နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်း အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့ ၅ ခု | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ရဲ့ ဒီရာသီ အတွက် ဦးစားပေး ကိစ္စ တစ်ခု ကတော့ အသင်းရဲ့ တိုက်စစ်ကို ပြန်လည် တည်ဆောက်ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က တိုက်စစ် ကစားသမား ၃ ဦး အတွက် ပေါင် သန်း ၂၀၀ ဝန်းကျင် သုံးစွဲထားပြီး ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ယူနိုက်တက်က အသင်းမှာ အဆင်မပြေတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး အဲဒီအထဲ မှာတော့ ဒိန်းမတ်သား ရက်စ်မက်စ် ဟွိုက်ဂျ်လန်းက ထိပ်ဆုံးက ပါဝင်နေပါတယ်။ 

ဟွိုက်ဂျ်လန်းဟာ အသင်းကို ဘရိုင်ယန် အမ်ဘူမို၊ မားသီးယက်စ် ကူညာနဲ့ ဘင်ဂျာမင် ဆက်စ်ကိုတို့ ရောက်ရှိလာပြီးနောက် အိုးထရက်ဖို့ဒ်မှာ အနာဂတ် လုံးဝ မသေချာတော့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဟွိုက်ဂျ်လန်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ရူဘင် အမော်ရင်ရဲ့ အသင်း လူစာရင်းမှာ လုံးဝ ပါဝင်လာခြင်း မရှိပဲ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ 

အစောပိုင်းက ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက်မှာ ဆက်နေပြီး သူရဲ့ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် လက်ရှိ မှာတော့ အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခံရပြီးနောက် အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာခြင်းကသာ သူ့ရဲ့ ကစားသမား ဘဝ အတွက် အကောင်းဆုံး ထွက်ပေါက် တစ်ခု ဖြစ်ကြောင်း ယုံကြည်နေပြီလည်း ဖြစ်ပါတယ်။ ဒီတော့ ဟွိုက်ဂျ်လန်း အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး ဖြစ်နိုင်ခြေ ရှိတဲ့ အသင်း ကတော့ ၅ သင်း ရှိနေပါတယ်။

 

၁။ အေစီမီလန်

သတင်းတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နဲ့ စီးရီးအေ ကလပ် အေစီမီလန် တို့ဟာ ဟွိုက်ဂျ်လန်းရဲ့ အမြဲတမ်း အပြောင်းအရွှေ့ အတွက် ရွေးချယ်ခွင့် ပါ၀င်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းက လက်ရှိအချိန်ထိ ပြောင်းရွှေ့ဖို့ စဉ်းစားနေဆဲ ဖြစ်ပြီး အေစီမီလန်ရဲ့ တာဝန်ရှိသူတွေ အနေနဲ့လည်း ကစားသမားကို စွဲဆောင်ဖို့ တော်တော်လေး ကြိုးပမ်းနေရကြောင်း သိရပါတယ်။ မက်စ် အယ်လီဂရီရဲ့ အသင်းဟာ ဒီနွေရာသီမှာ ခေါ်ယူထားတဲ့ လူကာ မိုဒရစ်နဲ့ ချိတ်ဆက် ကစားဖို့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အသက် ၂၂ နှစ် အရွယ် ဒိန်းမတ် တိုက်စစ်မှူး ကတော့ နံပါတ် ၁ ပစ်မှတ် အဖြစ် ရှိနေတာပါ။ ရိုဆွန်နရီရဲ့ အားကစားဒါရိုက်တာ အစ်ဂ်လီ တာရေး ကိုယ်တိုင်က ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပြီး ဒိန်းမတ်သားဟာ ‘ကောင်းသောရွေးချယ်မှု’ အဖြစ် သတ်မှတ်ခံထားရတယ်။

 

၂။ ဘေယာ လေဗာကူဆင်

လက်ရှိ လေဗာကူဆင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ မန်ချက်စတာယူနိုက်တက်ကို ကိုယ်တွယ်စဉ်က ခေါ်ယူခဲ့တဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို အခုလည်း ဂျာမန်မြေကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ တန်ဟက်ဂ်က ယူနိုက်တက်တို့ ဟွိုက်ဂျ်လန်းကို ဈေးကြီးပေး ခေါ်ယူဖို့ တွန်းအားပေးခဲ့သူ ဖြစ်ပြီး ဒီကစားသမားက သူ့ရဲ့ စိတ်ကြိုက်လည်း ဖြစ်ပါတယ်။ လက်ရှိ လေဗာကူဆင်ရဲ့ တိုက်စစ်ပိုင်းမှာ နေသန် တယ်လာ၊ ပက်ထရစ် ရှစ်ခ်၊ ဘိုနီဖေ့စ်၊ ကိုဖိန်း၊ ပိုကူ၊ ဆာကို တို့လို တိုက်စစ် ကစားသမားတွေ ရှိနေပေမယ့် ဟွိုက်ဂျ်လန်းကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

 

၃။ လိုက်ပ်ဇစ်

ဟွိုက်ဂျ်လန်းနဲ့ သတင်းသဲ့သဲ့ ထွက်နေတဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခုက ဖူလ်ဟမ် ဖြစ်ပါတယ်။
တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ တန်ဟက်ဂ်

လိုက်ပ်ဇစ် ကတော့ ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို လက်လွှတ်လိုက်ရပြီးနောက်မှာတော့ တိုက်စစ်ပိုင်းကို အင်အား ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ လိုက်ပ်ဇစ်မှာ ဘာကာယိုကို၊ အိုပန်ဒါ၊ တီမို ဗာနာ၊ ဒိုင်အိုမန်ဒီ တို့လို တိုက်စစ် ကစားသမားတွေ ရှိနေပေမယ့် အန်ဒရီ ဆေးလ်ဗားက မနေ့ကပဲ အဲလ်ချီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ကလပ် ဇာဗီ ဆိုင်မွန်စ်ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် Creative ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ပြန်လည် ခေါ်ယူရဖို့လည်း ရှိနေပါသေးတယ်။ ဒီအခြေအနေကြောင့်တော့ လိုက်ပ်ဇစ် အနေနဲ့ ရှိတဲ့ တိုက်စစ်မှူးတွေနဲ့ပဲ ဆက်သွားပြီး ဇာဗီ ဆိုင်မွန်စ် နေရာ အတွက် အစားထိုးဖွယ်သာ ရှိနေပါတယ်။

 

၄။ နယူးကာဆယ်

နယူးကာဆယ် ကတော့ ဟွိုက်ဂျ်လန်းနဲ့ သတင်းတွေ ထွက်လာပေမယ့် တော်တော်လေးတော့ ဖြစ်နိုင်ခြေ နည်းတဲ့ အပြောင်းအရွှေ့ပါ။ ဟွိုက်ဂျ်လန်း အနေနဲ့ သူ Flop ခဲ့တဲ့ ပရီးမီးယားလိဂ် ကနေ ထွက်ခွာချင်နေသလို နယူးကာဆယ် ကလည်း ဒီလိဂ်မှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားကို ခေါ်ယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အိဆက်ခ်ရဲ့ အနာဂတ် မသေချာခြင်းနဲ့ အတူ ငှက်ကြားတွေက အထောင်တိုက်စစ်မှူးစစ်စစ် လိုအပ်နေပေမယ့် ဟွိုက်ဂျ်လန်းထက် စာရင် တခြားသော တိုက်စစ်မှူးတွေ ကိုသာ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

 

၅။ ဖူလ်ဟမ်

ဟွိုက်ဂျ်လန်းနဲ့ သတင်းသဲ့သဲ့ ထွက်နေတဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခုက ဖူလ်ဟမ် ဖြစ်ပါတယ်။ တကယ်တော့ ဖူလ်ဟမ်မှာ အထောင်တိုက်စစ်နေရာ ကစားနိုင်တဲ့ ကစားသမား ဆိုလို့ ရာအူးလ် ဟင်မီနက်ဇ်နဲ့ ရိုဒရီဂို မူနစ်ဇ် တို့ နှစ်ဦးပဲ ရှိပါတယ်။ ဒီနှစ်ဦးမှာ ဟင်မီနက်ဇ်က အသက်အရွယ် ရနေပြီ ဖြစ်သလို မူနစ်ဇ် ကတော့ အသင်းပြောင်းရွေ့ဖွယ် ရှိကြောင်း မကြာခဏ သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။ စဉ်းစားစရာ ရှိတာက ဖူလ်ဟမ်လို အလယ်အလတ် အသင်း တစ်သင်းက ဟွိုက်ဂျ်လန်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပါ့မလား ဆိုတာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်