နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ရောင်းဖို့ လုပ်နေလို့ အသင်းပြောင်းတော့မယ် ဆိုပြီး ကောလာဟလတွေ ထွက်လာပြန်တဲ့ ဂါနာချို | ပရီးမီးယားလိဂ်z

မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချို ကတော့ သူဝယ်ယူထားတဲ့ ပေါင် ၃.၉ သန်းတန် စံအိမ်ကြီး ကိုတော့ တစ်နှစ် အကြာမှာပဲ ပြန်လည် ရောင်းချဖို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့နဲ့ ပရီးမီးယားလိဂ် ကလပ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ ကောလဟာလတွေ များစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဂါနာချို ကတော့ ဘိုဒန်မြို့မှာ ရှိတဲ့ အဲဒီ စံအိမ်ကို ပြီးခဲ့တဲ့ ဧပြီလ ကမှ ဝယ်ယူခဲ့တာ ဖြစ်ပြီး အခုလို ပြန်ရောင်းချဖို လုပ်ဆောင်နေတာဟာ လာမယ့် နွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာနိုင်ချေ ရှိနေကြောင်းကို ပြသနသလို ဖြစ်နေကြောင်း Daily Mail က ဖော်ပြပါတယ်။ ဒါပေမယ့် အဲဒီ သတင်းမှာပဲ ဂါနာချိုက ယူနိုက်တက် ကနေ ထွက်ခွာလိုခြင်း မရှိကြောင်း နီးစပ်သူတွေကို ဖွင့်ဟထားကြောင်းလည်း ဖော်ပြပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဂါနာချိုက သူ့ရဲ့ ညီဖြစ်သူနဲ့ တခြား မိသားစုဝင်တွေ အင်္ဂလန်မှာ အချိန်ပြည့် နေထိုင်ချိန်မှာတုန်းက အဆိုပါ အိမ်ကို ဝယ်ယူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မှာတော့ ဂါနာချိုရဲ့ မိသားစုဝင်တွေဟာ စပိန်ကို ပြန်သွားကြပြီ ဖြစ်တာကြောင့် သူနဲ့ သူ့ရဲ့ ဇနီး ဖြစ်သူ အီဗာတို အတွက် အခုထက် ပိုသေးငယ်တဲ့ အိမ်တစ်ခုကို ရှာဖွေနေတာကြောင့် အခုလို အိမ်ရောင်းဖို့ လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဂါနာချိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာကတည်းက ယူနိုက်တက် ကနေ ထွက်ခွာဖို့ တော်တော်လေး နီးစပ်ခဲ့သူ ဖြစ်ပြီးတော့ နာပိုလီနဲ့ ချဲလ်ဆီး တို့က သူ့ကို ခေါ်ယူဖို စိတ်ဝင်စားခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ လက်ရှိ မှာလည်း ယူနိုက်တက်က လာမယ့် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ရန်ပုံငွေ ရှာဖွေဖို့ လိုအပ်နေပြီး ဂါနာချိုကို ရောင်းချဖို့ အစီအစဉ်က ပြန်လည် အသက်ဝင်လာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီးတော့ ခက်ခဲတဲ့ လက်ကျန် ပွဲစဉ်တွေကိုလည်း ကျော်ဖြတ်ရဦးမှာပါ။
ဂါနာချိုကို ရောင်းထုတ်ချင်နေတဲ့ ယူနိုက်တက် နည်းပြ အမော်ရင်

ဒါပေမယ့် လက်ရှိအချိန်မှာ ဂါနာချိုဟာ ရာသီကုန် အထိ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် အောင်မြင်မှု မျှော်လင့်ချက် အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဂါနာချိုဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီမှာ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပြီးတော့ ထူးထူးခြားခြားတော့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့အနေနဲ့ လိုင်ယွန်နဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် မှာလည်း အဓိက ကစားသမား အဖြစ် ပါဝင်နိုင်ဖို့ အားခဲထားမှာလည်း သေချာပါတယ်။

အသက် ၂၀ အရွယ် အာဂျင်တီးနား တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချို ကတော့ ဒီနှစ် ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ အထိ ပါဝင် ကစားပေးထားပြီး ၉ ဂိုး သွင်းကာ ၈ ဂိုး ဖန်တီးထားပါတယ်။

ဒါပေမယ်လည်း ဂါနာချိုဟာ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း မတူညီတာကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီးတော့ ခက်ခဲတဲ့ လက်ကျန် ပွဲစဉ်တွေကိုလည်း ကျော်ဖြတ်ရဦးမှာပါ။ ယူနိုက်တက်ဟာ ဧပြီ ၁၁ ရက်နေ့မှာတော့ လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်