နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလား ကစားခွင့်ရချင်တာကြောင့် လစ်ဗာပူးလ်နဲ့ အနာဂတ်ကို ပြန်လည် သုံးသပ်မယ့် အဲလီယော့တ် | ပရီးမီးယားလိဂ်

ဟာဗေး အဲလီယော့တ် ကတော့ အင်္ဂလန်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်နိုင်ဖို့ ရည်မှန်းထားတာကြောင့် သူ့ရဲ့ လစ်ဗာပူးလ်နဲ့ အနာဂတ်ကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက အာနေး ဆလောတ့် လက်အောက်မှာ ပရီးမီးယားလိဂ်မှာ ၁၈ ပွဲ ကစားခဲ့ရပေမယ့် ၂ ပွဲသာ ပွဲထွက်ကစားသမား အဖြစ် စတင်ခဲ့ရပါတယ်။ ပြိုင်ပွဲစုံ မှာတော့ အဲလီယော့တ်က ၂၈ ပွဲ ကစားပြီး ၅ ဂိုး သွင်းကာ၊ ၃ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ဆလော့တ်ရဲ့ စိတ်ကြိုက် ကစားသမားတော့ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အဲလီယော့တ်က ချန်ပီယံလိဂ် မှာလည်း ပထမလူစာရင်းမှာ တစ်ကြိမ်သာ ပွဲထွက် ကစားခွင့်ရရှိခဲ့ပေမယ့် ၅ ပွဲမှာ ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

အဲဒီနောက် အဲလီယော့တ်က အင်္ဂလန်နဲ့ အတူ ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့ပြီး နောက်ဆုံး ၄ ပွဲ ဖြစ်တဲ့ နယ်သာလန်၊ ဂျာမနီ တို့နဲ့ ပွဲတွေမှာ အဖွင့်ဂိုးတွေ အပါအဝင် ၆ ပွဲမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားဟာ သောမတ် တူချယ်ရဲ့ စီနီယာ အသင်းကြီးနဲ့ အတူ လာမယ့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲပါဝင် ကစားခွင့်ရဖို့ အတွက် လစ်ဗာပူးလ်မှာ ပွဲထွက်ချိန် ပိုမို ရရှိဖို့ လိုအပ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ 

ဟာဗေး အဲလီယော့တ် ကတော့ The Anfield Wrapနဲ့ အင်တာဗျူးမှာ “ကျွန်တော့်မှာ နည်းလမ်း ရှိရင်၊ ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး လစ်ဗာပူးလ်မှာ ရှိနေမှာပါ။ ကျွန်တော်က ကလပ်နဲ့ ပတ်သက်တဲ့ အရာ အားလုံးကို နှစ်သက်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်ပြီး ကျွန်တော့် အတွက် ဘာအရာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာ မြင်တတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိတယ်။ ကမ္ဘာ့ဖလားကို သွားချင်တယ်၊ အဲဒါကို ပြန်သုံးသပ်ဖို့ လိုနေပါသေးတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂျရယ်မီ ဖရင်ပေါင်၊ ဖလော်ရီယန် ဝစ်ဇ်၊ မီလော့စ် ကာကက်ဇ်၊ ဟူဂို အစ်ကီတီကီ တို့ အတွက် ယူရို သန်း ၃၀၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လစ်ဗာပူးလ်မှာ ပွဲထွက်ကစားချိန် နည်းခဲ့တဲ့ ဟာဗေး အဲလီယော့တ်

လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အတွက် ဖလော်ရီယန် ဝစ်ဇ်နဲ့ ဟူဂို အစ်ကီတီကီ တို့ကို ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ အလက်ဇန္တား အိဆက်ခ်ကို ပိုမို ခေါ်ယူချင်ခဲ့ပေမယ့် အစ်ကီတီကီ ကိုသာ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ရီးမီးယားလိဂ်မှာ ၂၃ ဂိုး အထိ သွင်းယူပေးထားတဲ့ အိဆက်ခ်ဟာ လက်ရှိမှာတော့ နယူးကာဆယ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီးနောက် အဲလ်ဟီလာ ကလည်း ဖြစ်နိုင်ခြေရှိတဲ့ အပြောင်အရွှေ့ အတွက် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ 

လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ် ကလည်း လစ်ဗာပူးလ် အနေနဲ့ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်နေပြီးတော့ လိဂ်ဖလား အတွက် ကြိုးစားလုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောကြားထားခဲ့ပါတယ်။ ဗန်ဒိုက်ခ်က “ကျွန်တော်တို့ အသင်းက အခုထိ ကောင်းမွန်တဲ့ အားဖြည့်မှုတွေ လုပ်ထားပြီး ကျန်တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ အားလုံးက ကြိုးစား အားထုတ်မှုနဲ့ ကိုယ့်ကိုကိုယ် အာရုံစိုက်မှုပေါ်မှာပဲ မူတည်တယ်။ သူ့ကို (အစ်ကီတီကီ) ခေါ်ယူနိုင်ခဲ့တာ ကောင်းပါတယ်။ ကျွန်တော် သူ့ကို အခုက စပြီး အလုပ်ကြိုးစားရတော့မယ်လို့ ပြောထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂျရယ်မီ ဖရင်ပေါင်၊ ဖလော်ရီယန် ဝစ်ဇ်၊ မီလော့စ် ကာကက်ဇ်၊ ဟူဂို အစ်ကီတီကီတို့ အတွက် ယူရို သန်း ၃၀၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်