မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချို ကတော့ ပရီးမီးယားလိဂ် မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကစားသမားရဲ့ ခြေစွမ်းကို နည်းပြ ရူဘင် အမော်ရင် ကတော့ သဘောမကျ ဖြစ်နေတာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေပြီး အသင်းသစ် ရှာဖွေဖို့လည်း ညွှန်ကြားထားတာပါ။
သတင်းတွေရဲ့ ဖော်ပြချက်အရ ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် အတွက် ချန်လှပ်ခံရတဲ့ ကစားသမား ၅ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဂါနာချိုက အသင်းပြောင်းဖို့သာ အာရုံစိုက်နေရပြီးတော့ ကလပ် အသင်း များစွာ ကလည်း သူ့ကို စိတ်ဝင်စားနေတာကြောင့် ဘယ်အသင်းကို ရွေးချယ်မလဲ ဆိုတာ ဆုံးဖြတ်ရတော့မှာလည်း ဖြစ်ပါတယ်။
ဂါနာချိုကို ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ် တချို့နဲ့ စီးရီးအေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားသလို၊ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဂါနာချိုက သူ့ရဲ့ Idol ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွဲဖက် ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီးတော့ ပရီးမီးယားလိဂ် အသင်း တစ်သင်း ကိုသာ ရွေးချယ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
လက်ရှိမှာ ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ကတော့ ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ နော့တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ စပါးနဲ့ ဝုဗ်တို့ ဖြစ်ပါတယ်။ ဂါနာချိုဟာ ယူနိုက်တက်မှာ အနာဂတ် မရှိတော့တာကြောင့်တော့ ဒီနွေရာသီမှာ ကျိန်းသေပေါက် ထွက်ခွာရဖို့ ရှိနေပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ ကလပ် တစ်ခုခုကိုတော့ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ဂါနာချိုဟာ ဥရောပမှာ ဆက်နေဖို့က သူ့ရဲ့ ဦးစားပေး ရည်မှန်းချက် ဖြစ်ပြီး ချဲလ်ဆီး၊ နာပိုလီနဲ့ အပြောင်းအရွှေ့တွေ ဖြစ်သွားမလား ဆိုတာလည်း ဆက်လက် စောင့်ကြည့်ရဦးမှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ခေါ်ယူဖို သတင်းထွက်ခဲ့ဖူးတဲ့ ချဲလ်ဆီးဟာ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ဂါနာချိုကို အလဲအလှယ် လုပ်ချင်နေပြီး မကြာခင်မှာ ကမ်းလှမ်းဖွယ်တော့ ရှိနေပါတယ်။ ဒါ့အပြင် နာပိုလီ ကလည်း ဂါနာချိုကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ကလပ် ဥက္ကဋ္ဌ အော်ရယ်လီယို ဒီ လောရန်းတစ် ကိုယ်တိုင်က ဒီကစားသမားကို ယူနိုက်တက် ကနေ ဆွဲထုတ်ချင်တဲ့ ပုံစံမျိုး ပြောကြားခဲ့ဖူးပါတယ်။
ဒီလော်ရန်းတစ်က ဂါနာချိုရဲ့ အလားအလာဟာ ယူနိုက်တက်မှာ အပြည့်အဝ အကောင်အထည် မပေါ်ကြောင်း ကစားသမားကို သူတို့ လိုချင်ကြောင်း ဂါနာချိုကို ယူနိုက်တက် ကနေ ထုတ်လိုက်ရင် နှစ်ဆ ပိုကောင်းလာမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့သူပါ။ ဒါပေမယ့်လည်း ယူနိုက်တက်က ဂါနာချို အတွက် ပေါင် သန်း ၇၀ လိုချင်နေတာကြောင့် ခေါ်ယူချင်တဲ့ ကလပ်တွေ အတွက် ပြောင်းရွှေ့ကြေးက အတားအဆီး တစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ လုပ်ခလစာကြောင့် ယူနိုက်တက် အနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ထက် ပိုမိုလွယ်ကူစွာ ထွက်ခွာခွင့်ပေးဖွယ်တော့ ရှိနေပါတယ်။
လက်ရှိမှာ ယူနိုက်တက်ကို မားသီးယက်စ် ကူညာ တစ်ဦးသာ ရောက်ရှိသေးတာကြောင့် တခြားသော ကစားသမားတွေ ခေါ်ယူဖို့ အတွက်လည်း လုပ်ဆောင်ရဦးမှာပါ။ ဒီလို ခေါ်ယူဖို့ ဆိုရင် အသင်း အတွက် မလိုအပ်တော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ ကလည်း အဓိကကျနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.