ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘရူနို ဖာနန်ဒက်စ် အနေနဲ့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ် အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားနေမှုနဲ့ ပတ်သတ်လို့ စိုးရိမ်ပူပန်ခြင်း မရှိကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း ဒီနွေရာသီမှာ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း အနေနဲ့ ယူနိုက်တက် ကနေ ထွက်ခွာနိုင်ချေ များနေကြောင်း သိရပါတယ်။ သူ့ကိုတော့ ဂျူဗင်တပ်စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယူနိုက်တက် ဘက်က ယူရို သန်း ၆၀ (ပေါင် ၅၂.၁ သန်း) လိုချင်နေတာကြောင့် တွန့်ဆုတ်လျက် ရှိနေပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က ဟွိုက်ဂျ်လန်းကို အပြီးသတ် ခေါ်ယူဖို့ထက် ကုန်ကျစရိတ် သက်သာမယ့် အငှားနဲ့ ခေါ်ယူဖို့ကို ပိုပြီး စဉ်းစားနေကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကတော့ အက်သလက်တစ် ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဦးဆောင်လျက် ရှိကြောင်း သိရပါတယ်။ ကလပ် နှစ်သင်းစလုံး ကတော့ ၎င်း၏ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၆၀ (ပေါင် ၅၂.၁ သန်း) ကို ပေးချေဖို့ ပြင်ဆင်နေပြိးတော့ ဘာစီလိုနာက ကမ်းလှမ်းထားတဲ့ လစာထက် ပိုပေးဖို့ ရှိနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ တိုက်စစ်မှူး ရာဖင်ညာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေမှုတွေ ရပ်တန့်သွားကြောင်း သိရပါတယ်။ အဓိက ကတော့ ဘရာဇီးလ်သားရဲ့ လုပ်ခ လစာ တိုးမြှင့် တောင်းဆိုမှုကြောင့်လို့ သိရပါတယ်။ ဒါကြောင့် အားကစားဒါရိုက်တာ ဒေကိုက သူ့ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် သို့မဟုတ် ချဲလ်ဆီး အသင်ထံ ယူရို သန်း ၈၀ (ပေါင် ၆၉.၅ သန်း) နဲ့ ရောင်းချဖို့ စဉ်းစားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
မန်ချက်စတာစီးတီး ကတော့ အေစီမီလန် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်နဲ့ ကွင်းလယ်လူ တီဂျန်နီ ရိုင်အင်ဒါ တို့ နှစ်ဦးပေါင်း ယူရို သန်း ၁၀၀ (ပေါင် ၈၆.၉ သန်း) နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် သီယာ ဟာနန်ဒက်ဇ်နဲ့ ရာဖေးလ် လီယောင် တို့ နှစ်ဦး ကိုလည်း ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဖတ်က ယူရိုသန်း ၂၀၀ (ပေါင် ၁၇၃.၇ သန်း) နဲ့ ကမ်းလှမ်းဖို့ အသင့် ဖြစ်နေကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ မကြာခင်မှာ အေစီမီလန် ဘက်ကို ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ အေစီမီလန် ကနေ ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ထွက်ခွာသွားနိုင်တဲ့ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ မန်စီးတီးနဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.