နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်မှာ အာနိုးလ်ရဲ့ ကွက်လပ်ကို ဖြည့်ဖို့ စိတ်အားထက်သန်နေတဲ့ ဖရင်ပေါင် | ပရီးမီးယားလိဂ်

ဂျရယ်မီ ဖရင်ပေါင် ကတော့ သူ့အနေနဲ့ လစ်ဗာပူးလ်မှာ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ ခြေရာကို နင်းနိုင်မယ် (ကွက်လပ် ဖြည့်နိုင်မယ်) လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ အလက်ဇန္တား အာနိုးလ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားကြောင်း အတည်ပြုပြီး နာရီပိုင်း အကြာမှာပဲ ဖရင်ပေါင်ကို လေဗာကူဆင် ကနေ အမြန်ဆုံး ပြန်လည် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အသက် ၂၄ နှစ် အရွယ် ကစားသမားကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း (ပေါင် ၂၉.၅ သန်း) နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဒီနွေရာသီဈေးကွက်မှာ ကလပ်ရဲ့ ပထမဦးဆုံး ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက လေဗာကူဆင်တို့ ပထမဦးဆုံး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ရရှိမှာ ဖရင်မ်ပေါင်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သလို ၂၀၂၄-၂၀၂၅ မှာတော့ ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပေးခဲ့ပြီး လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါမှာ ဒုတိယ ရရှိအောင် ကူညီပေးခဲ့ပါတယ်။

တကယ်တော့ နယ်သာလန် လက်ရွေးစင် ဖရင်ပေါင်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စတင်ကတည်းက ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ တခြားသော နောက်ခံလူတွေထက် ဂိုးပိုမို သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဖရင်ပေါင်ဟာ ခံစစ်မှာရော၊ တောင်ပံမှာပါ ကစားနိုင်သူ ဖြစ်ပြီး မာဆေးဆိုက်ဒ် ကလပ်မှာ တောက်ပခဲ့တဲ့ ကြယ်ပွင့် အလက်ဇန္တား အာနိုးလ်ရဲ့ နေရာကို ဆက်ခံနိုင်မယ့်သူ အဖြစ်လည်း ထင်ကြေးပေးခံထားရပါတယ်။

ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ လစ်ဗာပူးမှာ ပြိုင်ပွဲစုံ ၃၅၄ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်နဲ့ ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ် အောင်မြင်မှု ရရှိခဲ့ပါတယ်။ အာနိုးလ်ဟာ လစ်ဗာပူးလ် အတွက် ဂိုးဖန်တီးမှု ၆၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် သမိုင်းရဲ့ ဘယ်နောက်ခံလူတွေထဲမှာ အမြင့်ဆုံး စွမ်းဆောင်နိုင်ခဲ့သူ အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အားနိုးလ်ဟာ ဂိုးပါဝင် ပတ်သတ်မှု ၈၂ ကြိမ် အထိ ရှိခဲ့ပြီး လေတန် ဘိန်း (၈၅ ကြိမ်) ပြီးရင် အများဆုံးလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ ရက်ကပဲ ဖရင်ပေါင်ရဲ့ အသင်းဖော် ဖလော်ရီယန် ဝစ်ဇ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။
ဖရင်ပေါင်ကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းနဲ့ ခေါ်ယူထားတဲ့ လစ်ဗာပူးလ်

“ဒါက ကြီးမားတဲ့ ခြေရာတွေပါ။ ဒါပေမယ့် လစ်ဗာပူးလ်ပဲလေ။ အကြောင်းတစ်ခုခုကြောင့် ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ အသင်းကြီး တစ်သင်းပါ။ ခင်ဗျားက လစ်ဗာပူးလ် အတွက် ကစားမယ် ဆိုရင် ဒီခြေရာတွေကို ဖြည့်နိုင်ဖို့ စွမ်းဆောင်နိုင်င်ရမယ်။ ကျွန်တော် ကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ယုံကြည်ပါတယ်။ ကျွန်တော်က အောင်နိုင်သူပါ။ အဲဒါတွေကို ကျွန်တော် ယူဆောင်လာပါမယ်။” လို့ ဖရင်မ်ပေါင်က Sky Sports ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖရင်ပေါင်က“ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး လိဂ်ပါ။ ကျွန်တော် မန်ချက်စတာမှာ ကြီးပြင်းလာတဲ့ အတွက် အမြဲတမ်း ပြန်လာချင်ခဲ့တယ်။ ဒါက အမြဲတမ်း ကျွန်တော့်ရဲ့ အစီအစဉ်ပါပဲ။ လေဗာကူဆင်မှာ ချန်ပီယံဖြစ်ရခြင်းက ဘယ်လိုမျိုးလဲ ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါကြောင့် ချန်ပီယံ အသင်းမှာ ပါဝင်ရတာက အထူးသဖြင့် လစ်ဗာပူးလ် အတွက် ကစားရတာက အခွင့်ထူး တစ်ခုပါ။ သူတို့ ကစားနေတာကို ကြည့်ဖို့ သူတို့ အတွက် ကစားပေးဖို့ ဆိုတာက ရူးသွပ်စရာပါ။ မန်နေဂျာက အသင်းကို ဘယ်လိုကူညီပေးရမလဲ ဆိုတာ ပြောပြခဲ့ပြီး သူက ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော့်ကို တကယ် သဘောကျပါတယ်။ အဲဒါက ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားနဲ့ ယုံကြည်မှုတွေ ပိုပေးခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဖရင်ပေါင်ဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ တစ်ဦးတည်းသော လေဗာကူဆင် ကစားသမားဟောင်းတော့ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ ရက်ကပဲ ဖရင်ပေါင်ရဲ့ အသင်းဖော် ဖလော်ရီယန် ဝစ်ဇ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။ ဝစ်ဇ်ဟာ ဇာဘီ အလွန်ဆို လက်အောက်မှာ လေဗာကူဆင် အတွက် အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီးတော့ ပွဲပေါင်း ၁၁၉ ပွဲ ကစားရာမှာ ၃၈ ဂိုး သွင်းပြီး ၄၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် လစ်ဗာပူးလ် ကစားသမားသစ် ဖြစ်လာတဲ့ ဝစ်ဇ်နဲ့ ပတ်သတ်လို့လည်း ဖရင်ပေါင်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ဖရင်ပေါင်က “သူက ကျွန်တော့် ဘော်ဒါပါ။ သူက အရမ်းထူးခြားတဲ့ ကစားသမား ဖြစ်ပြီး အလုပ်ကြိုးစားတဲ့သူပါ။ လိဂ်က သူ့ကို သဘောကျပါလိမ့်မယ်။ အများကြီး ပြောနေစရာ မလိုပါဘူး။ သူ့ကို စောင့်ကြည့်ရုံပါပဲ။ သူက ဖိအားတွေ အောက်မှာ ပြိုပျက်မသွားပါဘူး၊ သူက ဖိအားတွေကို နှစ်သက်ပါတယ်။ သူက သူ့ရဲ့ ဘောလုံးကစားပုံနဲ့ ခင်ဗျား တို့ကို ပျော်အောင် လုပ်ပေးမယ့်သူပါ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်