်း ၇၂ ရာခိုင်နှုန်း ရှိထားပါတယ်။

မန်စီးတီး ကတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ကိုင်မြှောက်နိုင်ရေး ပစ်မှတ်ထားနေပါတယ်။
ဘေယန်မြူးနစ်မှာ နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရရှိထားခဲ့တဲ့ ပပ် ဂွါဒီယိုလာ

ဂွာဒီယိုလာ အနေနဲ့ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဂျာမန် ဘေယန်မြူးနစ် မှာတော့ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် ဂွါဒီယိုလာက မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ 

ဒီလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂွါဒီယိုလာက နည်းပြ ဘဝ သက်တမ်း တစ်လျှောက်လုံးမှာ ကစားသမား ခေါ်ယူမှုတွေ အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို ၂ ဘီလီယံကျော် အထိ အသုံးပြုထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာဟာ ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး ၂ ဘီလီယံကို ကျော်လွန်တဲ့ ပထမဦးဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဂွါဒီယိုလာ

ပြီးနောက် ပြောင်းရွှေ့ကြေး သုံးစွဲမှု အများဆုံး အဖြစ် အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ယူရို ၁.၃၁ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အေစီမီလန် နည်းပြ မက်စ် အယ်လီဂရီက ယူရို ၁.၂ ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးက ဒီနွေရာသီမှာလည်း တီဂျန်နီ ရီအင်ဒါ အတွက် ပေါင် ၄၆ သန်း၊ ရေယန် အစ်နူရီ အတွက် ပေါင် ၃၁.၇ သန်း၊ ရေယန် ချာကီ အတွက် ပေါင် ၃၄ သန်း အင်္ဂလန် ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် အတွက် ပေါင် ၃၁ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ မန်စီးတီး ကတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ကိုင်မြှောက်နိုင်ရေး ပစ်မှတ်ထားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်