အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရူဘင် အမော်ရင်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ရင် ဆက်စ် ဖာဘရီဂတ်စ်ကို ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ တစ်ချိန်က အာဆင်နယ် ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ ဖာဘရီဂတ်စ် ကတော့ စီးရီးအေ ကလပ် ကိုမိုကို အကောင်းဆုံး ကိုင်တွယ်နေသူ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ တခြားသော နည်းပြ ပစ်မှတ်တွေ အဖြစ် ပဲလေ့စ်က အိုလီဗာ ဂလက်စ်နာ၊ ဘုန်းမောက်က အိုင်ရာအိုလာနဲ့ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြဟောင်း ဆောက်ဂိတ်သ်တို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ရဲ့ ပစ်မှတ် အီဘရာဟီမာ ကိုနာတေးကို ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းချက်နဲ့ ကြိုးပမ်းဖို့ ရှိနေပေမယ့် လစ်ဗာပူးလ် ဘက်ကတော့ သူတို့ရဲ့ နောက်ခံလူကို ကာလရှည်ကြာ ဆက်ရှိနေဦးမယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ ပြင်သစ်သား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရဖို့ ရှိသလို လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ လစ်ဗာပူးလ်၊ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာ တို့ထက် ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ခေါ်ယူနိုင်ဖို့ အလားအလာ ပိုကောင်းနေကြောင်း CaughtOffside က ဖော်ပြပါတယ်။
ဝီလီယမ် ဆလီဘာ အနေနဲ့ အာဆင်နယ်နဲ့ ကာလရှည်ကြာ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ပြင်သစ်သားကို ကမ္ဘာ့ လုပ်ခ လစာ အများဆုံး နောက်ခံလူ တစ်ဦး ဖြစ်စေမယ့် ကမ်းလှမ်းမှုနဲ့ အနာဂတ်မှာ ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။
အာဆင်နယ်ရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဘူကာယို ဆာကာဟာ အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၃၀၀၀၀၀ ရရှိတဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ဆာကာ ကတော့ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် မြောက်လန်ဒန် ကလပ် ဘက်က သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေပြီး လစာနှုန်းထားကိုလည်း တစ်ပတ် လုပ်ခ ပေါင် ၃၀၀၀၀၀ အထိ တိုးမြှင့်ပေးသွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်လာပါတယ်။ ဆာကာ ကတော့ လက်ရှိအချိန်မှာ တစ်ပတ် လုပ်ခ ပေါင် ၁၉၅၀၀၀ သာ ရရှိနေသူ ဖြစ်ပြီး လက်ရှိ အာဆင်နယ်ရဲ့ လစာအများဆုံး ကစားသမားက တစ်ပတ်ပေါင် ၂၈၀၀၀၀ ရရှိနေတဲ့ ကိုင် ဟာဗက်ဇ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ စာချုပ် သက်တမ်း တိုးခဲ့တဲ့ နောက်ခံလူ ဆာလီဘာ ကတော့ တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ရရှိခဲ့ပြီ ဖြစ်တာကြောင့် တတိယ လစာအများဆုံး ကစားသမား ဖြစ်လာကြောင်းလည်း သိရပါတယ်။
အာဆင်နယ် ကတော့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်ကို ရောင်းချဖို့ အတွက် ပေါင် သန်း ၃၀ ဝန်းကျင် တောင်းဆိုထားပါတယ်။ အေစီမီလန် အတွက် ဒီပမာဏက မြင့်မားပေမယ့်လည်း အဲဗာတန် ကလည်း မကြာခင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.