နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်တီဟတ်ကို စွန့်ခွာတော့မယ့် တစ်ချိန်က ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် | ပရီးမီးယားလိဂ်

အင်္ဂလန် တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ အနာဂတ် ပျောက်ဆုံးနေသူလည်း ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ သူ့ကို အမြဲတမ်းလိုလို အားပေးနေခဲ့တဲ့ နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကိုယ်တိုင်က ပုံမှန် ပွဲထွက်ခွင့်နဲ့ ပြိုင်ပွဲဝင်လိုစိတ် ပြင်းပြမှုတွေ ပြန်လည် ရရှိဖို့ အတွက် ဂရီးလစ်ရှ် အနေနဲ့ အသင်း ကနေ ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ပပ်ရဲ့ ပြောစကားတွေကြောင့် ဂရီးလစ်ရှ်ရဲ့ အသင်း ပြောင်းရွှေ့မှု သတင်းတွေဟာ ပိုမို ခိုင်မာလာခဲ့ပြီးတော့ မကြာခင်မှာ အီတီဟတ်ကို စွန့်ခွာဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂရီးလစ်ရ်ကို ကလပ် ကမ္ဘာ့ဖလား အတွက် လူစာရင်း ကနေ အကြောင်းပြချက် တချို့နဲ့ ချန်လှပ်ခဲ့ပြီးနောက်မှာ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ESPN နဲ့ တွေ့ဆုံမှုမှာ ဂွါဒီယိုလာက “သူနဲ့ ကလပ် အသင်း အကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ အသင်းနဲ့ အတူ မလိုက်ပါဘဲ နေခဲ့တာက အကောင်းဆုံး ဖြစ်မယ် ထင်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဂျက်က ထူးခြား ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ပြီးခဲ့တဲ့ ရာသီမှာ သူ ပွဲမကစားခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။ ကျွန်တော်တို့ သူ့ကို ပွဲကစားစေရမယ်လို ဆုံးဖြတ်ထားပါတယ်။ ကလပ် ဘက်ကလည်း ရိုးသားခဲ့သလို သူကိုယ်တိုင် ကလည်း ရိုးသားခဲ့ပါတယ်။ သူ့အနေနဲ့ အက်စတွန်ဗီလာမှာတုန်းကလို ဒါမှမဟုတ် ဖလား ၃ လုံး ရခဲ့တဲ့ ရာသီတုန်းကလို ကစားသမားမျိုး ပြန်ဖြစ်လာဖို့ လိုပါတယ်။ ဒီလို ခံစားရမယ့် နေရာမှာ ပြန်လည် ပြင်ဆင်ဖို့ နေခဲ့တာက အကောင်းဆုံး ဖြစ်တာကြောင့် ကျွန်တော်တို့ အခုလို ဆုံးဖြတ်ခဲ့တာပါ။” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နယူးကာဆယ်နဲ့ အဲဗာတန် တို့က ခေါ်ယူချင်နေသလို စီးရီးအေ ကလပ် နာပိုလီ ကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။
အသင်းပြောင်းဖို့ စဉ်းစားနေပြီ ဖြစ်တဲ့ ဂရီးလစ်ရှ်

တစ်ချိန်က ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေါင် သန်း ၁၀၀ တန် ကစားသမားဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲသာ ပွဲထွက်ကစားခဲ့ရပြီး ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့နိုင်တယ် ဆိုတဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက ဂရီးလစ်ရှ်ရဲ့ ကစားသမားဘဝ ပြန်လည် တိုးတက်လာရေး အတွက် အသင်းပြောင်းရွှေ့ဖို့ အရိပ်အမြွက် ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက “အမှန်တရားကတော့ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ဂရီးလစ်ရှ်က ပွဲထွက် ကစားချိန် သိပ်မရခဲ့ပါဘူး။ သူဟာ ပွဲထွက် ကစားခွင့် ပြန်ရဖို့ လိုအပ်နေပြီး ၃ ရက် ၁ ပွဲ ကစားရတဲ့ အခါ ခံစားရတဲ့ ရင်ခုန်စိတ် လှုပ်ရှားပြီး ကစားချင်စိတ် ပြင်းပြနေတဲ့ ခံစားချက်မျိုးကို ပြန်ရဖို့ လိုအပ်နေတာပါ။ အဲ့ဒီအခါကျရင် သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည် ပြသနိုင်ပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ပွဲထွက်ကစားချိန် နည်းပါးတာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း မှာလည်း နေရာ ပျောက်ဆုံးခဲ့ရပြီး သူကိုယ်တိုင်လည်း တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း ပိုမိုကျဆင်းလာနေပါတယ်။ လက်ရှိမှာ ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နယူးကာဆယ်နဲ့ အဲဗာတန် တို့က ခေါ်ယူချင်နေသလို စီးရီးအေ ကလပ် နာပိုလီ ကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။ သေချာတာ ကတော့ ဂရီးလစ်ရှ် အနေနဲ့ မကြာခင်မှာ အက်တီဟတ်ကို စွန့်ခွာသွားဖို့ ရှိနေပြီးတော့ သူ့ရဲ့ ကစားသမား ဘဝ ပြန်လည် ဦးမော့လာရေး အတွက် တခြားသော ကလပ် တစ်ခုမှ တိုက်ပွဲဝင်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲဝင်ရင်း ဂရီးလစ်ရှ် တစ်ယောက် နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ နေရာ တစ်နေရာ ပြန်လည် ရရှိသွားနိုင်မလား ဆိုတာ ကတော့…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်