နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကိုရင်သီယန် ကသာ ခေါ်ရင် မနက်ဖန် အာဆင်နယ်က ထွက်မယ် ဆိုတဲ့ ဂါဘရီရယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဗဟိုခံစစ်မှူး ဂါဘရီရယ် မက်ဂါဟေးစ် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အံ့အားသင့်ဖွယ် စကားတွေ ပြောဆိုလာခဲ့ပါတယ်။ ဂါဘရီရယ်က သူ့ရဲ့ အိပ်မက် ကလပ်ဟာ ကိုရင်သီယန် ဖြစ်ပြီး အကယ်၍ အဲ့ဒီ ကလပ်ကသာ ကမ်းလှမ်းလာခဲ့ရင်တော့ မနက်ဖြန်မှာ ချက်ချင်းပဲ အာဆင်နယ် ကနေ ထွက်ခွာမယ်လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ဂန်းနား နောက်ခံလူဟာ လက်ရှိမှာ အာဆင်နယ် အသင်းရဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာဆို ဝိလီယမ် ဆလီဘာနဲ့ တွဲဖက်ပြီး သူဘယ်လောက် အရေးပါခဲ့သလဲ ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘရာဇီးသားက သူ့ရဲ့ ‘အိပ်မက်’ ကလပ် ကိုရင်သီယန် ဆီက ကမ်းလှမ်းမှုကို ကြားလိုက်ရတာနဲ့ အခု လက်ရှိ အရာတွေ အားလုံးကို ချန်ထားခဲ့မိမှာ ဖြစ်ကြောင်း ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

Cartoloucos Youtube ချန်နယ်နဲ့ အင်တာဗျူးမှာ ဂါဘရီရယ်က သူ့ရဲ့ ဇာတိ နိုင်ငံကို ပြောင်းရွှေ့နိုင်ဖွယ် ရှိကြောင်း စိတ်လှုပ်ရှားစွာ မျှဝေခဲ့ပြီး “မနက်ဖြန်” မှာ ထွက်ခွာမယ်လို့ ရယ်မောပြီး ပြောကြားခဲ့ပါတယ်။ 

ဂါဘရီရယ်က “ကိုရင်သီယန်မြို့က ကျွန်တော် မွေးဖွားရာ မြို့ ဖြစ်ပါတယ်။ ဒီနေ့တော့ အပြောင်းအလဲတွေ ရှိမယ် မထင်ပါဘူး။ ကျွန်တော် ရထားနဲ့ ကိုရင်သီယန်ကို သွားပြီး ပွဲတွေ ကြည့်ဖြစ်ပါတယ်။ ဒါက ကျွန်တော့်အိပ်မက်ပါ၊ ကိုရင်သီယန် အတွက် ကစားချင်တယ်၊ အဲဒီစွမ်းအင် ကိုလည်း ခံစားချင်တယ်။” လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး ဂါဘရီရယ်က “ဒါက စဉ်းစားစရာတစ်ခုပါ။ တစ်ခါတလေ ကျွန်တော် ကိုရင်သီယန်မှာ ကစားဖို့ အိပ်မက် ရှိလား ဆိုပြီး တွေးမိပါတယ်။ နောက်ပြီး ကျွန်တော် ကိုရင်သီယန်မှာ ဘယ်တော့ ကစားမှာလဲ ဆိုတာပါ။ မနက်ဖြန် ကျွန်တော် ကိုရင်သီယန် မှာရှိမယ် ဆိုတော့ မယုံနိုင်လောက်စရာပါပဲ၊ ကိုရင်သီယန် ပရိသတ်တွေရဲ့ စွမ်းအားကို ဖြစ်နိုင်ရင် အမြန်ဆုံး ခံစားချင်တာကြောင့်ပါ။ 

ဂါဘရီရယ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ထိပ်တန်း အသင်းတွေရဲ့ မျက်စိကျခြင်း ခံနေရပေမယ့် အာဆင်နယ် ကတော့ အခု နွေရာသီမှာ သူတို့ရဲ့ နောက်ခံလူကို ရောင်းချဖို့ ရည်ရွယ်ချက် မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ ဂါဘရီရယ်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပါတယ်။ 

တစ်ဖက် မှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ လာမယ့် နွေရာသီမှာ ကစားသမား တချို့ ခေါ်ယူပြီး အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။ ခံစစ်နဲ့ ကွင်းလယ်ထက် အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်ချင်နေပြီး ကစားသမား အများအပြားနဲ့လည်း ချိတ်ဆက်ထားတာ တွေ့ရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အာဆင်နယ်ရဲ့ တိုက်စစ်မှူး ပစ်မှတ် စာရင်းထဲမှာ ဘင်ဂျာမင် ဆက်စ်ကို၊ အိုင်ဗန် တိုနေး၊ ဗစ်တာ အိုဆင်မ်ဟန်၊ အလက်ဇန္တား အိဆက်ခ် တို့ ပါဝင်နေပါတယ်။ ဒီထဲမှာမှ ဆက်စ်ကိုနဲ့ အိုဆင်မ်ဟန် တို့ဟာ အာဆင်နယ်နဲ့ သတင်းတွေ အထွက်ဆုံး ဖြစ်ပြီး အိဆက်ခ် ကတော့ သူကိုယ်တိုင်က နယူးကာဆယ်မှာ ဆက်နေချင်သလို ပြောင်းရွှေ့ကြေး ကလည်း များပြားဖို့ ရှိနေတာကြောင့် ဖြစ်နိုင်ချေ အနည်းဆုံး ဖြစ်ပါတယ်။ ဆက်စ်ကို ကတော့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပေမယ့် အာဆင်နယ် အနေနဲ့ ချဲလ်ဆီးနဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်