နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလန်ရုတ်ဒ်မှာ အဖြူရောင် တပ်သားတွေ ကိုပဲ မျှော်လင့်ထားချင်တယ် | လိဒ်စ်ယူနိုက်တက် – နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – နယူးကာဆယ်

ပရီးမီးယားလိဂ် နှစ်ပွဲဆက် အနိုင်နဲ့ အတူ တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ အတန်သင့် ရုန်းထွက်ထားနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ နယူးကာဆယ်ကို အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ရာသီ အစမှာ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာတွေ ရှိခဲ့လို့ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်တို့ လက်တလော ပရီးမီးယားလိဂ် မှာတော့ ရလဒ်တွေ ပြန်ကောင်းလာတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲ အထိ ရှိထားခဲ့ပေမယ့် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရရှိမှုကြောင့် အမှတ်ပေးဇယား အဆင့် ၁၅ နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန် အဆင့် ၁၈ နေရာက နော့ဝှစ်ချ်စီးတီး ထက် တစ်ပွဲလျော့ ကစားပြီး ၉ မှတ်အထိ ကွာဟတဲ့ အနေအထားကို ရောက်ရှိနေလို့ ဖိအားတွေလည်း အထိုက်အလျောက် လျှော့ချထားနိုင်ပြီလို့ ပြောလို့ ရပါတယ်။ အဓိက ကတော့ တောင်ပံ ကစားသမား ဂျက်ဟာရစ်ဆင် ထူးထူးခြားခြား ခြေစွမ်းပြနေပြီး ရာဖင်ညာ၊ ဒါးလက်စ်၊ ကလစ်ခ်၊ ကော့ချ်နဲ့ ဒန်ဂျိမ်းစ် တို့လည်း အတွဲအဖက် မိနေတာကြောင့် မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းက ရလဒ်တွေ ပြန်ကောင်းနေတာ ဖြစ်ပါတယ်။ ကွင်းလယ် ဗိုလ်ချုပ် ကယ်ဗင် ဖီးလစ်၊ ဗဟိုခံစစ်မှူး လီယမ် ကူပါး တို့ ဒဏ်ရာရနေချိန်မှာ အသင်းမှာ ရှိတဲ့ ကစားသမားနဲ့ ဖြစ်သလို အကောင်းဆုံး ထိန်းကျောင်း ထားနိုင်တာ ကိုပဲ ချီးကျူးရမလို ဖြစ်နေပြီး အခုပွဲမှာလည်း ရမှတ် ဆာလောင်နေတဲ့ နယူးကာဆယ်ကို ဘယ်လို ပုံစံနဲ့ ထိန်းချုပ်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ အခုပွဲကို ကယ်ဗင် ဖီးလစ်၊ လီယမ်ကူပါး၊ ဂျူနီယာ ဖီယာပို၊ ရှက်ကယ်လီတန်၊ ဖော်ရှော အပြင် ဘမ်းဖို့ဒ်လည်း ဒဏ်ရာကြောင့် လွဲချော်ဦးမယ်လို့ သိရပါတယ်။

လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ပြီးဆုံးချိန် အထိ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး ၉ ပွဲသရေ၊ ၁၀ ပွဲရှုံးထားတဲ့ နယူးကာဆယ်တို့ ရမှတ် ၁၂ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်

ပိုင်ရှင် အသစ်နဲ့ နယူးကားဆယ် ကတော့ ဆောင်းရာသီ အပြောင်းအရွှေ့က စလို့ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ပြီး ရာသီအကုန်မှာ တန်းမဆင်းရဖို့ ကြိုးစားမယ့် အသင်း ဖြစ်ပါတယ်။ ငှက်ကြားတို့ ထရစ်ပီယာ၊ ခရစ္စဝုဒ် တို့ကို ခေါ်ယူ အားဖြည့်ထားလို့ အသင်းလိုက် ကစားပုံမှာ သိသိသာသာ တိုးတက်လာခဲ့ပေမယ့် ရလဒ်ပိုင်း ကတော့ မျှော်လင့်ထားသလောက် တက်မလာသေးဘူး လို့ပဲ ဆိုရပါမယ်။ ဒီဇင်ဘာလဆန်းမှာ ဘန်လေကို ၁-၀ နဲ့ အနိုင်ရပြီး ချိန်ကစလို့ တောက်လျောက် ရှုံးပွဲတွေ ဆက်နေတဲ့ အက်ဒီဟောင်ဝီရဲ့ အသင်းက ကစားသမားသစ်တွေနဲ့လည်း နိုင်ပွဲ မရသေးပါဘူး။ အက်ဖ်အေဖလားမှာ အောက်တန်း အသင်း ဖြစ်တဲ့ ကိမ်းဘရစ်ချ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမှာလည်း သရေ ၁ မှတ်သာ ရယူထားနိုင်ပါသေးတယ်။ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ပြီးဆုံးချိန် အထိ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး ၉ ပွဲသရေ၊ ၁၀ ပွဲရှုံးထားတဲ့ နယူးကာဆယ်တို့ ရမှတ် ၁၂ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အကယ်၍သာ ဒီပွဲမှာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် ဟောင်ဝီရဲ့ အသင်းက အဆင့် တက်သွားနိုင်ချေ ရှိနေလို့ ကျိန်းသေပေါက်တော့ အားစိုက်ကစားလာဦးမှာ သေချာပါတယ်။ လက်တလော အသင်းမှာ ဟေဒန်၊ ဖာနန်ဒက်စ်၊ ကော်လမ် ဝီလ်ဆင်၊ ကလာ့ခ်တို့ ဒဏ်ရာရနေပေမယ့် ဝုဒ်၊ စိန့်မက်ဆီမင်၊ လောင်းစတက်ဖ်၊ ဂျိူးလင်တန်၊ ထရစ်ပီယာ၊ ရှား၊ လက်ဆဲလက်စ်၊ ဒူဗရက်ဗ်ကာတို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာနိုင်တဲ့ အခြေအနေမှာတော့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ လိဒ်စ်ယူနိုက်တက်က ၃ ကြိမ်နိုင်ပြီး နယူးကာဆယ် ကတော့ ၂ ကြိမ် ပြန်ပြီး အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ် မှာတော့ လိဒ်စ်ယူနိုက်တက်က ၂ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ ဒီရာသီ ပထမအကျော့ စိန့်ဂျိမ်းစ်ပါ့ခ် ပွဲစဉ် မှာတော့ တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လိဒ်ယူနိုက်တက် vs နယူးကာဆယ်ယူနိုက်တက်1X2 လိဒ်ယူနိုက်တက် @ 2.01
ဇန်နဝါရီလ ၂၂ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ ဆိုရင် အိမ်ရှင် အတွက် ၁.၉၇ ဆ၊ သရေ အတွက် ၃.၅၀ ဆနဲ့ ဧည့်သည် အတွက် ကိုတော့ ၃.၆၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာ ဘီရဲယ်ဆာရဲ့ အသင်းက ငှက်ကြားတွေကို လုံးဝ မရှုံးအောင် ကစားထားနိုင်ပါတယ်။ လက်ရှိ ခြေစွမ်း အရလည်း ပိုပြီး တည်ငြိမ်နေတာက လိဒ်စ်ယူနိုက်တက်ပဲ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ကစားသမားကောင်းတွေ စတင် စုဆောင်းနေပေမယ့် အသင်းလိုက် စုဖွဲ့မှု၊ နားလည်မှု အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိသေးလို့ ရလဒ်ကောင်းဖို့ သည်းခံ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ အဲ့တော့ ဒီပွဲ အတွက် အိမ်ရှင် ဘက်ကနေပဲ ပြတ်ပြတ်သားသား ရပ်တည်ချင်ပါတယ်။ လိဒ်စ်တို့ ဂိုးပြတ် နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေတော့ ရှိနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်