လက်စတာစီးတီး ၁-၂ အဲဗာတန်
ကွင်းပါဝါမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ အဲဗာတန် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့တဲ့ အဲဗာတန်က ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လက်စတာစီးတီး အတွက် အမှတ် မလိုပေမယ့် အဲဗာတန် ကတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ရေး အတွက် အမှားခံလို့ မရတာကြောင့် အားစိုက်သွားခဲ့ပြီး အဖိုးတန် အနိုင် ၃ မှတ်ကိုလည်း အရယူသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ လက်စတာစီးတီးတို့ ၃-၁-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လူစာရင်း မှာတော့ ရှမိုက်ကယ်၊ ဖိုဖာနာ၊ အီဗန်စ်၊ အမာတေး၊ တေးလီမန့်စ်၊ မန်ဒီ၊ ကတ်စတန်ညီ၊ ဒရူးစ်ဘရီဟောလ်၊ ပီရက်ဇ်၊ အီဟန်နာချိုနဲ့ ဒါကာတို့ ပါဝင်လာခဲ့ပါတယ်။ အဲဗာတန် ကတော့ ခံစစ် အသားပေး ၅-၄-၁ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဂိုးမှာ ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ဟိုးလ်ဂိတ်၊ မီနာ၊ ကိုးလ်မန်း၊ အီဝိုဘီ၊ မိုင်ကိုလန်ကို၊ ဒူကိုရေး၊ ဒက်ဖ်၊ ဂေါ်ဒွန်၊ ဂရေး၊ ရစ်ချာလီဆင် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစကတည်းက အိမ်ရှင် ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ အဲဗာတန်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃ မိနစ်မှာ ဒါကာ ရဲ့ အပိုင် ကန်သွင်းမှုကို မီနာ လျှောထိုး ဖျက်ထုတ်သွားနိုင်ခဲ့လို့ လက်စတာစီးတီးတို့ စောစောစီးစီး ဦးဆောင်ဂိုး ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး မိနစ်ပိုင်း အကြာမှာတော့ အဲဗာတန်တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ တောင်ပံက အီဝိုဘီရဲ့ တိကျတဲ့ ဖြတ်တင်ပေးပို့မှုကို တိုက်စစ် လိုက်ပါလာတဲ့ မိုင်ကိုလန်ကို က ဧရိယာ ထိပ်ကနေ မြေမကျ လှလှပပ အဆုံးသတ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လက်စတာစီးတီးတို့ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဗာတန် ကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားပြုခဲ့ပါတယ်။ ဒိုကိုရေးရဲ့ ကန်ချက်ကို ရှမိုက်ကယ် အသည်းအသန် ကာကွယ်ခဲ့ရပြီး ပွဲချိန် ၁၁ မိနစ် မှာတော့ အိမ်ရှင် တို့ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ အဲဗာတန် နောက်တန်းရဲ့ အမှားကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဒါကာက အမှားအယွင်း မရှိ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အဲဗာတန် နောက်တန်းက မီနာ ဒဏ်ရာရသွားခဲ့လို့ မိုက်ကယ် ကိန်းနဲ့ လူစားလဲခဲ့ရပြီး မီနာ မရှိတဲ့နောက် လက်စတာတို့ အဲဗာတန် ဘက်ကို ပိုပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်ရဲ့ တောင်ပံတွေနဲ့ တန်ပြန် တိုက်စစ် ကစားပုံက ပိုမို ထိရောက်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ် မှာတော့ ဂရေးရဲ့ ထောင့်ကန်ဘော ကနေ နောက်ခံလူ ဟိုးလ်ဂိတ်က အမိအရ ခေါင်းတိုက် သွင်းယူသွားခဲ့လို့ အဲဗာတန်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဘရန်ဒန်ရော့ဒ်ဂျားစ် အနေနဲ့ ဘန်းစ်၊ ဗာဒီ၊ လွတ်ခ်မန်း တို့ တိုက်စစ် ကစားသမား ၃ ဦးအထိ ထည့်ပြီး ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ရဲ့ လက်စွမ်းပြမှုကြောင့် ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
လာမယ့် ရာသီ ပရီးမီးယားလိဂ် မှာ ဆက်လက် ကစားခွင့်ရရေး ဖောင်ဖျက် တိုက်နေတဲ့ အဲဗာတန်တို့ ဒီနေ့ပွဲမှာလည်း ခြေစွမ်းပိုင်း အရမ်းကောင်းခဲ့လို့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ နေရာစုံမှာ အမှားတွေ များနေဆဲ ဖြစ်သလို ပြိုင်ဘက်ရဲ့ ပွဲချိန်ပြည့် လွှမ်းမိုးမှုကိုလည်း ခံခဲ့ရပေမယ့် ရတဲ့ အခွင့်အရေးကို ရသလို အသုံးချနိုင်ခဲ့လို့သာ အဖိုးတန် ၃ မှတ် ပိုက်ပြီး အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖရန့်လမ်းပတ် အနေနဲ့လည်း အဲဗာတန်ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ တစ်ပွဲထက် တစ်ပွဲ ပိုပို နားလည်လာပုံရပြီး ကစားသမားတွေရဲ့ ကြိုးစားမှု ကလည်း အဲဗာတန်တို့ ရလဒ်တွေ ပြန်တက်လာခြင်းရဲ့ အဓိက အချက်တစ်ချက်ပါပဲ။ ဒီပွဲမှာ အထူးတလည် ထပ်ပြီး ချီးကျူးရမှာက ဂျော်ဒန် ပစ်ခ်ဖို့ဒ် ဖြစ်ပြီး သူ့ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အဲဗာတန်တို့ အဖိုးတန် ၃ မှတ်ကို အမိအရ ဖမ်းဆုပ်ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။




ဒီနိုင်ပွဲကြောင့် အဲဗာတန်တို့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး တန်းမဆင်းရရေး အဓိက ယှဉ်ပြိုင်နေရတဲ့ လိဒ်စ်နဲ့ ဘန်လေ တို့ ရှုံးပွဲ ကိုယ်စီ ကြုံခဲ့ချိန်မှာ ဖရန့်ခ်လမ်းပတ်တို့ အုပ်စု အခွင့်အရေး ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော အဲဗာတန်တို့ တန်းဆင်းဇုန်နဲ့ ၁ မှတ် ကွာဟနေပြီး ဘန်လေနဲ့ လိဒ်စ် တို့ ထက် ၁ ပွဲလျော့ ကစားထားပေမယ့် လက်ကျန် ၄ ပွဲမှာ ဝက်ဖို့ဒ်၊ ဘရန့်ဖို့ဒ်၊ ပဲလေ့စ်၊ အာဆင်နယ် တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်လို့ ပေါ့ဆလို့တော့ မရပါဘူး။ လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အဆင့် ၁၄ နေရာ အထိ ရောက်ရှိသွားပေမယ့် ပွဲကျန်တွေ ကစားဖို့ ကျန်ရှိနေသေးတာကြောင့် အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်မျာ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.