နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်မှာ နယ်သာလန် အစုအဖွဲနဲ့ သွားရောက် ပူးပေါင်းချင်နေတဲ့ ဖရင်ပေါင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အသင်းရဲ့ ငယ်မွေး ခြံပေါက် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့ လမ်းခွဲရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆလော့တ်ရဲ့ အသင်းက ဒီအင်္ဂလန်သားရဲ့ နေရာမှာ အကောင်းဆုံး ပြန်လည် ဖြည့်တင်းနိုင်ဖို့ ငယ်ရွယ်ပြီး ထိပ်တန်း အဆင့် ရှိတဲ့ ကစားသမားတွေကို အပြောင်းအရွှေေ့ ဈေးကွက် မစတင်ခင် ကတည်းက ရှာဖွေနေခဲ့တာပါ။

လက်ရှိ မှာတော့ လစ်ဗာပူးလ်က ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ အတူ ထွန်းတောက်လာတဲ့ နယ်သာလန် ကြယ်ပွင့် ဂျရမီ ဖရင်ပေါင်ကို အသည်းအသန် ခေါ်ယူချင်နေပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်ဟာ ကနဦး အနေနဲ့ ဖရင်ပေါင်ရဲ့ အေးဂျင့်တွေနဲ့ စကားပြောနေပြီး ဒီလိုအချိန်မှာ ကစားသမား ကိုယ်တိုင်က အန်ဖီးလ်ကိ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဖရင်ပေါင်ဟာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၉၀ အထိ ကစားထားပြီး ဂိုး ၃၀ သွင်းယူထားကာ ၄၄ ဂိုး ဖန်တီးပေးထားပါတယ်။ ဖရင်ပေါင်ရဲ့ အဓိက ကစားတဲ့ နေရာက ညာခြမ်း ခံစစ် ဖြစ်ပေမယ့်လည်း တောင်ပံ တစ်လျှောက် လွန်းထိုး ကစားနိုင်သလို ထိရောက်တဲ့ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ဖရင်ပေါင်က ဂိုးသွင်း စွမ်းရည်ပါ တိုးတက်လာတာကြောင့် သူ့ကို ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က လစ်လပ်တော့မယ့် အာနိုးလ်ရဲ့ နေရာ အတွက် ဖရင်ပေါင်ကို မှန်ကန်တဲ့ အစားထိုးမှု သတ်မှတ်ပြီး အတည်ပေါက် ကြိုးစားနေပြီလည်း ဖြစ်ပါတယ်။
ညာနောက်ခံလူ နေရာ အပြင် ညာတောင်ပံမှာပါ ကစားနိုင်တဲ့ ဖရင်ပေါင်

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က လစ်လပ်တော့မယ့် အာနိုးလ်ရဲ့ နေရာ အတွက် ဖရင်ပေါင်ကို မှန်ကန်တဲ့ အစားထိုးမှု သတ်မှတ်ပြီး အတည်ပေါက် ကြိုးစားနေပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖရင်ပေါင်က အသက် ၉ နှစ် အရွယ်တုန်းက လစ်ဗာပူးလ်ကို ပြောင်းရွှေ့ချင်ခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ပါသေးတယ်။ ထူးခြားတားက အဲဒီအချိန်တုန်းက သူ့ရဲ့ မိဘတွေဟာ ကားမမောင်းနိုင်တာကြောင့် သူ့ရဲ့ ငယ်ဘဝ အိပ်မက် အကောင်အထည် မပေါ်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ဖရင်ပေါင်က သူ့ အနေနဲ့ အရင်ဆုံး လစ်ဗာပူးလ်ကို ရွေးခဲ့ပြီးတော့ စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်ခဲ့ကြောင်း ဒါပေမယ့်လည်း အဲဒီအချိန်က ကားမောင်းတာ ခေတ်မစားသေးကြောင်း သူ့ရဲ့ မိသားစု ကလည်း ကားမမောင်းတတ်ကြကြောင်း လစ်ဗာပူးလ်မြို့က ဝေးပြီး မန်ချက်စတာနဲ့ နီးတာကြောင့် မန်စီးတီးကို ရွေးချယ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဖရင်ပေါင်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး လူငယ်အကယ်ဒမီမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် စကော့တလန် ကလပ် ဆဲလ်တစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ခုနှစ်မှာ ဆဲလ်တစ်နဲ့ အတူ ဖလား ၃ လုံး အောင်မြင်မှု ရခဲ့ပြီး ဇန်နဝါရီ မှာတော့ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် နယ်သာလန် နောက်ခံလူ အနေနဲ့ လစ်ဗာပူးလ် ကိုသာ ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ နယ်သာလန် အသင်းဖော်တွေ ဖြစ်တဲ့ ဗန်ဒိုက်ခ်၊ ဂက်ခ်ပို၊ ဂရာဗန်ဘက်ချ် တို့နဲ့ အတူ တွဲဖက် ကစားရမှာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖရင်ပေါင်က စိတ်အားထက်သန်လျက် ရှိပြီး နယ်သာလန် လူမျိုး နည်းပြလည်း ဖြစ်တဲ့ အာနေး ဆလော့တ်ရဲ့ လက်အောက်မှာ ကစားရဖို့လည်း ဆန္ဒပြင်းပြနေကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင် ဖရင်ပေါင်ရဲ့ စာချုပ် လျော်ကြေး ကတော့ ပေါင် ၂၉.၅ သန်း (ယူရို ၃၅ သန်း) ကနေ ပေါင် ၃၃.၇ သန်း (ယူရို ၄၀ သန်း)အကြား သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အကယ်၍ လစ်ဗာပူးလ်သာ ဖရင်ပေါင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ၅ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်