နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗန်ဒိုက်ခ်နဲ့ ဆာလာ တို့ကို စာချုပ် သက်တမ်းတိုးနိုင်ခြင်းက ကလပ်ရဲ့ ရှေ့ဆက်နေတဲ့ အံ့ဖွယ်ရည်မှန်းချက်တွေကို ထင်ဟပ်စေတယ်လို့ ဆိုလိုက်တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က မိုဟာမက် ဆာလာနဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့ကို စာချုပ် သက်တမ်းတိုးနိုင်ခြင်းဟာ အသင်းရဲ့ အနာဂတ် ရည်မှန်းချက်တွေ အပေါ် ယုံကြည်မှု ရှိခြင်းကြောင့် ဖြစ်တယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဆာလာနဲ့ ဗန်ဒိုက်ခ် တို့ကို သက်တမ်းတိုးနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလာ၊ ဗန်ဒိုက်ခ် တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ပြီးနောက် အာနေး ဆလော့တ်က “အဲဒီစာချုပ်တွေက ကျွန်တော် တို့ဟာ ကိုယ့်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ဆက်ပြီး ထိန်းထားချင်တယ်၊ အဲဒီကစားသမားတွေက နှစ်ပေါင်း များစွာ စဉ်ဆက်မပြတ် ကောင်းမွန်တဲ့ ရာသီတွေ အဖြစ် ကစားခဲ့သူတွေ ဆိုတာကို ဖော်ပြနေပါတယ်။ သူတို့တွေက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေ ဖြစ်သွားချိန်မှာ ကျွန်တော် တို့ရဲ့ လာမယ့်နှစ်တွေ အတွက် အံ့အားသင့်စရာ ကောင်းတဲ့ ရည်မှန်းချက်တွေက သူတို့ကို ဆက်ပြီး ထိန်းထားနိုင်ခဲ့ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ဒီကစားသမား ၃ ဦးအနက် ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်ထဲမှာ ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် ဘက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
လာမယ့် ရာသီ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အာနိုးလ်

ဆက်လက်ပြီး “ဗာဂျယ် (ဗန်ဒိုက်ခ်) က ကျွန်တော်တို့ အတွက် အရေးပါတဲ့သူပါ။ သူက ကစားသမားကောင်း တစ်ယောက်၊ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့သူပါ။ သူကစားနေတာကို မြင်ရတဲ့အခါမျိုးမှာ သူက ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာ သိတဲ့ အတွက် အဲဒါကို ပြောပြဖို တော်တော်လေးတော့ ခက်ခဲပါတယ်။ နောက်ခံလူ တစ်ဦး အနေနဲ့ သူ ဘယ်လောက်အထိ ကောင်းသလဲ ဆိုတာကို လူတွေက နှစ်တွေ အများကြီး သူ့ကို ချီးကျူးထောပနာ ပြုခဲ့ကြပြီးပါပြီ။” လို့ ဆလော့တ်က ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ အဓိက ကစားသမား ၃ ဦး ဖြစ်တဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ်၊ ဒုတိယ အသင်းခေါင်းဆောင် ညာနောက်ခံလူ အလက်ဇန္ဒား အာနိုးလ်နဲ့ တိုက်စစ် ကစားသမား ဆာလာ တို့ဟာ အခုရာသီအကုန်မှာ စာချုပ် ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒီကစားသမား ၃ ဦးအနက် ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်ထဲမှာ ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် ဘက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ဒီကစားသမားတွေနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကို ထုတ်ပြန် ကြေညာခြင်း မရှိပေမယ့်လည်း ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၂ နှစ် စာချုပ် ဖြစ်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြထားပါတယ်။

ဗန်ဒိုက်ခ် ကတော့ လာမယ့် ဇူလိုင်လ အတွင်းမှာ အသက် ၃၄ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ သူက ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ဆောက်သမ်တန် ကနေ လစ်ဗာပူးလ်ကို အဲဒီ အချိန်တုန်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၃၁၅ ပွဲ ကစားကာ ၂၇ ဂိုး သွင်းယူပေးထားပါတယ်။ ဆာလာ ကတော့ လာမယ့် ဇွန်လမှာ ၃၃ နှစ်ပြည့်မှာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် နွေရာသီမှာ ရိုးမား ကနေ ပရီးမီးယားလိဂ် ကလပ်ကို အဲ့ဒီအချိန်က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ ထရန့် အလက်ဇန္ဒား အာနိုးလ် ကတော့ လာမယ့် ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ နီးစပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်