နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အံ့အားသင့်စရာ ပြန်လာနိုင်မှုနဲ့ တန်းမဆင်းရဖို့ သေချာသွားတဲ့ အဲဗာတန် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အဲဗာတန် ၃-၂ ခရစ္စတယ်ပဲလေ့စ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် (၃၃)ရဲ့ ပွဲကျန် မှာတော့ အဲဗာတန်တို့ ခရစ္စတယ်ပဲလေ့စ်ကို Amazing Comebackနဲ့ အနိုင်ယူပြီး တန်းမဆင်းရဖို့ သေချာသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့ အဲဗာတန်တို့ ၆၈ နှစ်ကြာ ပရီးမီးယားလိဂ် ကစားခွင့်ရခဲ့တဲ့ စံချိန်ကောင်း တစ်ခုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အဲဗာတန်တို့ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ပဲလေ့စ် ကတော့ ၄-၃-၃နဲ့ပဲ ဂွတ်ဒီဆင်ပါ့ခ်မှာ လာရောက် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်ရဲ့ လူစာရင်းမှာ ပစ်ခ်ဖို့ဒ်၊ ကိန်း၊ ဟိုးလ်ဂိတ်၊ ကိုးလ်မန်း၊ ဂိုးမက်စ်၊ ဒူကိုရေး၊ မိုင်ကိုလန်ကို၊ အီဝိုဘီ၊ ရစ်ချာလီဆင်၊ ဒေါမနစ် ကလဲဗက်လီဝင်း၊ ဂေါ်ဒွန် တို့ ပါဝင်ခဲ့သလို ပဲလေ့စ် ကတော့ မက်တေးတား၊ ဇာဟာ၊ အာယူး၊ အီးဇီး၊ ရှလက်ပ်၊ ဂေးဟ်၊ ကလိုင်း တို့ပါဝင်တဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အဆင့် ၁၃ နေရာကို ဆင်းသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ဆင်းခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်

ပွဲအစကတည်းက ဧည့်သည် ခရစ္စတယ်ပဲလေ့စ်တို့ အဲဗာတန် ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာ အီးဇီးရဲ့ ဖန်တီးပေးမှုကနေ မက်တေးတားက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် အဲဗာတန်တို့ တန်းမဆင်းရရေး ရုန်းအား တစ်ခုနဲ့ အားစိုက်လာခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ် တို့ပဲ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ဂျော်ဒန် အာယူးက ခေါင်းတိုက်ဂိုးနဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပြီး ပထမပိုင်း အပြီး မှာတော့ ၂ ဂိုးပြတ် ရလဒ်နဲ့ ပဲလေ့စ်တို့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ အဲဗာတန်တို့ ကစားအား တင်လာခဲ့ပြီး ပွဲချိန် ၅၄ မိနစ် မှာတော့ ချေပဂိုး စတင်ရရှိခဲ့ပါတယ်။ ဟိုးလ်ဂိတ်ရဲ့ ဖန်တီးပေးလိုက်တာကို နောက်ထပ် ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ မိုက်ကယ် ကိန်းက လှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အဲဗာတန်တို့ တိုက်စစ်ကို ပိုမို ထိထိရောက်ရောက် ကစားလာနိုင်ခဲ့ပြီး အီဝိုဘီ၊ ရစ်ချာလီဆင်၊ ကလဲဗက်လီဝင်းတို့ ဧရိယာ အတွင်း ကနေရော၊ အပြင် ကနေပါ ပဲလေ့စ် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၇၅ မိနစ် မှာတော့ ရစ်ချာလီဆင်ရဲ့ အမှတ်မထင် ကန်ချက်ကြောင့် အဲဗာတန်တို့ ဒုတိယမြောက် ချေပဂိုး ရခဲ့ပြီး စိတ်ဓာတ်ပိုင်းလည်း တော်တော်လေး တက်သွားခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ အဲဗာတန်တို့ပဲ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ၈၅ မိနစ် မှာတော့ ဒမ်မာရီ ဂရေးရဲ့ အလွတ်တည်ကန်ဘော ကတစ်ဆင့် ကလဲဗက်လီဝင်းက ခေါင်းတိုက် သွင်းယူခဲ့လို့ အဲဗာတန်တို့ အနိုင်သေချာစေမယ့် ဂိုးရရှိသွားခဲ့ပါတယ်။ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကလဲဗက်လီဝင်း ကတော့ တစ်ရာသီလုံးမှာမှ ၁၆ ပွဲသာ ကစားခဲ့ရပေမယ့် တော်ဖီတွေ ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်စေရေး အတွက် အရေးပါတဲ့ သွင်းဂိုးကို အချိန်ကိုက် သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ နည်းပြ ဖရန့်ခ် လမ်းပတ် အပါအဝင် အဲဗာတန် အသင်းသားတွေနဲ့ အတူ အသင်း ပရိသတ်တွေလည်း ကွင်းထဲအထိ ဝင်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 လီဗာပူးလ် @ 2.19
ဂိုးပေါ် 2.75 @ 1.99
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ပွဲပြီးသုံးသပ်ချက်

ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် နည်းပြ အပြောင်းအလဲ၊ နည်းစနစ်ပိုင်း အပြောင်းအလဲတွေ အောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အဲဗာတန်တို့ တန်းဆင်းရဖို့ ရာခိုင်နှုန်း အများဆုံး အသင်း ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နည်းပြ ဖရန့်ခ်လမ်းပတ်နဲ့ အဲဗာတန် အသင်းသားတွေ စိတ်ဓာတ်ပိုင်း ကစပြီး အလျင်အမြန် ပြင်ဆင်နိုင်ခဲ့တဲ့ အတွက် ၆၈ နှစ်ကြာ ပရီးမီးယားလိဂ် ကစားခွင့်ရတဲ့ စံချိန် တစ်ခုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုပြီး ချီးကျူးစရာ ကောင်းတာက ပဲလေ့စ်လို အသင်းကို ၂ ဂိုးပြတ် ရှုံးနေပြီးမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ရှေ့ပွဲတွေမှာ ချဲလ်ဆီး၊ ယူနိုက်တက်၊ လက်စတာစီးတီး တို့လို အသင်းကြီးတွေဆီက အမှတ်ပြည့် ယူနိုင်ခဲ့တာ ကလည်း အဲဗာတန် အတွက် အထောက်အကူ ပြုခဲ့တယ်လို့ ဆိုရပါမယ်။

ဒီပွဲရလဒ်ကြောင့် အဲဗာတန်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မတိုင်ခင် တန်းဆင်းဇုန်ကို ၄ မှတ် ဖြတ်နိုင်ခဲ့ပြီး ရမှတ် ၃၉ မှတ်နဲ့ အတူ အဆင့် ၁၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အဆင့် ၁၃ နေရာကို ဆင်းသွားခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကို တပြိုင်နက် ကစားရဖို့ ရှိပြီး အဲဗာတန် ကတော့ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ပဲလေ့စ် ကတော့ ယူနိုက်တက်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်